ပရီးမီးယားလိဂ် ၈ ပွဲမှာ ၅ ပွဲရှုံးပြီးနောက် 'စိုးရိမ်'တဲ့ ချယ်လ်ဆီးနည်းပြ ဖရန့်လမ်းပတ်

ပရီးမီးယားလိဂ် ၈ ပွဲမှာ ၅ ပွဲရှုံးပြီးနောက် 'စိုးရိမ်'တဲ့ ချယ်လ်ဆီးနည်းပြ ဖရန့်လမ်းပတ်
Photos: EPA

ချယ်လ်ဆီးအသင်းဟာ လက်စတာကို ရှုံးနိမ့်ပြီး သူတို့ရဲ့ ပရီးမီးယားလိဂ်နောက်ဆုံး ၈ ပွဲမှာ ၅ ပွဲအထိ ရှုံးပွဲကြုံတွေ့ခဲ့ပြီးနောက် ဖရန့်လမ်းပတ်က သူဟာ အသင်းရဲ့ ပုံစံနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်မိကြောင်း ပြောပါတယ်။ 

လက်စတာဟာ ဝီးဖရက်ဒ် အန်ဒီဒီနဲ့ ဂျိမ်းစ်မက်ဒီဆင်တို့ရဲ့ ဂိုးတွေနဲ့  ချယ်လ်ဆီးကို ၂-၀ ဂိုးရလဒ်နဲ့ အနိုင်ယူကာ အမှတ်ပေးဇယားထိပ်ဆုံးကို တက်ရောက်သွားခဲ့ပါတယ်။ 

ဆန့်ကျင်ဘက်အနေနဲ့ ဒီဇင်ဘာလအစ ဇယားထိပ်ဆုံးရပ်တည်ခဲ့တဲ့ ချယ်လ်ဆီးဟာ အခုချိန်မှာတော့ အဆင့် ၈ ကို ရောက်ရှိသွားပါတယ်။ 

"ကျနော်တို့ ရှိနေချင်တဲ့ နေရာ မဟုတ်ပါဘူး။"လို့ ချယ်လ်ဆီးနည်းပြ လမ်းပတ်က ပြောပါတယ်။ 

"ကျနော် စိုးရိမ်မိပါတယ်။ အခုချိန်မှာ ပုံမှန်ခြေစွမ်းပုံစံကို အမြန်ဆုံးပြန်ရဖို့ လိုလာပြီ။ ဖူဟမ် (စနေနေ့)နဲ့ပွဲ အနိုင်ရသည့်တိုင် နိုင်ပွဲတစ်ချို့ရရှိခဲ့ပေမယ့် ၈ ပွဲမှာ ၅ ပွဲရှုံးထားတာထက် ကျနော်တို့ ပွဲကောင်းသင့်ပါပြီ။" 

"အသင်းက ငယ်ရွယ်တဲ့ အသင်းပါ။ သူတို့ကိုယ်တိုင်လည်း စိတ်ပျက်နေတယ်။ အဝလဲခန်းထဲမှာလည်း ကျနော့်ကောင်လေးတွေကို ကြိမ်းမောင်းဆူပူနေမှာ မဟုတ်ပါဘူး။ သူတို့တတွေ သင်ခန်းစာယူရပါလိမ့်မယ်။" 

ချယ်လ်ဆီးရဲ့ စျေးကြီးပေးခေါ်ထားတဲ့ ကစားသမားတွေက အထင်အကြီးလောက်စရာ မလုပ်ပြနိုင်ချိန်မှာ အိမ်ရှင် လက်စတာကတော့ ရရှိတဲ့အခွင့်အရေးတွေထဲက တစ်ခုသာ ဂိုးအဖြစ် ပြောင်းလဲခဲ့မယ်ဆိုရင် ဒီထက်ဂိုးပြတ်နဲ့ အနိုင်ရနိုင်ပါတယ်။ 

လမ်းပတ်က သူ့ရဲ့ ကစားသမားတွေဟာ အခြေခံဖြစ်တဲ့ ပြေးလွှာတာ နေရာယူတာတွေ၊ ဘောလုံးဆွဲထွက်တာတွေ မလုပ်ဆောင်နိုင်ဘူးလို့ ခံစားနေပါတယ်။ 

"ပိုကောင်းတဲ့ အသင်းရဲ့အနိုင်ယူတာကို ခံခဲ့ရတာပါ။ သူတို့ရဲ့ ခြေစွမ်းဟာ ကျနော်တို့ထက် ပိုထက်မြတ်ခဲ့တယ်။ ကျနော်တို့ထက် သူတို့တွေ ပိုပြီး ပြေးလွှားကြတယ်။ သူတို့က ပုံစံကောင်းရနေတဲ့ အသင်းနဲ့တူပြီး ကျနော်တို့ကတော့ ပုံစံပျက်နေတဲ့အသင်းဖြစ်နေခဲ့ပါတယ်။"လို့ သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

"ပထမပိုင်းမှာ ကျနော့်အသင်းရဲ့ ထက်မြတ်မှု ပျောက်ဆုံးနေတဲ့ အခိုက်အတန့်တွေ အများကြီးတွေ့ခဲ့ရတယ်လို့ ခံစားမိပြီး အဲဒီအခိုက်အတန့်တွေမှာ ကျနော်တို့ အိပ်မောနေခဲ့တယ်။" 

"ဘောလုံးအခြေခံတွေဖြစ်ပြီး အနိမ့်ဆုံး ရိုးရှင်းမှုတွေက ပြေးလွှားတာ၊ ဘောလုံးဆွဲထွက်တာနဲ့ ကွင်းကို နေရာယူတာဖြစ်ပါတယ်။ ကျနော့်ရဲ့ ကစားသမားတော်တော်များက ဒါလေးကိုတောင် မလုပ်ခဲ့ကြပါဘူး။"

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly