ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်မတိုင်မီ ဆေးသိုလှောင်တဲ့အေးခဲသေတ္တာများစွာ ထုတ်လုပ်နေတဲ့ ဂျပန်ကုမ္ပဏီ

ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်မတိုင်မီ ဆေးသိုလှောင်တဲ့အေးခဲသေတ္တာများစွာ ထုတ်လုပ်နေတဲ့ ဂျပန်ကုမ္ပဏီ
Photo - AFP

ဇန်နဝါရီ ၂၇

ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးပုလင်းတွေသိုလှောင်မယ့် အေးခဲသေတ္တာတွေကို တိုကျိုအနီး ဆာဂါမီဟာရာမြို့က ခါနိုအုရဲကိ ကုမ္ပဏီကနေ ထုတ်လုပ်ပေးလျက်ရှိပါတယ်။

အစိုးရရဲ့ ကာကွယ်ဆေးထိုးနှံမယ့်အစီအစဉ်အရ ကုမ္ပဏီဟာ Pfizer ကာကွယ်ဆေးတွေကို အပူချိန် အနုတ် ၇၅ ဒီဂရီဆဲလ်စီယပ်စ် (အနုတ် ၁၀၃ ဒီဂရီဖာရင်ဟိုက်) မှာ သိုလှောင်ထိန်းသိမ်းထားနိုင်မယ့် အေးခဲသေတ္တာပေါင်း ၂ ၀၀၀ ကို ထုတ်လုပ်ပေးဖို့ စီစဉ်ထားပါတယ်။

ကုမ္ပဏီရဲ့မန်နေဂျာ မာဆာဟီကို နာကာယာမာက သူတို့ရဲ့ အေးခဲသေတ္တာတွေ အနုတ် ၈၀ ဒီဂရီအောက် ထိန်းသိမ်းထားနိုင်တဲ့အခြေအနေ ရှိ/ မရှိ လိုက်လံစစ်ဆေးလျက်ရှိပါတယ်။

အခုအချိန်မှာ အေးခဲသေတ္တာပေါင်း ၁၆ လုံးသာထုတ်လုပ်နိုင်သေးပြီး မတ်လအထိ ဆက်လက်ထုတ်လုပ်သွားမှာဖြစ်တယ်လို့ မာဆာဟီကိုက ပြောပါတယ်။

Pfizer ဆေးပုလင်းတစ်လုံးမှာ ကာကွယ်ဆေး dose ပေါင်း ငါးခု ပါပါတယ်။ ဆေးသေတ္တာတစ်လုံးစီမှာ Pfizer ကာကွယ်ဆေးပုလင်းပေါင်း ၁၉၅ လုံးအထိ ဆံ့ပါတယ်။ အေးခဲသေတ္တာတစ်လုံးမှာ ဆေးသေတ္တာပေါင်း ရှစ်လုံးဆံ့တဲ့အတွက် ကာကွယ်ဆေး dose ပေါင်း ၇ ၈၀၀ လောက်ထိ သိုလှောင်နိုင်မှာ ဖြစ်ပါတယ်။

ကာကွယ်ဆေးသိုလှောင်မယ့် အေးခဲသေတ္တာတွေကို နောက်လကစတင်ပြီး ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်။ ဇွန်လအကုန်မှာ သေတ္တာအလုံးရေ ၂ ၀၀၀ လုံး ပို့ပေးနိုင်ဖို့အတွက် ကုမ္ပဏီအနေနဲ့ အရှိန်မြှင့် ထုတ်လုပ်နေတယ်လို့ ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required