SNLD အနေနဲ့ NLDကိုယ်စားလှယ်အဖွဲ့နဲ့တွေ့ဆုံဖို့ဆုံးဖြတ်ချက်မကျသေး

SNLD အနေနဲ့ NLDကိုယ်စားလှယ်အဖွဲ့နဲ့တွေ့ဆုံဖို့ဆုံးဖြတ်ချက်မကျသေး

ဇန်နဝါရီလ ၁၃ ၊ ၂၀၂၁

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ( SNLD) အနေဖြင့် အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ တိုင်းရင်းသားရေးရာ အထူးကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဖို့ ကို အဖွဲ့တွင်းဆွေးနွေးမှုတွေပြုလုပ်နေဆဲဖြစ်ပြီး ဆုံးဖြတ်ချက်မချရသေးဘူးလို့ SNLD ပါတီ ရဲ့ အထွေထွေအတွင်းရေးမှူး စိုင်းလိတ်ကပြောကြားလိုက်ပါသည်။

"ဖိတ်ကြားချက်ကိုတရားဝင်လက်ခံရရှိပါပြီ။ တွေ့ဆုံဖို့ကိုတော့အဖွဲ့တွင်းဆွေးနွေးမှုတွေပြုလုပ်နေဆဲပါ။ ဆုံးဖြတ်ချက်တော့မချရသေးဘူး" ဟု စိုင်းလိတ်က ပြောပါသည်။

NLD ၏ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုအရေး တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးရန် ကိုယ်စားလှယ်အဖွဲ့ဝင်များဖြစ်ကြသော မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်နဲ့ ကချင်ပြည်နယ်မှ ဦးအင်ထုံခါးနော်ဆန်တို့သည် ယနေ့ ဇန်နဝါရီလ ၁၃ရက် နေ့တွင် တောင်ကြီးမြို့ကိုရောက်ရှိနေကျပြီး ပအိုဝ့်အမျိုးသားပါတီ(PNO) တအန်းအမျိူးသားပါတီ (TNP)တို့ နှင့်တောင်ကြီးမြို့နယ် NLD ပါတီရုံးမှာတွေ့ဆုံဆွေးနွေးခဲ့သည်။

NLD က သူ၏ပါတီရုံးများတွင် တွေ့ဆုံဆွေးနွေးရေးမူကို ဆုပ်ကိုင်ထားရာတွင် ယခင်ဆွေးနွေးပွဲများမဖြစ်မြောက်မှုများရှိခဲ့သည်။ ရှမ်းပြည်နယ်ခရီးစဉ်မတိုင်ခင်သွားရောက်ခဲ့သည့် ကယားပြည်နယ် KSDP ပါတီနှင့်တွေ့ဆုံညှိနှိုင်းရာတွင် တွေ့ဆုံမည့်နေရာအဆင်မပြေ၍ ဆွေးနွေးပွဲပျက်ခဲ့ရသည်။ ကချင်ပြည်နယ်ခရီးစဉ်မှာတော့ အနိုင်ရ SNLD ကိုယ်စားလှယ်က တက်ရောက်ခြင်းမပြုဘဲနေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly