လူကာကူနဲ့ အချင်းများပြီးနောက် လူမျိုးရေးခွဲခြားမှုကို ရှုတ်ချလိုက်တဲ့ အီဗရာဟီမိုဗစ်

လူကာကူနဲ့ အချင်းများပြီးနောက် လူမျိုးရေးခွဲခြားမှုကို ရှုတ်ချလိုက်တဲ့ အီဗရာဟီမိုဗစ်
Photos: EPA

အေစီမီလန်တိုက်စစ်မှူး အီဗရာဟီမိုဗစ်က အင်္ဂါနေ့က ကိုပါအီတလီယာ ကွာတားဖိုင်နယ်ပွဲစဥအတွင်း အင်တာရဲ့ လူကာကူကို လူမျိုးရေးခွဲခြားတဲ့ စကားတွေ သုံးစွဲခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေကနေ သူ့ကိုယ်သူ ကာကွယ်ခဲ့ပြီး "ဇလာတန်ရဲ့ ကမ္ဘာမှာ" လူမျိုးရေးခွဲခြားတယ်ဆိုတာ မရှိဘူးလို့ ပြောဆိုသွားပါတယ်။ 

မန်ချက်စတာယူနိုက်တက်မှာ အတူတွဲကစားဖူးခဲ့တဲ့ အီဗရာဟီမိုဗစ်နဲ့ လူကာကူတို့ဟာ ပထမပိုင်းအတွင်း အချင်းများခဲ့ကြတာဖြစ်ပြီး နှစ်ဦးသားခေါင်းချင်းဆိုင်တဲ့အထိ ဖြစ်ခဲ့ကာ တစ်ဦးနဲ့ တစ်ဦးလည်း ကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေနဲပ ပြောဆိုမှုတွေ ရှိခဲ့ကြပါတယ်။ ပထမပိုင်းအပြီးမှာလည်း လူကာကူဟာ ဇလာတန်ကို ဥမင်ထဲထိ လိုက်ကာ ပြဿနာဖြေရှင်းဖို့ အားထုတ်ခဲ့လို့ အင်တာအသင်းသားတွေ ဝိုင်းဆွဲဖျန်ဖြေခဲ့ရပြန်ပါတယ်။ 

ဒုတိယပိုင်းပြန်လည်စတင်ပြီးနောက် အီဗရာဟီမိုဗစ်ဟာ ကိုလာရော့ဗ်ကို ပြစ်ဒဏ်ကျူးလွန်တဲ့အတွက် ဒုတိယမြောက် အဝါကဒ်ပြခံလိုက်ရပြီး နှစ်ဝါ တစ်နီနဲ့ ထုတ်ပယ်ခံလိုက်ပါတယ်။ ပွဲအပြီးမှာတော့ အေစီမီလန်က ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ 

အီဗရာဟီမိုဗစ်က လူကာကူကို "မင်းရဲ့ voodoo ဆီ သွားလိုက်စမ်းပါ။"လို့ ပြောတာကို ကွင်းထဲမှာတပ်ဆင်ထားတဲ့ မိုက်ခရိုဖုန်းတွေ့နေတဆင့် ကြားခဲ့ရတယ်လို့ ဘီဘီစီက ဖော်ပြခဲ့ပါတယ်။

Voodoo ဆိုတဲ့ အသုံးနှုန်းက အဲဗာတန်တုန်းက ဖြစ်ရပ်တစ်ခုကို ရည်ညွှန်းထားတာဖြစ်ပြီး ၂၀၁၈ ခုနှစ်က လူကာကူဟာ ဘာကြောင့် မာဆေးဆိုက်ကနေ ထွက်ခွာရတာဆိုတာ ရှင်းပြတုန်းက အဲဗာတန်အသင်းပိုင်ရှင် မိုရှီရီကလည်း အဲ့ဒီလို သုံးနှုန်းခဲ့တာလည်းဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း အီဗရာဟီမိုဗစ်က "ဇလာတန်ရဲ့ ကမ္ဘာမှာ လူမျိုးရေးခွဲခြားတယ်ဆိုတာ မရှိပါဘူး။ 

"ကျနော်တို့အားလုံးက တူညီတဲ့ပြိုင်ပွဲကို ယှဉ်ပြိုင်နေကြတာဖြစ်ပြီး အားလုံးအတူတူပါပဲ။ ကျနော်တို့က ကစားသမားတွေဖြစ်ပြီး အချို့ကတော့ တခြားသူတွေထက် ပိုကောင်းပါတယ်။"လို့ Instagram မှာ ရေးသားထားပါတယ်။ 

အီတလီဘောလုံးအဖွဲ့ချုပ်ဟာ သောကြာနေ့မှာ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချနိုင်ဖွယ်ရှိတယ်လို့ Sky Sports က ဖော်ပြခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly