"ကဏ္ဍအသီးသီး ကနေပြီးတော့ ပြိုင်တူလုပ်မှသာလျှင် ကျွန်တော်တို့က ငလျင်လှုပ်တဲ့အခါမှာ သေကြေ ပျက်စီးမှု ပမာဏကို လျော့ချနိုင်တာပေ့ါ။"

"ကဏ္ဍအသီးသီး ကနေပြီးတော့ ပြိုင်တူလုပ်မှသာလျှင် ကျွန်တော်တို့က ငလျင်လှုပ်တဲ့အခါမှာ သေကြေ ပျက်စီးမှု ပမာဏကို လျော့ချနိုင်တာပေ့ါ။"

မြန်မာနိုင်ငံ ငလျင်ကော်မတီ၏ အတွင်းရေးမှူး ဒေါက်တာမျိုးသန့်နဲ့ အင်တာဗျူး

မင်္ဂလာပါရှင်၊ ဒီတစ်ပါတ်အတွက် အင်တာဗျူးကတော့ ဆရာဒေါက်တာ မျိုးသန့်နဲ့ဖြစ်ပါတယ်။ ဆရာ ဒေါက်တာမျိုးသန့်ဟာ ဆိုလို့ရှိရင် ငလျင်ကော်မတီရဲ့ အတွင်းရေးမှူးဖြစ်ပါတယ်။ ဆရာ့ကို ဒီတစ်ပါတ် ငလျင်နဲ့ပတ်သက်ပြီးတော့ သိကောင်းစရာတွေ ဘယ်လိုမျိုး ပညာပေးမှုတွေ ရှိတယ် ဆိုတဲ့အကြောင်းနဲ့ ပတ်သက်ပြီးတော့ မေးမြန်းထားပါတယ်။

မေး-ဆရာ ငလျင်နဲ့ပတ်သက်ပြီးတော့ ပထမဆုံးအနေနဲ့ အခု ၂၀၁၅ ခုနှစ် ထဲမှာ ဆိုလို့ရှိရင်လည်း ငလျင်အသေးသေးလေးတွေ လှုပ်ခတ်နေရတာ တွေတွေ့ရတယ်ဆရာ။ အဲဒါနဲ့ပတ်သက်ပြီးတော့ ဆရာရဲ့ အမြင်၊ ဘယ်လိုမျိုး အကျိုးသက်ရောက်မှုတွေ ရှိတယ်ဆိုတာလေးနဲ့ ပတ်သက်ပြီး နည်းနည်းလောက် ရှင်းပြပေးပါဆရာ။

ဖြေ - ငလျင်သေးသေးလေးတွေ လှုပ်တာနဲ့ပတ်သက်ပြီးတော့ သူ့တစ်ခုချင်း၊ ဥပမာ 4.5၊ 4.6 တစ်ခုခုနဲ့ပေ့ါ။ ပြတ်ရွေ့တစ်နေနေရာမှာ တစ်ခုနှစ်ခုလောက် လှုပ်သွားတယ်ဆိုရင်တော့ သိပ်တော့ ပြဿနာ မဖြစ်လာဘူး။ ဒီလိုမျိုး မယူသေးတဲ့ ငလျင်လေးတွေ။ ပြတ်ရွေ့တစ်ခုခုကနေပြီးတော့ ခပ်စိပ်စိပ် လှုပ်လာပြီး ဘာညာဆိုရင်တော့ သတိထားရမည့် ပုံစံမျိုးပေ့ါ။ ဥပမာဆို စစ်ကိုင်းပြတ်ရွေ့တစ်လျှောက် ကနေပြီးတော့ ဒီ magnetute 4 ပတ်ဝန်းကျင် ငလျင်လေးတွေ တစ်လတန်သည်၊ နှစ်လတန်သည်၊ သုံးလတန်သည်၊ ဒါမျိုးလှုပ်လာပြီဆိုရင်တော့ ကျွန်တော်တို့က သတိထားရမယ့်ဟာလို့ ယူဆရတာပေ့ါ။ ဒါ full shot ခေါ်တာပေ့ါ။ တကယ် main event မလှုပ်ခင်မှာ လှုပ်တတ်တာမျိုး။ ဒါလည်း ဟို main event တိုင်းမှာ full shot လာတယ်လို့တော့ မဟုတ်ဘူး။ သို့သော်လည်းဘဲ အခုနက ကျွန်တော်ပြောသလို တစ်ကြိမ် နှစ်ကြိမ်လောက်ပဲ လေးငါးလခြားလိုက် လှုပ်သွားလိုက်ဆိုရင်တော့ ကျွန်တော်တို့အတွက် သိပ်တော့ပြဿနာမရှိပါဘူး။

မေး - ဒီလထဲမှာ ဆိုလို့ရှိရင်ရောဆရာ ဟိုတစ်လောက ဟုမ္မလင်းမှာ 4.4 လားမသိဘူး လှုပ်သွားတယ်။ အဓိကက ဒီနိုင်ငံတွေအနေနဲ့က စစ်ကိုင်းပြတ်ရွေ့ အဓိကက လူပြောများနေတယ်ပေ့ါ။ ဆိုတော့လေ အဓိက ဘယ်လိုနေရာတွေမှာ လှုပ်ခဲ့တဲ့ဟာက သတိထားဖို့ကောင်းလဲဆရာ နောက်ပြီးတော့ ဘယ်လို အခြေအနေမျိုးက ပိုပြီးတော့ သတိထားရမလဲပေ့ါဆရာ။

ဖြေ - ငလျင်လှုပ်နိုင်တဲ့ ပြတ်ရွေ့အမျိုးအစားက သုံးမျိုးရှိတာပေ့ါ။ အဲဒါ ပုံမှန်ပြတ်ရွေ့တို့ နောက်တစ်ခါ ဘေးတိုက်ရွေ့လျှားတဲ့ ပြတ်ရွေ့တို့ နောက်တစ်ခါ အထက်အောက်က တွန်းတင်တဲ့ ပြတ်ရွေ့ပေ့ါ။ ဆိုပြီးတော့ သုံးမျိုးရှိတာပေ့ါ။ သုံးမျိုးရှိတဲ့အနက်ကမှာ ဒီတွန်းတင်တဲ့ ပြတ်ရွေ့ပေ့ါ။ အမျိုးအစားက လှုပ်တယ်ဆိုရင်တော့ သူက အင်အားအကြီးဆုံးပေ့ါ။ အသေအပျောက်အပျက်အစီး များတာပေ့ါ။ ဒုတိယအများဆုံးကကျတော့ ဘေးတိုက် ရွေ့လျှားတဲ့ ပြတ်ရွေ့မျိုးဆိုလို့ရှိရင်တော့ သူက အပျက်အစီး ဆုံးရှုံးမှု ဒုတိယအများဆုံးပေ့ါ။ ပုံမှန်ပြတ်ရွေ့ကတော့ သူကကျတေ့ာ အပျက်အစီဆုံးရှုံးမှုက ဒီလောက် အထိမများဘူး။ မိုင်နာလောက်ပဲ ဖြစ်တာများတာပေ့ါ။

ဆိုတော့ ကျွန်တော်တို့နိုင်ငံအနေနဲ့ ကြည့်တဲ့အခါကျတော့ ခုနလိုမျိုး။ တွန်းတင်ပြတ်ရွေ့ပေ့ါ။ အန္တရာယ်ကြီးမားတဲ့ တွန်းတင်ပြတ်ရွေ့မျိုးဆိုတာက ကဘော်ပြတ်ရွေ့။ အနောက်ဖက်ခြမ်းက ဟိုတစ်ခါ ဟုမ္မလင်းဆိုတဲ့ နေရာမျိုး။ ကဘော်ပြတ်ရွေ့လိုဟာမျိုးကတော့ နည်းနည်းအန္တရာယ်ရှိတာပေ့ါ။ နောက်တစ်ခါကျွန်တော်တို့ ပဲခူးရိုးမ။ ဒီ ပဲခူးကရှိနေတဲ့ တွန်းတင်ပြတ်ရွေ့မျိုးတွေ။ ဒါပေမဲ့ အဲဒီကောင်တွေက သိပ်ပြီးတော့ သူ့ရဲ့အလျားက ဒီလောက်အရှည်ကြီး မဟုတ်ဘူး။ ဆိုတော့ ပြင်အားဒီလောက်များမှ မဟုတ်ဘူး။ အဓိက အန္တရာယ်ပေးနိုင်တာက အခုန  ကဘော်ပြတ်ရွေ့။ ဒါကလည်းပဲ ကဘော်ပြတ်ရွေ့က အရင်တုန်းက ဂျီအော်လော်ဂျစ်တွေယူဆထားတာက ဘာခေါ်မလဲ Unactive လို့တောင်ပြောထားတာ။ အခုနောက်ပိုင်းကျမှာ ဒါ Active ဖြစ်နိုင်တယ်ဆိုပြီးတော့ ပြန်လေ့လာကြတာ။

ဒုတိယအန္တရာယ်အကြီးဆုံးကတော့ စစ်ကိုင်းပြတ်ရွေ့။ စစ်ကိုင်းပြတ်ရွေ့က ဘေးတိုက် ရွေ့လျားတဲ့ ပြတ်ရွေ့လည်းဖြစ်တယ်။ နောက်တစ်ခုက သူက အလျားကလည်းပဲ မြန်မာတစ်နိုင်ငံလုံး ကီလိုမီတာ တစ်ထောင်ကျော် ထောင့်နှစ်ရာလောက်တော့ ဖြတ်သွားတယ်ဆိုတော့ ဒီကောင်ကတော့ အန္တရာယ် အများဆုံးပေ့ါ။ ကျောက်ကြမ်းပြတ်ရွေ့တွေရှိမယ်။ မိုးမိတ်ပြတ်ရွေ့လိုဟာမျိုးတွေရှိမယ်၊ ကျောက်မဲပေါ့။ ရှမ်းပြည်ဘက်ကဟာတွေ။ အဲလိုနေရာတွေက လှုပ်မယ်ဆိုရင်တော့ ဒါအန္တရာယ် များတာ။ ဆိုတော့ ကျွန်တော်တို့က မြန်မာနိုင်ငံကို ပိုင်းလိုက်မယ်ဆိုရင် အလယ်ပိုင်းရယ်၊ မြန်မာနိုင်ငံ အရှေ့ဘက် ရှမ်းကုန်းပြင်မြင့်ရယ်၊ မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းရယ်ရှိမယ်။ အလယ်ပိုင်းက စစ်ကိုင်း ပြတ်ရွေ့တို့ ရှိတဲ့ဟာက အရှေ့ဘက်အခြမ်းကလည်း ရှိတယ်။ အနောက်ဘက်ခြမ်းကတော့ နည်းနည်းပိုများမယ်။

မေး-ဟိုတစ်လောကလေ အင်းတော်မှာ ဤမြေသားတွေ ကြွတက်တာနဲ့ပတ်သက်ပြီးတော့လေ အဲဒါက လည်း ငလျင်နဲ့ပတ်သက်ပြီးတော့ စိုးရိမ်မှုတွေ ရှိတယ်ဆရာ။ ဆရာဘယ်လိုထင်လဲမသိဘူး။

ဖြေ-ကွင်းဘာညာတော့ ဆင်းမကြည့်ရသေးဘူး။ ကျွန်တော်တို့ ရတနာပုံတက္ကသိုလ်ကနေပြီးတော့ ဘူမိဗေဒ ဌာနကပေ့ါ။ အဲဒီတော့ Master ကျောင်းသားလေးတစ်ယောက် သူတို့ ကျောင်းကွင်းဆင်းသွားရင်းနဲ့ ဆရာတစ်ယောက်လိုက်သွားတော့ သူက အဲဒီမှာ ရှိနေတုန်း၊ ဓာတ်ပုံတွေဘာတွေရိုက်ပြီးတော့ ကျွန်တော်ဆီကို ဖုန်းလှမ်းဆက်ရင်းနဲ့ ပြောကြည့်တာ။ ဓာတ်ပုံတွေ ကြည့်ကြည့်တဲ့ အခါကျတော့ သူပထမဦးဆုံး ကောက်ချက်ဆွဲလိုက်တော့ ကြွတက်လာတယ်။ တစ်ဘက်က တွန်းတင်လိုက်တယ်လို့ ပြောတာ။ သို့သော်လည်းပဲ ဓာတ်ပုံတွေ ကြည့်ရသလောက်တော့ တွန်းတင်ထားတဲ့ လက္ခဏာတော့ သိပ်မတွေ့ရဘူးပေ့ါ။ ၃ ပေ ဆိုတဲ့အခါကျေတော့ ၃ ပေ အမြင့်လောက်ရှိတဲ့ဟာကို တွန်းတင်ဖို့ဆိုလို့ရှိရင်တော့ ငလျင်လှုပ်ကို လှုပ်လိုက်ရမှ၊ လှုပ်တဲ့ ငလျင်ပမာဏက တကယ်ကို ကြီးကြီး မားမားပေါ့။ 7.5 ဒါမှမဟုတ်လို့ရှိရင် သူ့ထက်ကြီးတာလောက်၊ ဒီဒေါင်လိုက် အပေါ်ကိုတွန်းတင်ကလေ 3 ပေ၊ အဲလောက်အထိကြီးမားတဲ့ ငလျင်လည်းမလှုပ်ခဲ့ဘူးဘူးဆိုတော့ ဒါက ငလျင်နဲ့တော့ တိုက်ရိုက် ဆက်စပ်မှုမရှိဘူး။ သို့သော်လည်းပဲ အခုနပြောသလို ဓာတ်ပုံတွေကြည့်လိုက်တဲ့အခါကျတော့ သူက တောင်တစ်တောင်က landslide ဖြစ်ထားတာ၊ ဖြစ်ပြီးတော့ တောင်ရဲ့ လူတစ်ရပ်ကျော်ကျော် ၇ ပေ၊ ၈ ပေ လောက် ပြုတ်ကျထားတာ ဆိုတဲ့အခါကျတော့ နောက်တစ်ခြားမှာလည်း ဆားဖေ့စ်ဖရက်ချာလေးတွေပေ့ါ။ မျက်နှာပြင်မှာကျတော့ ဖရက်ချာလေးတွေ သွားတွေ့တဲ့ အခါကျတော့ ဖြစ်နိုင်တာသည် landslide ပေါ့။ ဖြစ်လို့သာလျှင် ဒီအကြောင်းတွေဖြစ်လာတယ်လို့ ဆွဲစရာပေ့ါ။ လောလောဆယ် ဓာတ်ပုံလေးတွေ ကြည့်ပြီးတော့ ကျွန်တော်ပြောနိုင်တာပေ့ါ။ ဆိုတော့ ကွင်းဆင်းသွားပြီးတော့ အတိတကျ လေ့လာပြီးမှ ပြောလို့တော့ ပိုရမှာ။ ဓာတ်ပုံကြည့်လိုက်တော့ landslide ဖြစ်ထားတာ။ ဒါပေမဲ့ မိုင်နာပေါ့။ အကြီးကြီးမဟုတ်ဘူး။ ဆိုတော့ ဒီလမှာတော့ landslide သတိထားရရင် သတိထားရမှာ။ ဒါပေမဲ့ ကျွန်တော်တို့က ငလျင်အကြီးကြီး မလှုပ်ခင်မှာ၊ ဒီ ground surface deformation ပုံပျက်ယွင်းမှုတွေနဲ့ပဲ သက်ဆိုင်နေသလား။ ဒါကတော့ ကျွန်တော်သွားပြီးတော့ ကွင်းဆင်းလေ့လာပြီးမှသာလျှင်  ကျွန်တော်ပြောနိုင်တာပေါ့။ အခုလောလောဆယ်တော့ အခုဖြစ်သွားတဲ့ ဒီ မျက်နှာပြင်ပေ့ါ ၃ ပေ လောက်မြင့်သွားတာ ဆိုတာမျိုးဟာ ငလျင်နဲ့တော့ မဆက်စပ်ဘူး။ အခုလောလောဆယ်တော့ အခုနပြောသလို landslide တွေနဲ့ ပိုပြီးတော့ ဆက်စပ်ဖို့များတယ်။

မေး-ဒီမှာကလေ ငလျင်နဲ့ပတ်သက်ပြီးတော့ကလဲ သိပ်ပြီးတော့ အကျယ်တစ်ဝင့် အရမ်းပြောတာတွေ သိပ်မရှိဘူးနော်။ ပြည်သူတွေအနေနဲ့ကလည်း သိပ်ပြီးတော့ ဒါနဲ့ပတ်သက်ပြီးတော့ ဗဟုသုတ နည်းတဲ့အပိုင်းတွေလည်း ရှိတယ်နော်။ ဆိုတော့ ငလျင်တစ်ခုလာတော့မယ်ဆိုရင် ကြိုပြီးတော့ သိလို့မရဘူးတော့ပြောတယ်ဆရာ၊ ဒါပေမဲ့ ဆရာတို့ ဒီပညာရှင်တွေပိုင်းကနေ ဆိုလို့ရှိရင်၊ ဘယ်လိုမျိုးအနေအထားတွေ၊ ကြိုပြီးတော့ ခန့်မှန်းလို့ ရတာတွေ ဘယ်လိုရှိသလဲ။ ငလျင်ကြီးလာတော့မယ် ဆိုလို့ရှိရင်ရော ဘယ်လိုမျိုး လက္ခဏာတွေ ရှိသလဲ။ ဒါနဲ့ ဆက်စပ်ပြီးတော့ နောက် ပညာပေးမှု အပိုင်းတွေ၊ အဲဒီအပေါ်မှာ ဆရာဘယ်လိုမြင်လဲပေ့ါနော်။

ဖြေ-ငလျင်ခန့်မှန်းတာက သုံးမျိုးရှိတာပေါ့။ သူက short term မှာ ခန့်မှန်းတာရှိတယ်။ mid term အချိန်အလယ်အလတ်၊ နောက်တစ်ခါ နှစ်ရာချီပြီးတော့ ခန့်မှန်တာ long term ရှိတာပေ့ါ။ short term ခန့်မှန်းတာကတော့ ကမ္ဘာမှာ သိပ်ပြီးတော့ မအောင်မြင်ခဲ့ဖူးဘူး။ မှတ်မှတ်ရရ ၁၉၇၅ တုန်းက တရုတ်နိုင်ငံမှာ လှုပ်သွားတဲ့ တန့်ရှန်းငလျင် တစ်ခု။ အဲဒီငလျင်လှုပ်တုန်းကတော့ ခန့်မှန်းတာ အောင်မြင်သွားဖူးတယ်။ တကယ့် short term ပဲ။ ဒီလေးငါး ဆယ်ရက်အတွင်းမှာ သူတို့ခန့်မှန်းကြတာ။ ဘယ်လိုခန့်မှန်းလည်းဆိုတော့ သူက ဘာလုပ်သလဲဆိုတော့ ဘာသာရပ်တစ်ခုတည်းသွားပြီးတော့ ဒီပညာရှင်တွေ သွားခန့်မှန်းတာမျိုး မဟုတ်ပဲနဲ့ ဘာသာရပ်ပေါင်းစုံပေ့ါ။ ဥပမာ ဘူမိဗေဒပညာရှင်တွေလည်း လာကြမယ်။နောက်တခါ ဂျီအိုဖီးစစ်စစ်တွေ၊ Bio သမားတွေ၊ ဘော့တနီသမားတွေ စသည်ဖြင့်ပေါ့။ နောက် chemistry၊ ဟိုက်ဒရိုလော်ဂျီကယ်တွေ စသည်ဖြင့်ပေါ့။ အဲလိုလူတွေ အကုန်လုံး အဲဒီနေရာကို သွားပြီးမှ အခုန ကျွန်တော်ပြောသလိုပေ့ါ ငလျင်သေးသေးလေးတွေ မက်ဂနီကျူ ၃၊ ၄ စိပ်စိပ်တွေ လှုပ်လာတဲ့အချိန်မှာ ဒီနေရာကတော့ အန္တရာယ်ရှိနေပြီ ဆိုပြီးတဲ့အခါကျတော့ ပညာရှင်တွေအားလုံး အဲဒီနေရာကိုသွားပြီးတော့ စခန်းချပြီးတော့ သူတို့ လေ့လာကြတာပေ့ါ။

ဥပမာ ဆိုပါဆို့ ဒီ Geologists ကလည်းပဲ ဒီမြေမျက်နှာပြင်တွေရဲ့ Deformation pattern လေးတွေ လိုက်ကြည့်တယ်။မြေမျက်နှာပြင်တွေ မြင့်လာပြီလား။ နိမ့်ဆင်းသွားပြီးလား စသည်ဖြင့်ပေါ့။ ဘေးတိုက်ရွေ့နေပြီးလား သူတို့ကလည်း ဒါတွေလေ့လာတယ်။ နောက်တစ်ခါ ဓာတုဗေဒကျတော့လည်း သူရဲ့ ဘာသာရပ်နဲ့ဆိုင်တာတွေလေ့လာတာပေါ့၊ ဥပမာ ဂတ်စ်တွေ အောက်က emittion ဖြစ်လာတာကို ငလျင်မလှုပ်ခင်မှာ ဒါတွေသူတို့ ဖမ်းကြတယ်ပေါ့။ နောက်ဟိုက်ဒရိုဂျင်သမားတွေက under water ကို လေ့လာတဲ့သူတွေကလည်းပဲ အောက်က မြေအောက်ရေ တည်နေရာရဲ့ saturation ပေါ့။ မြင့်တက်လာသလား၊ ကျသွားနေပြီးလား၊ စသည်ဖြင့်။ Zoo ကလူတွေကလည်း သူက တွင်းအောင်း သတ္တဝါတွေရဲ့ အနေအထားတွေက ပုံမှန်သလား၊ ပုံမမှန်ပဲနဲ့ ပြုမူပြီးတော့ နေပြီးလားပေ့ါ။ ဒါမျိုးတွေ အားလုံးသွားပြီးတော့ လေ့လာမှသာလျင် ဘယ်နေ့တော့ဖြင့် ဘယ်နှစ်နာရီလောက်မှာ ငလျင်လှုပ်တော့မယ်ဆိုပြီး ခန့်မှန်းလိုက်ကာမှ အောင်မြင်သွားဖူးတယ်။ အဲဒီတစ်ကြိမ်ပဲ အောင်မြင်ဖူးတယ်။

နောက် ၁၉၇၆ မှာ အဲဒီဧရိယာပဲ တရုတ်မှာ ပြန်လှုပ်တယ်။ အဲဒီလိုပဲ အဖွဲ့လိုက်သွားပြီးတော့ လေ့လာကြတယ်။ သူတို့ ခန့်မှန်းတာ မအောင်မြင်လိုက်ဘူးပေါ့။ ကျွန်တော်တို့မှာ လုပ်နိုင်တာက ငလျင်သည် ဘယ်အချိန် ဘယ်နေရာကနေပြီးတော့ ပြင်းအားဘယ်လောက်နဲ့ လှုပ်မယ်ဆိုတာ တိတိကျကျ ခန့်မှန်းဖို့က တော်တော်ကို မဖြစ်နိုင်သလောက် အခွင့်အရေးနည်းတာပေ့ါ။ အဲဒီတော့ ကျွန်တော်တို့က ဘာလုပ်ရလဲ ဆိုတဲ့အခါကျတော့ mid term (သို့) long term ပရီဒစ်ရှင်းပေါ့။ ဒါတွေပဲ ကျွန်တော်တို့ တတ်နိုင်လိမ့်မယ်။ အဲဒီတော့ နှစ်ပေါင်း လေး၊ ငါးရာအတွင်းမှာ ဒီပြတ်ရွေ့ကနေပြီးတော့ မက်ဂနီကျူ ဘယ်လောက်နဲ့ လှုပ်နိုင်မလဲ ဒါတွေကို ကျွန်တော်တို့ ပြင်ဆင်ထားရရုံပဲ။ ဒါကို ကျွန်တော်တို့ လုပ်လို့ရတာ။

ဆိုတော့ လုပ်ရမည့် အပိုင်းက နှစ်ပိုင်းခွဲသွားတာ။ အခုနပြောခဲ့တဲ့ ဒီပြည်သူတွေ အနေနဲ့လည်းပဲ ငလျင်နဲ့ ပတ်သက်တဲ့ ဗဟုသုတရှိနေရမှာ။ နောက်တစ်ခါ တကယ့်ပေါ်လစီမိတ်ကာတွေကလည်းပဲ ငလျင်လိုဟာမျိုး။ ဘေးအန္တရာယ်တစ်ခုခု မဖြစ်ခင် ဖြစ်နေစဉ်၊ ဖြစ်ပြီး တုံ့ပြန်မှု ဘယ်လိုလုပ်ရမလဲဆိုတာ ကဏ္ဍအသီးသီး ကနေပြီးတော့ ပြိုင်တူလုပ်မှသာလျှင် ကျွန်တော်တို့က ငလျင်လှုပ်တဲ့အခါမှာ သေကြေ ပျက်စီးမှုပမာဏကို လျော့ချနိုင်တာပေ့ါ။ ထိရောက်စွာ လျော့နည်းစေနိုင်တာပေ့ါ။ အဲဒီတော့ တစ်ဖက်က ဘာလုပ်ရမလဲဆိုတော့ ပြည်သူလူထုကို ကျွန်တော်တို့က ဘာလုပ်ရမလဲဆိုလို့ရှိရင် ငလျင်နဲ့ပက်သက်တဲ့ ဗဟုသုတတွေ၊ ပညာပေးဟောပြောပွဲတွေ လုပ်ပေးကြရတယ်ပေ့ါ။ နောက်တစ်ခါ အခုနပြောတဲ့ ပေါ်လစီမိတ်ကာကလည်းပဲ rate management နဲ့ ပတ်သက်ပြီးတော့ ဘာတွေလုပ်ထားရမလဲဆိုတာ သူတို့ကလည်းပဲ လုပ်ပေးရမှာ။ အဲဒီလို ပြိုင်တူလုပ်ပေးမှသာလျှင် ကျွန်တော်တို့က အနာဂါတ်မှာ ငလျှင်လှုပ်ခဲ့မယ်ဆိုလို့ရှိရင် ငလျင်ကြောင့် သေကြေပျက်စီး၊ ဆုံးရှုံးနိုင်မည့်ပမာဏကို ထိုက်သင့်သလောက် လျော့ချနိုင်မှာပါ။

မေး -ပညာပေးဆွေးနွေးပွဲတွေ လုပ်လို့ရှိရင် အများစုက လူကြီးတွေများတယ်လေဆရာ။ ဆိုတော့ သူများနိုင်ငံတွေမှာ ဆိုလို့ရှိရင် ကလေးက အစသိနေအောင်လို့ ဂျပန်တို့ ဘာတို့ဆိုလို့ရှိရင်တော့ သူတို့က ခဏခဏ ဒီလိုမျိုးဖြစ်နေတော့ တကယ်ကျောင်းသင်ခန်းစာမှအစ ထည့်ပေးတာမျိုးတွေရှိတယ်။ ဆရာအနေနဲ့ သမီးတို့နိုင်ငံရဲ့ လက်ရှိအစိုးရအနေနဲ့ ပညာပေးမှုအခြေအနေနဲ့ ပက်သက်ပြီးတော့ ဒီလူတွေရဲ့ အဝဲလ်နက် ဖြစ်ဖို့ အခြေအနေမှာရော ဆရာ ဘယ်လိုသုံးသပ်သလဲ။ နောက်ပြီးတော့ NGO တွေ၊ ဆရာတို့လိုမျိုး  ကော်မတီတွေအနေနဲ့ လုပ်ဆောင်မှုအပိုင်းကိုရော ဆရာဘယ်လိုမြင်လဲရှင့်။

ဖြေ-ကျွန်တော်တို့ကတော့ ပြောရမယ်ဆိုရင် ဒါအစပိုင်းပေါ့။ NGO တွေကလည်းပဲ ကျွန်တော်တို့ ငလျင်ကော်မတီ၊ ဘူမိသိပ္ပံအသင်းတို့က ပညာရှင်တွေနဲ့ ပေါင်းပြီးတော့ ဟောပြောပွဲလေးတွေ လုပ်ကြတယ်။ နောက်တစ်ခါ NGO၊ ဘာခေါ်မလဲ seminor တွေဘာတွေပေ့ါ ငလျင်ကော်မတီကိုယ်၌ကလည်းပဲ အဲဒီတော့ ကျွန်တော်တို့ ပွဲလေးတွေဘာလေးတွေ ကျင်းပပြီးတော့ ကျွန်တော်တို့ လုပ်ကြတယ်။ တချို့က ငလျင်ကျရောက်နိုင်တဲ့ ဒေသတွေလိုက်ပြီး ဟောပြောတာပေ့ါ။ တချို့ကတော့ ဒီရန်ကုန်မြို့ပေါ်မှာတင် ကျောင်းတွေဘာတွေမှာ လိုက်ပြီး ဟောပြောတာပေ့ါ။ စတော့ စနေတာပဲ။နောက်အခုန ပြောတဲ့ ပြဋ္ဌာန်းစာအုပ်တွေမှာလည်း ကျွန်တော်တို့ စပြီးတော့ ပြဋ္ဌာန်းတယ်။ ကျွန်တော်ထင်တယ် မနှစ်တစ်နှစ်လောက်ကနေစပြီးတော့ ဒီအခြေခံပညာမှာကိုပဲ သူတို့ပြဋ္ဌာန်းတာတွေ ရှိနေတယ်။ နောက်တစ်ခါ တက္ကသိုလ်ပညာရေးမှာလဲ အဲလိုပဲ။ တက္ကသိုလ်ပညာရေးဆိုတာကတော့ ဒီဘူမိဗေဒပေ့ါ။ ဝိဇ္ဇာ၊သိပ္ပံ တက္ကသိုလ်တွေမှာဆိုလို့ရှိရင် ကျွန်တော်တို့ ဘူမိဗေဒဘာသာရပ်မှာ နောက်ဆုံးနှစ်လောက်ဆိုရင် ထည့်ပြီးတော့ ပြဋ္ဌာန်းလာတယ။ ငလျင်လို မြေပြိုကျမှုလို သဘာဝဘေးအန္တရာယ်နဲ့ ပက်သက်တဲ့ဟာပေ့ါ။ ဒါကတော့ ပြဋ္ဌာန်းလာတာ။ ကျောင်းသားတွေလည်း သူ့ level အလိုက်ပေါ့။ အဲဒီတော့ အခြေခံပညာမှာကော တက္ကသိုလ်မှာကော ပြဋ္ဌာန်းတော့ ပြဋ္ဌာန်းထားပြီ။ ထိုနည်းတူစွာပဲ အခုနက NGO တွေရော ငလျင်ကော်မတီတို့ မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းတို့ကလည်းပဲ အားလုံးပေါင်းပြီးတော့ ဒီဒေသလေးတွေကိုလိုက်ပြီးတော့ ကျွန်တော်တို့ ဟောပြောပွဲ လေးတွေလုပ်လာတယ်။ ဒါကနဦးအဆင့်လို့ပြောရမှာပေ့ါ။ အဲဒီထက် ပိုပြီးတော့ ထိထိရောက်ရောက်လုပ်ချင်တယ်။ အခုနက ဂျပန်ဆိုလို့ ဂျပန်နိုင်ငံမှာလည်း

ဘာလုပ်လဲဆိုလို့ရှိရင်  သူက ကျောင်းစာသင်နှစ် တစ်နှစ်မှာကိုပဲ၊ ကျောင်းစဖွင့်ပြီး တစ်လနှစ်လအတွင်းမှာ သူက ဒြူရယ်စတီပေ့ါ၊ ငလျင်ဆိုရင်လည်း ငလျင်နဲ့ပက်သက်တဲ့ ဒြူရယ်စတီ သူတို့ကလုပ်ရတယ်။ အဲဒီတော့ ကျွန်တော်ထင်တယ် တစ်နှစ်ကို စာသင်နှစ် နှစ်ခုလောက်လုပ်ကြတယ်။ အခြေခံမှာလည်း လုပ်တယ်။ တက္ကသိုလ်မှာလည်း သူတို့ကလုပ်တယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း အဲလိုအလေ့အထလေးတွေ ရှိရင်တော့ ကောင်းတာပေါ့။ အခြေခံမှာလည်းအခြေခံ တစ်နှစ်ကို တစ်ကြိမ် (သို့) နှစ်ကြိမ်။ အဲဒီတော့ ငလျင်လှုပ်တဲ့ အချက်ပေးသဘောမျိုးပေးပြီးတော့ ဘယ်လိုလုပ်ရမလဲဆိုတဲ့ လက်တွေ့နည်းလမ်းလေးတွေ။

 ထိုနည်းတူစွာပဲ တက္ကသိုလ်တွေမှာလည်း အဲလိုပဲ။ သက်ဆိုင်ရာ တက္ကသိုလ်တွေ တက္ကသိုလ်တွေ ဘက်ကနေပြီးတော့လည်း ဒီ ဒီစစ်စတာမတီကေးရှင်းအဖွဲ့လေးတွေ ဖွဲ့ထားပြီးတော့ အခုနပြောသလို  တစ်နှစ်ကို တစ်ကြိမ်ဖြင့် တစ်ကြိမ်၊ နှစ်ကြိမ်ဖြင့် နှစ်ကြိမ်။ ငလျင်လှုပ်တယ် အချက်ပေးပြီးတော့ ဘယ်လိုလုပ်ရမလဲ။ ဒါမျိုးလေးတွေ စထားသင့်တာပေါ့။ နောက်ကျမှာသာလျှင် အခုနပြောတဲ့ ဒီကျောင်းက ကျောင်းသားတွေကနေပြီးတော့ ဒီရက်ကွက်ထဲကလူထုနဲ့ တစ်ခါပေါင်းပြီးတော့မှ ရက်ကွက်တွေထဲမှာ အခုနပြောတဲ့ ပေါ်လစီ အုပ်ချုပ်တဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးတော့ လက်တွေ့လုပ်မယ်ဆိုရင် ပိုပြီးတော့ အေင်မြင်လာလိမ့်မယ်ဆိုပြီးတော့ ယူဆလာပါတယ်။

မေး-နောက်တစ်ခုကလေး ရန်ကုန်မြို့မှာ အခုဆိုလို့ရှိရင် အဆောက်အဦးတွေ အရမ်းများလာပြီ။ မန္တလေးတို့ဘာတို့ ဆိုလို့ရှိရင် အခုဆောက်နေကြပြီ၊ အဲဒီအခါမှာ လူတွေကလည်း တစ်ခုခုအသံကြားပြီဆိုရင် ဒီလိုမျိုး အဆောက်အအုံတွေမှာနေတဲ့သူတွေက အရင်ဆုံးစိုးရိမ်ကြတာတွေ ဘာတွေရှိတယ်။ အဆောက်အဦးတွေ ဆောက်တာနဲ့ပတ်သက်ပြီးတော့ ငလျင်ကြောတို့ ဘာတို့ အဲလိုမျိုးတွေ သေသေချာချာတခြားပညာရှင်တွေနဲ့ တိုင်ပင်ပြီးတော့ ရှိရဲ့လား။ ဒါနဲ့ပတ်သက်ပြီးတော့ စိုးရိမ်စရာရှိလား ဆရာတို့ပညာရှင်တွေအနေနဲ့။

ဖြေ-ဆိုတဲ့အခါကျတော့ ကျွန်တော်ထင်တယ် လွန်ခဲ့တဲ့ငါးနှစ်ပေါ့။ ငါးနှစ်မတိုင်ခင်က အဆောက်အဦး တော်တော်များများကတော့ ငလျင်ခံနိုင်တဲ့ ဒီဇိုင်းကို ထည့်သွင်းစဉ်းစားပြီးတော့ ဆောက်လုပ်တာ တော်တော်ကို နည်းလိမ့်မယ်။ အခုနောက်ပိုင်း ဆောက်တဲ့ အဆောက်အဦးတွေကြတော့ တချို့ပေါ့ တကယ်အထပ်မြင့်တဲ့ အဆောက်အဦးတွေဆိုလို့ရှိရင်တော့ တော်တော်လေးကို ကြပ်ကြပ် မတ်မတ် ဆောက်လာတယ်လို့ ယူဆရတယ်။ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းကလည်းပဲ ကျွန်တော်တို့ဒီ မက်နက်စတီးယားကွန်စထွက်ရှင်းတို့ ဘာတို့နဲ့ပေါင်းပြီးတော့ သူက မြန်မာနေရှင်နယ်ဘေးဒင်းကုတ် ဆိုပြီးတော့ သူတို့ကို ထုတ်ထားတာရှိတာပေါ့။ ဆိုတော့ ဒါတွေကို တိတိကျကျ လိုက်နာပြီးတော့ ဆောက်မယ်ဆိုရင်တော့ အဆင်ပြေနိုင်တာပေါ့။ သို့သော်လည်းပဲ ခုနပြောသလိုပေ့ါ အင်ဂျင်နီယာဘက် ကလည်းပဲ ကျွန်တော်တို့က ဘူမိဗေဒပညာရှင်တွေပေါင်းထားတဲ့ ငလျင်အန္တရာယ်ပြမြေပုံတွေပေ့ါ။ စက်စမစ်နေရာပြမြေပုံတွေရှိတယ်ပေါ့။

တစ်နိုင်ငံလုံးအတွက် နေရာပြမြေပုံတွေရှိတယ်။ နောက် တိုင်းနဲ့ပြည်နယ်သီးသီးအတွက် နေရာပြမြေပုံတွေရှိတယ်။ အခုဆိုလို့ရှိရင် မြို့အဆင့်အထိပေါ့။ ပဲခူးတို့၊ တောင်ငူတို့၊ စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန် မြို့အဆင့်အထိ နေရာပြမြေပုံတွေ ထွက်လာပြီ။ ဆိုတဲ့အခါကျတော့ အဲဒီမြေပုံတွေကို တကယ်အသုံးပြုပြီးတော့ ဆောက်လုပ်နေသလားပေ့ါ။ မန္တလေးမှာပဲဖြစ်ဖြစ် ရန်ကုန်မှာပဲဖြစ်ဖြစ်၊ အဆောက်အဦးဆောက်လုပ်မယ် ဆိုလို့ရှိရင် ဒီ အုပ်ချုပ်ရေးအဖွဲ့နဲ့ စည်ပင်သာယာအဖွဲ့နဲ့ သူတို့က ခွင့်ပြုမိန့်ချရတာကိုး။ အဲဒီခွင့်ပြုမိန့်ထဲမှာ စက်စမစ်ရီစစ်စတန့် ဒီဇိုင်းကုတ်ကို လိုက်နာသလား။ ဆိုတာမျိုးကို ကျွန်တော်တို့ ကြပ်မတ်ရတော့မှာပေ့ါ။

ကျွန်တော်တို့က စာအုပ်ထုတ်လိုက်တယ်။ ဒီစည်းမျဉ်းတွေကို၊ ဒီကုတ်တွေကို လိုက်နာပြီးတော့ ဆောက်ရမယ်လို့ ၊ တကယ်လိုက်နာပြီး ဆောက်သလား မဆောက်ဘူးလား ဆိုတာ နောက်ကနေပြီတော့ စောင့်ကြည့်ရမယ့် အဖွဲ့အစည်းတစ်ခုခုပေါ့။ အဲဒါကလိုက်ပြီးတော့ ကြီးကြပ်မှသာလျှင် ဒီလူတွေ တကယ် လုပ်တယ် မလုပ်ဘူးဆိုတာကို ကျွန်တော်တို့က ပြောလို့ရမှာပေ့ါ။ လွန်ခဲ့တဲ့လေးငါးနှစ်ကထက်စာလို့ရှိရင်တော့ အခုနှစ်ပိုင်းမှာဆောက်လုပ်တဲ့ အဆောက်အဦးတော်တော်များများသည် နည်းနည်းလေး ငလျင်ဒဏ်ခံနိုင်ဖို့ရာအတွက် ငလျင်အန္တရာယ်ကို ထည့်သွင်းစဉ်းစားပြီးတော့ ဆောက်လုပ်လာကြတယ်လို့ ကျွန်တော်တို့က ယူဆလို့ရပါတယ်။

မေး-အဆောက်အဦးကြီးတွေတော့ ဟုတ်တာပေါ့နော်။ ရက်ကွက်ထဲမှာဆိုလည်း တော်တော်များများက ကန်ထရိုက်တွေ အရမ်းပေးလာကြတော့ ဒီပြည်သူတွေက အကုန်လုံး လိုက်နာမှုရှိလား။ စောစောကပြောလိုမျိုး ဒီမှာ စောင့်ကြည့်စစ်ဆေးဖို့ အဖွဲ့အစည်းလည်း မရှိဘူးဆိုတော့ စိုးရိမ်စရာ ရှိနိုင်လားဆရာ၊ အကယ်၍မလုပ်ဘူး ဆိုရင်ပေါ့။

ဖြေ-မလုပ်ဘူးဆိုရင် ဒါစိုရိမ်စရာရှိတာပေါ့။ အင်ဂျင်နီယာရှုထောင့်ကနေပြောရင် အဆိုတစ်ခုရှိတာကို။ ငလျင်က လူတွေသတ်တာမဟုတ်ဘူး လူတွေဆောက်တဲ့ အဆောက်အဦးက သတ်တာ။ လူတွေဆောက်တဲ့ အဆောက်အဦးက ငလျင်ဒဏ်မခံနိုင်ဘူး။ အသစ်ဖြစ်ဦးတော့။ နောက်တစ်ခါ သုံးတဲ့ပစ္စည်းကလည်း အရည်အသွေးမမှီဘူးဆိုရင် ဒါအဆောက်အဦးအသစ် အိမ်အသစ်ဆိုတောင်မှ ဒါပျက်စီးမှာ။ အဲဒီပျက်စီးမှုကြောင့်ပဲ လူကသေတာကိုး။ နောက်တစ်ခုကတော့ အဆောက်အဦးရဲ့ အသက်ပေ့ါ။ အဆောက်အဦးသက်တမ်းကြာနေပြီ၊ အိုနေပြီဆိုလို့ရှိရင် ဒါတွေဟာလည်းပဲ သတိထားရမယ့်အရာပေ့ါ။

ဆိုတဲ့အခါကြတော့ မြန်မာနိုင်ငံရဲ့ မြို့ကြီးတော်တော်များများ လူဦးရေထူထပ်တဲ့ မြို့တွေ။ ရန်ကုန်မြို့တို့၊ မန္တလေးတို့၊နေပြည်တော်တို့လို ဒီလိုမျိုးတွေက တကယ့်ကို အန္တရာယ်ရှိတဲ့ စစ်ကိုင်းပြတ်ရွေ့ပေါ်မှာ ရှိနေတာကိုး။ ရှိနေတဲ့အခါကျတော့ အဆောက်အဦးတွေ အားလုံးက အခုနပြောသလိုပေ့ါ စံနှုန်းမမှီဘဲနဲ့ ဒီလိုမျိုး ငလျင်အန္တရာယ်ကို ထည့်သွင်းစဉ်းစားမှုမရှိပဲနဲ့ ဆောက်မယ်ဆိုရင်တော့ သူက သေချာပေါက် အန္တရာယ်တော့ များလာမယ်။ ဒါပြောလို့ရတာပေါ့။ ဟုတ်ကဲ့။ အဲဒီတော့ ၂၀၁၁ခုနှစ် က ဥပမာ တာလေ ငလျင်လှုပ်တယ်၊  ၂၀၁၂ခုနှစ်က ကျွန်တော်တို့ သပိတ်ကျဉ်းငလျင်လှုပ်တယ်။ လှုပ်တဲ့ဗဟိုချက်က ဒီလိုမျိုး မြို့ကြီးတွေ နားမှာ မဟုတ်ပဲနဲ့ဆိုတော့ တကယ်မြို့နဲ့ ဝေးတဲ့နေရာမှာ သွားလှုပ်တာကိုး၊ လူနေကြဲပါးတဲ့နေရာ၊ အဆောက်အဦးမရှိတဲ့ နေရာတွေမှာ သွားပြီးတော့ဗဟိုချက်ပြုပြီး လှုပ်တဲ့အခါကြတော့ အဆောက်အဦး ပျက်စီးတာ နည်းတယ်လို့ပြောရမှာပါ။ ဒါတောင်မှ လူတွေ ရာချီပြီးတော့ ထိခိုက်ဒဏ်ရာရရှိတယ်။ အဆောက်အဦးလည်း တချို့ကျောင်းတွေ ပျက်စီးကြတယ်ပေါ့။ လူနေထူထပ်တဲ့ တကယ့်မြို့တော်ကြီးတွေနဲ့ ဝေးတဲ့ နေရာမှာဖြစ်တာ။ တကယ်လို့သာ နီးတဲ့နေရာမှာ ဖြစ်လိုက်တယ်ဆိုရင် သူ့ထက်အဆမတန်များလာဖို့ ရှိတာပေ့ါ။ ဒါတော့ စိုးရိမ်စရာပါ။

မေး-နောက်တစ်ခုက ငလျင်နဲ့ မိုးလေဝသနဲ့ ဘယ်လိုချိတ်ဆက်လဲပေါ့နော်။ နောက်ပြီးတော့ ဒီ မိုးတိမ်တောင်နဲ့ ငလျင်နဲ့ ချိတ်ဆက်တယ်ဆိုပြီး ပြောဆိုနေတာတွေ ရှိတယ်။ ဆရာအနေနဲ့ ဒါနဲ့ပတ်သက်ပြီး နည်းနည်းလေးရှင်းပြပေးပါဦး။

ဖြေ-တိုက်ရိုက်ကြီးတော့ ဆက်နွယ်တာမျိုးတော့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အခုနက ကျွန်တော်ပြောသလို ငလျင်မလှုပ်ခင်မှာ အောက်ကနေပြီးတော့ ကျွန်တော်တို့ ဂတ်စ်တွေဘာတွေ ထုတ်တဲ့အခါကြတော့ အနည်းနဲ့အများကတော့ သူက အပြောင်းအလဲ ဖြစ်တာ၊ အဲဒီတော့ မလှုပ်ခင်မှာ တစ်ခါတစ်ရံမှာ ရှိဖူးတာပေ့ါ။ ဟိုမှာကျတော့ ၁၈၃၉ခုနှစ်ပြီး ငလျင်တွေဘာတွေလှုပ်တုန်းကဆိုလို့ရှိရင် ရာသီဥတုက တိမ်တောင်တွေ၊ ဘာတွေ ရဲလာတယ်။ ဘာညာပေ့ါ။ ဆိုတော့ သီးသီးခြားခြားတော့ မရှိသေးဘူး့။ ငလျင်နဲ့ မိုးလေဝသအခြေအနေ ဘယ်လောက်ဆက်စပ်မှု ရှိသလဲဆိုတာတော့ အတိအကျတော့ ကျွန်တော်တို့ သုတေသနလုပ်တာတော့ မရှိသေးဘူး။

များသောအားဖြင့်တော့ အနည်းနဲ့အများ နှီးနွယ်နေတာများတယ်။ ဥပမာ မတ်လမှာ ကျွန်တော်တို့ တာလေငလျင်လှုပ်တယ်၊ ငလျင်လှုပ်ပြီး မကြာဘူး၊ မိုးတွေဘာတွေ ရွာချတာမျိုး။ ထိုနည်းတူစွာပဲ ၂၀၁၂ နိုဝင်ဘာ ၁၁ မှာ ကျွန်တော်တို့ ငလျင်လှုပ်တယ်။ နည်းနည်းပါးပါး မိုးရွာချတာ ဒါမျိုးလေးတွေကတော့ ရှိတတ်တယ်။ တိုက်ဆိုင်တာလား ဘာလားမသိ။ ဒါပေမဲ့ အခုနက ပြောသလို ဆက်စပ်မှုတွေကတော့ သိပ်ပြီးတော့ ရှင်းရှင်းလင်းလင်း ဖြစ်အောင်တော့ လေ့လာသုံးသပ်ထားမှုတွေ မရှိသေးဘူး။

မေး-နောက်တစ်ခုက ရာသီဥတုနဲ့ပဲ ဆက်စပ်မလားမသိဘူးဆရာ။ ဟိုတစ်ခေါက်က ဟားခါးမှာ ဖြစ်ပြီးတော့လေ။ ဟားခါးဆိုလို့ရှိရင်တော့ ဒီမြို့ပြောင်းရတဲ့ အခြေအနေအထိ ဖြစ်လာတယ်။ ဒါတွေနဲ့ပက်သက်ပြီးတော့ ဆရာ နောက်ဆက်တွဲ အခြေအနေတွေကော ဘယ်လိုရှိနိုင်လဲဆရာ။

ဖြေ-ဒီ ဟားခါးကျတော့ သူ့ Geology setting ကိုက မြန်မာနိုင်ငံရဲ့ အနောက်ဘက်အခြမ်းက တကယ့်ကို ဖိအားဒဏ်တော်တော်ခံထားရတဲ့ ဒေသတွေကိုး။ အဲဒီမှာရှိတဲ့ ကျောက်ကိုယ်၌ကိုက တကယ့်ကိုမွနေတဲ့ ကျောက်အမျိုးအစားတွေ ဖြစ်တာဆိုတော့ အဲဒီအထဲမှာမှ ရာသီဥတုက အခုနပြောသလို။ မိုးကအဆမတန် သဲသဲမဲမဲ ရွာလိုက်တဲ့အခါကျတော့၊ နောက်တစ်ခါ တစ်ရက်ထဲလည်းမဟုတ်ဘူး တကယ်ကို တစ်ပါတ် ဆယ်ရက် အဲလိုမျိုး ဆက်တိုက်ကြီး ရွာချလိုက်တော့ အဲလိုမျိုး မြေပြိုမှုတွေ ဖြစ်တာပေါ့။ ဆိုတဲ့အခါကျတော့ ကျွန်တော်တို့ ဒီ sattelite image တွေ၊ တူပိုဂရက်ဖစ်တွေကြည့်တဲ့အခါကြတော့ အဲဒီပတ်ဝန်းကျင်မှာရှိတဲ့ တူပိုဂရက်ဖစ်ကာရိုင်တာရစ်စတစ်တွေ အတိတ်က ပြိုထားဖြစ်ပြီးသားမြေတွေ ဖြစ်နေတာပေ့ါ။ ကျွန်တော်ထင်တယ် တချို့ ဟားခါးရဲ့ အစိတ်အပိုင်းဆိုရင် အတိတ်တုန်းက မြေပြိုပြီးသားမြေပေါ်မှာ ဆောက်ထားသလိုကို ဖြစ်နေတာ။ ရာသီဥတုကလည်းပဲ အခုနကပြောသလို ဒီနှစ်လိုမျိုး မိုးသည်းသည်းထန်ထန် တအားကြီးရွာတာက သူလည်း ပြန်ဖြစ်တတ်တဲ့ ကာလရှိတာပေ့ါ။ နှစ်လေးငါးဆယ်ကျရင် တစ်ကြိမ်ပြန်ရွာ တတ်သလား၊ ဒါမျိုးတွေ ပြန်ချိန်ရမှာ။ ဘာပဲဖြစ်ဖြစ် အဲလိုမျိုးရာသီဥတုတအားကြီး မိုးရေချိန်လက်မအများကြီး ရွာချပြီးဆိုလို့ရှိရင်တော့ ဒါမျိုးဟာ နောက်တစ်ချိန်လည်း ဖြစ်လာနိုင်တာပဲ။ ကျွန်တော်တို့အနေနဲ့ ဘာလုပ်ရမလဲဆိုတော့ အဲလိုမျိုး ထပ်ပြီးတော့ မဖြစ်အောင် ဆိုလို့ရှိရင်တော့ သေသေချာချာပဲ ကျွန်တော်တို့က ပြန်ပြီး ဒီတေးလ်အက်စက်(စ)မန့် ပြန်လုပ်ရမှာပါ။ အတိတ်တုန်းက ဒီမြေပြို ထားတာတွေရှိနေသလား၊ ကျောက်အမျိုးအစားကိုပဲ ကျွန်တော်တို့ခိုင်ခန့်အောင် ဘယ်လိုပြန်လုပ်ကြမလဲ။ ဒါတွေကို ကျွန်တော်တို့က စနစ်တကျပြန်ပြီးတော့မှ သေသေချာချာလုပ်ပြီးတော့မှ ပြန်ဆောက်ရင်တော့ ပိုပြီးအဆင်ပြေတာပေါ့။ ဒါ ကျွန်တော်တို့က မီဒီယာဖွံ့ဖြိုးတဲ့အချိန်မှာ ဒါမျိုုးဖြစ်လိုက်တာ။

ကျွန်တော်ထင်တယ် ၂၀၀၇ တုန်းက တနင်္သာရီ ထားဝယ်ဘက်က လောင်းလုံမှာလည်း အဲလိုဖြစ်ဖူးတယ်။ တစ်ပါတ်တိတိကို မိုးကအဆက်မပြတ်ရွာလိုက်တယ်။ တစ်ရွာလုံးနီးပါ ချောင်းရေကပါလာတဲ့ ကျောက်ဆိုင် ကျောက်ခဲတွေနဲ့ အကုန်လုံးဖုံးသွားတာ။ လူပေါင်းရာချီပြီး သေသွားတာတွေ ဘာတွေဖြစ်ဖူးတာပေါ့။ ကျွန်တော်တို့ နိုင်ငံတွေအနေနဲ့ အဲလိုမျိုး အရှေ့ဘက်ခြမ်းက land slide တွေ တစ်နိုင်ငံလုံးအတွက်ပေါ့ အန္တရာယ်ရှိတဲ့ နေရာမျိုးတွေမှာ ဒီတေးလ်အက်စက်(စ)မန့်၊ မြေပြိုမှုအက်စက်(စ)မန့်တွေလုပ်၊ ပြီးတော့မှ ဆောက်မယ်ဆိုလို့ရှိရင်တော့ ပိုပြီးတော့ ကျွန်တော်တို့ အနာဂတ်မှာ မြေပြိုတဲ့ အန္တရာယ်ကနေပြီးတော့ လွတ်လွတ်ကင်းကင်း ဖြစ်နိုင်ပါတယ်။

မေး-ဒီမှာက landslide တို့ soil testတို့ ငလျင်တို့နဲ့ ပက်သက်ပြီးတော့ နှစ်အလိုက်ဖြစ်စေ ပုံမှန်လုပ်တာမျိုး ရှိမလား၊ ဘယ်လိုအဖွဲ့အစည်းတွေက လုပ်လဲဆရာ။

ဖြေ-ပြဿနာက အဲဒါပဲ။ ဆိုတော့ ကျွန်တော်တို့မှာက အဲဒီဟာမျိုး မရှိသေးတာ။ ဆိုကြပါစို့ ဥပမာ ငလျင်ဆိုလို့ရှိရင်လဲ မြန်မာနိုင်ငံအတွက် Earthquake zone map တွေဘာတွေ ဆွဲနေကြတယ်ပေါ့။ ဒါအခု ၂၀၁၂ လောက်မှာ။ ၂၀၁၅ မှာကြတော့ ဆရာကြီး ဒေါက်တာဦးသိန်းတို့ ဘာတို့လည်း စဆွဲနေကြပြီ၊ အဲဒီတော့ ဒီက စဆွဲတယ်ပေါ့။ ဒါဆိုရင် အခု landslide ကြတော့ ဘယ်သူက တာဝန်ယူမှာလဲ။ ထိုနည်းတူစွာပဲ တစ်နိုင်ငံလုံးအတွက် သဘာဝဘေးအန္တရာယ်တွေ အများကြီးရှိတဲ့ဟာ သဘာဝဘေးအန္တရာယ်အမျိုးမျိုးဆိုင်တဲ့ ဒီ ဟယ်ဆက်မက်ဘင်တွေကို တာဝန်ယူပြီးတော့ ဆွဲနိုင်တဲ့ အဖွဲ့အစည်းမျိုးက ရှိမှဖြစ်တော့မှာ။ ဆိုတဲ့အခါကျတော့ ငလျင်ကုမ္ပဏီက ဒါတွေအားလုံးကို ယူမလားပေ့ါ။ ဒါတွေအားလုံးကို ယူမလားလို့ စဉ်းစားတဲ့အခါကျတော့ ကျွန်တော်တို့ ကိုယ်၌က ဗော်လန်တီယာတွေကိုး။

ကျွန်တော်တို့လုပ်ငန်းနဲ့ အားတဲ့အချိန်မှာ ဒီဘက်ကိုလာပြီးတော့ ကျွန်တာ်တို့ ကူညီပြီးတော့ ဆွဲနေကြတာ အချိန်ပြည့်လုပ်နိုင်တဲ့လူတွေ ရှားတာပေါ့။ မရှိကြဘူး။ ကျွန်တော်တို့မှာက အဲလိုမျိုး တာဝန်ယူနိုင်တဲ့ ကော်မတီပဲပြောပြော organization ပဲဖြစ်ဖြစ်၊ Institute ပဲဖြစ်ဖြစ်၊ ဒါမျိုးလေး ဖွဲ့ပြီးတဲ့အခါကျတော့ တစ်နိုင်ငံလုံးရဲ့ သဘာဝဘေးအန္တရာယ်တွေအားလုံးကို ဒီအဖွဲ့အစည်းကပဲ ဆွဲပေါ့။ ဒါမှမဟုတ်ပဲ ဒီ organization ကကိုယ်တိုင် မဆွဲနိုင်တောင်မှဘဲ အဲဒီအဖွဲ့အစည်းက တခြားအဖွဲ့အစည်းနဲ့ Institute တွေ University တွေနဲ့ ပူးပေါင်းမှုတွေ လုပ်ပြီးတော့ ဆွဲ၊ ဆွဲပြီးလို့ရှိရင် organization က public လုပ်လိုက်မယ်ဆိုလို့ရှိရင် ပိုပြီးတော့ effect ဖြစ်နိုင်တာပေ့ါ။ အဲဒီဟာကလည်း လိုနေတာပါ။

မေး-ဒါမျိုးက ဘယ်လိုမျိုးလုပ်မယ်လို့ အကောင်းဆုံးထင်လဲဆရာ နောက်ပြီးတော့ အစိုးရအနေနဲ့ကော ဘယ်လိုပံ့ပိုးသင့်လဲ။

ဖြေ-အခုရက်ပိုင်း ကျွန်တော်တို့ ဆရာတွေနဲ့ တိုင်ပင်ကြည့်တာ ဘာလဲဆိုတော့ ငလျင်ပဲဖြစ်ဖြစ်ပေ့ါ ဘယ်က စလုပ်ရမလဲဆိုတာမျိုး။ အဲဒီတော့ အခုနက ကျွန်တော်တို့ ပြောလိုက်သလိုပဲ တကယ့်ကို short term တွေ ဘာလုပ်မလဲပေါ့။ တကယ်စလုပ်ရမည့်ဟာက ဘယ်လို Activity တွေ လုပ်ရမလဲပေါ့။ organization တစ်ခုထဲနဲ့ ဒီကောင်က လုပ်လို့မရတော့ဘူး။ organization တစ်ခုထဲနဲ့ လုပ်လို့မရတဲ့အခါကြတော့ organization အားလုံးနဲ့ပေ့ါ။ ဥပမာ မြန်မာနိုင်ငံက မိုးလေဝသနဲ့ ဇလဗေဒဌာန ရှိမယ်။ DMH လို department တွေ၊ နောက်တစ်ခါ အင်ဂျင်နီယာ အသင်းလိုရှိမယ်။ မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းလိုရှိမယ်။ နောက်တစ်ခါ ငလျင်ကော်မတီရှိတယ်။ နောက်တစ်ခါ တက္ကသိုလ်တွေပေ့ါ။ ထိုနည်းတူစွာပဲ ဒီ Ministry တွေ။ အဲလိုဟာတွေ အားလုံးပေါင်းနေတဲ့အခါမှာ အခုနလို national plan တွေနဲ့  short term ကျွန်တော်တို့တွေ ဘာစလုပ်ကြမလဲ။ ဒါချရတော့မှာ။ အဲဒီတော့ mid term က ဘာလုပ်မလဲ၊ short termဆိုရင် ငလျင်လှုပ်နိုင်တဲ့ လက်တလောပေါ့။ သူတို့ရဲ့ return period တွေက ရှိတာကိုး။ အဲဒီတော့ ငလျင်ပြန်ပြီးတော့ လှုပ်နိုင်တဲ့ မြို့တွေမှာ ကျွန်တော်တို့ ဘာစလုပ်မလဲ။ ထားပါတော့ လူတွေအများကြီးနေတဲ့ housing ကို ကျွန်တော်တို့က ငလျင်လှုပ်လို့ရှိရင် ဒဏ်ခံနိုင်ရည်ရှိမရှိတော့ လိုက်ပြီးတော့လုပ်မယ်။ ဒဏ်မခံနိုင်တော့ဘူးဆိုရင် သူ့ကို ရီထရိုးဖစ်(တ)ပေ့ါ။ ငလျင်ဒဏ်ခံနိုင်အောင် ကျွန်တော်တို့ ဘယ်လိုစွမ်းအားမြင့်တင်ပေးမလဲ။ ဒါမျိုးလေးတွေ short term လုပ်ကြမလား။ အဲဒီတော့ long term အနေနဲ့ မရှိကြဘူးဆိုလို့ရှိရင် တက္ကသိုလ်တွေကနေပြီးတော့ အခုနက organization ကနေပြီး တော့ ပညာသင်စေလွှတ် စသည့်ဖြင့် လေ့ကျင့်ခန်းတွေ ပေးကြမလား။ ဆိုတော့ organization နဲ့ instub အားလုံးပေါင်းစုံ စုစည်းပြီးမှသာလျင် short ကို ဘာလုပ်မလဲ plan ချရမယ်။ mix term က ဘာလုပ်မလဲ plan ချရမယ်။ long term ဘာလုပ်မလဲကို plan ချရမယ်။

အဲဒီတော့ သဘာ၀ ဘေးအန္တရာယ်ပေါင်းစုံပေ့ါ။ အဲလိုမျိုးလေးချပြီးလုပ်မယ်ဆိုရင်တော့ ပိုပြီးတော့ ကောင်းမယ်ဆိုပြီးတော့ ကျွန်တော်တို့ ထင်တယ်။ ဒါဟာ အချိန်ကောင်းပဲလေ။ ဥပမာ ၂၀၁၁၊ ၂၀၁၂ ငလျင်လှုပ်ပြီးပြီး၊ နီပေါလ် ငလျင်လှုပ်လိုက်တယ် ဟား အုန်းအုန်းကြွက်ကြွက် ဖြစ်သွားကြတယ်။ နောက်ပြန်ပြီး ငြိမ်သွားလိုက်တာပေ့ါ။ အခုတစ်ခါ ဒီနေ့ flatting ဖြစ်တယ်။ ဒါကြုံနေရပြီလေ။ အခုနပြောသလို လက်တလောဖြေရှင်းတာမျိုး မဟုတ်ပဲနဲ့။ လတ်တလောဖြေရှင်းရတာလည်း ရှိတာပဲ။ mid term, long term ဘယ်လို ဖြေရှင်းကြမလဲ ဆိုတာလေးကို စနစ်တကျ ကျွန်တော်တို့ plan လေးချပြီး လုပ်မယ်ဆိုရင်တော့ ကျွန်တော်ထင်တယ် အချိန်ဖြစ်ပါတယ်။ လုံလောက်သေးတယ်ပေ့ါ။

မေး -နောက်ဆုံးနိဂုံးချုပ်အနေနဲ့ မြန်မာနိုင်ငံဟာ ငလျင်နဲ့ပတ်သက်ပြီး တကယ်ပဲသတိထားရမည့် နိုင်ငံ တစ်ခုလားပေ့ါနော်။ ဘာတွေ ကာကွယ်ထားသင့်လဲဆိုတဲ့ဟာလေး ဆရာ့အနေနဲ့ ဘယ်လိုအကြံပေးမလဲပေ့ါ။

ဖြေ-မြန်မာနိုင်ငံတော့ ငလျင်နဲ့ပက်သက်ရင် ရှင်းတာပေါ့။ ငလျင်နဲ့ပတ်သက်ရင်တော့ ဒါအန္တရာယ်ရှိတာပဲလေ။ ဆိုတော့ ၁၈၃၉ ငလျင်ပေ့ါ။ ကျွန်တော်တို့ အင်းဝငလျင်ဆိုပါစို့။ ကျွန်တော်တို့ စစ်ကိုင်းမြို့ရဲ့ဒီ တောင်ဘက်ကနေ ၁၈၃၉ ဒီနေပြည်တော် မြောက်ဘက်အထိပေ့ါ magnitute 7.5 လောက်အထိ ရှိတယ်လို့ပြောတာပါ။ ၁၈၃၉ က လှုပ်ထားပြီးပြီ အခုအချိန်အထိ အဲဒီနေရာမှာ အခုနပြောခဲ့တဲ့ 4.6၊ 4.5 တောင်မှ လှုပ်ဖူးတာမဟုတ်ဘူး။ တော်တော်ကို တကယ့် silent  ဖြစ်နေတာ။ ၁၈၃၉ နဲ့ အခု ကျွန်တော်တို့ ၂၀၁၅ တွက်ကြည့်လိုက်မယ်ဆိုရင် အနှစ်နှစ်ရာကျော်ကြာနေပြီပေါ့။ ဒါမျိုးတွေက တကယ့်ကို လှုပ်မယ်ဆိုရင် လှုပ်နိုင်တဲ့ နေရာမျိုးတွေဖြစ်နေတာ။ ကြောက်စရာတော့ မလိုဘူးပေါ့နော်။ လှုပ်မယ်ဆိုတာလည်း ကျွန်တော်တို့က မျှော်လင့်ထားရတော့မှာ။ အဲဒီတော့ လူအများပြောနေကြတဲ့ ဒီဘက်က ပဲခူး ငလျင် ၁၉၃၀ ၊ return period 80-100 ကြား လာမည့် ၁၀ နှစ် အနှစ် ၂၀ အတွင်းမှာ ပြန်ပြီးလှုပ်လာနိုင်တယ်။

သေချာတာတစ်ခုကတော့ မြန်မာနိုင်ငံသည် ငလျင်နဲ့ ပက်သက်မယ်ဆိုလို့ရှိရင်တော့ အန္တရာယ်ကြီးတဲ့နိုင်ငံလို့ ကျွန်တော်တို့ ပြောရမှာပဲ ဆိုတော့ ပြင်ဆင်မှုကတော့ အခုနကပြောသလို။ ၁၈၃၉ ဖွဲ့စည်းမယ် အဲဒီနေရာက ပြန်ပြီးတော့ လှုပ်မယ်ဆိုရင် ကျွန်တော်တို့ ဘာတွေ ပြင်ဆင်ပြီးနေပြီလဲ ပြန်လည်ဆန်းစစ်ရတော့မှာ။ တစ်ဦးချင်းတစ်အိမ်ချင်းစီက ပြင်ဆင်ပြီးပြီလား။ မြို့အနေနဲ့ ပြင်ဆင်ပြီးပြီလား။ ရပ်ကွက်အနေနဲ့ ပြင်ဆင်ပြီးပြီလား။ ဒါမျိုးတွေပေ့ါ။ ဥပမာ လှုပ်လိုက်ပြီးဆိုလို့ရှိရင် အနည်းနဲ့အများ ပြိုမှာပဲ။ ပြိုတဲ့ဟာတော့ ဘယ်လိုစလုပ်ကြမလဲ။ ဘယ်အဖွဲ့အစည်းက ဦးဆောင်ပြီးတော့ ဘယ်လိုတွေလုပ်ကြမလဲ။ ဒါမျိုးတွေကအစ ရှိနေရတော့မှာလေး။ ပျက်စီးသွားပြီဆိုလို့ရှိရင် ဘယ်နေရာကို ကျွန်တော်တို့က သွားပြီးတော့ ဘာဖြည့်ရမလဲဆိုတော့ အားလုံးက ကြိုတင်ပြင်ဆင်ထားပြီးတော့ စနစ်တကျပေ့ါ။ အိမ်တွေဟာလည်းပဲ ငလျင်လှုပ်နေစဉ် ဘာလုပ်ရမလဲ။ လှုပ်ရင်ဘာလုပ်ရမလဲ။ မလှုပ်ခင်မှာ ဘာတွေလုပ်ထားရ မယ်ဆိုတာ သိနေရမယ်။ ထိုနည်းတူစွာပဲ အုပ်ချုပ်ရေးအပိုင်းကလည်းပဲ ရပ်ကွက်အလိုက် မြို့နယ်အလိုက် တိုင်းအလိုက်၊ နိုင်ငံအလိုက်၊ ဘာတွေလုပ်ရမလဲဆိုတော့ အဆင့်ဆင့် ကျွန်တော်တို့ plan လေးတွေတော့ ချကိုချထားရမှာပေ့ါ။

မေး-ဟုတ်ကဲ့ပါဆရာ၊ အခုလိုအချိန်ပေးပြီးတော့ မဇ္ဈိမရုံးအထိလာပြီးတော့ ဖြေပေးတာ ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။

ဖြေ- ဟုတ်ကဲ့ ကျွန်တော်လည်း အများကြီးကျေးဇူးတင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required