တော့တင်ဟမ်ကို အနိုင်ရတဲ့ပွဲမှာ လီဗာပူးလ် ဘာလဲဆိုတာကို ပြသခဲ့တယ် - ကလော့ပ်

တော့တင်ဟမ်ကို အနိုင်ရတဲ့ပွဲမှာ လီဗာပူးလ် ဘာလဲဆိုတာကို ပြသခဲ့တယ် - ကလော့ပ်
Photos: EPA

ကြာသပတေးနေ့က တော့တင်ဟမ်ကို ၃-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ လီဗာပူးလ်အသင်းဟာ 'ဘယ်သူတွေလဲဆိုတာ ပြသခဲ့တယ်'လို့ ယာဂန်ကလော့ပ်က ပြောပါတယ်။ 

လီဗာပူးလ်အသင်းဟာ ထိပ်ဆုံး လေးသင်းထဲသို့ ပြန်ဝင်လာခဲ့ပြီး လက်ကျန်ကစားဖို့ ကျန်ပြီး အမှတ်ပေးဇယား ဦးဆောင်နေတဲ့ မန်ချက်စတာစီးတီးနဲ့ လေးမှတ်သာ ကွာဟတော့ပါတယ်။ 

ဖာမီနို၊ အာနိုး၊ မာနေးတို့ဟာ ကလော့ပ်ရဲ့ အသင်းအတွက် ၂၀၂၁ ရဲ့ ပထမဆုံးလိဂ်သွင်းဂိုးတွေကို သွင်းယူပေးခဲ့ပါတယ်။ အသင်းရဲ့ ခံစစ်မှာ ဒဏ်ရာပြဿနာတွေ ပိုမိုစိုးရိမ်နေရသေးပေမယ့်လည်း ဘန်လေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ကို ရှုံးနိမ့်ခဲ့တဲ့ ရှုံးပွဲတွေကနေ ပြန်လည်ရုန်းထွက်နိုင်ခဲ့ပါတယ်။ 

"မှန်ကန်တဲ့ အချိန်တွေမှာ ကျနော်တို့ ဂိုးသွင်းနိုင်ခဲ့ပြီး အလွန်ကောင်းမွန်တဲ့ ဂိုးတွေလည်းဖြစ်ပါတယ်။"လို့ ကလော့ပ်က BT Sport ကို ပြောဆိုခဲ့ပါတယ်။ "မှန်ကန်တဲ့သူတွေက ဂိုးတွေသွင်းခဲ့တာပါ။ မာတစ် ဒဏ်ရာရခဲ့တာ တစ်ခုကလွဲလို့ အားလုံးကောင်းမွန်ခဲ့ပါတယ်။"

"ကျနော် ဒီနေ့မြင်တွေခဲ့ရတာတော့ ကျနော်တို့ရဲ့ ပုံစံမဟုတ်ပါဘူး။ ဒါက .... ကျနော်တို့က ဘယ်သူတွေလဲဆိုတာ မြင်ခဲ့ရတာပါ။ ဒါဟာ ကျနော်တို့ပါပဲ။ အထူးသဖြင့် ဒီနေ့ပွဲရဲ့ ဒုတိယပိုင်းမှာဆို ကျနော့်ပွဲဖြစ်ခဲ့တယ်။ ဒါဟာ ထိပ်ဆုံးထဲပြန်ရောက်ဖို့အတွက် ကြီးမားတဲ့ တိုက်ပွဲလည်းဖြစ်ခဲ့တယ်။ 

"လှပပြီး မြန်မြန်ဆန်ဆန်နဲ့ တန်ပြန်တိုက်စစ်ကို အမြဲတမ်းလုပ်နိုင်ခဲ့ပြီး ခံစစ်ပိုင်းကလည်း တကယ်ကောင်းမွန်ခဲ့ပါတယ်။ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တစ်ခုဖြစ်ခဲ့ပြီး ကျနော်မြင်တွေ့ချင်တဲ့အရာတွေ အများကြီးကိုလည်း မြင်တွေ့ခဲ့ရပါတယ်။" 

လီဗာပူးလ်အသင်းဟာ အခုတစ်ပတ်မှာတော့ ဝက်စ်ဟမ်းအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲအပြီးမှာတော့ ဘရိုက်တန်နဲ့ ကစားရမှာဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly