လီဗာပူးလ်နဲ့ 'ကြီးမားတဲ့ အခိုက်အတန့်'အတွက် အဆင်သင့်ဖြစ်နေပြီလို့ ပေါလ်ပေါ့ဂ်ဘာ ပြော

လီဗာပူးလ်နဲ့ 'ကြီးမားတဲ့ အခိုက်အတန့်'အတွက် အဆင်သင့်ဖြစ်နေပြီလို့ ပေါလ်ပေါ့ဂ်ဘာ ပြော
Photos: EPA

ပေါလ်ပေါ့ဂ်ဘာက တနင်္ဂနွေနေ့မှာ ချန်ပီယံ လီဗာပူးလ်အသင်းနဲ့ ရင်ဆိုင်ရတဲ့အခါမှာ လိဂ်ဇယားဦးဆောင်သူဖြစ်လာတဲ့ မန်ချက်စတာယူနိုက်တက်အနေနဲ့ "ကြီးမားတဲ့ အခိုက်အတန့်"အတွက် "တည်ငြိမ်မှုကို ဆက်လက်ထားရှိ"ဖို့ တိုက်တွန်းလိုက်ပါတယ်။ 

ယူနိုက်တက်ဟာ ၂၀၁၂-၁၃ ရာသီ ပရီးမီးယားလိဂ်ဖလားကို နောက်ဆုံးဆွတ်ခူးပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဇယားထိပ်ဆုံးနေရာကို တက်ရောက်နိုင်ခဲ့ပြီး သူတို့ဟာ အန်ဖီးလ်ကွင်းမှာ အနိုင်ရခဲ့ရင် ၆ မှတ်ဖြတ်ထားနိုင်မှာလည်းဖြစ်ပါတယ်။ 

"ဒါဟာ လူတိုင်းအတွက် လှပတဲ့ ပွဲစဉ်တစ်ပွဲဖြစ်ပါလိမ့်မယ်။"လို့ ပေါ့ဂ်ဘာက BBC Sport ကို ပြောပါတယ်။ 

"ဒါဟာ ကြီးမားတဲ့ ပွဲတစ်ပွဲပါ။ ဒါကြောင့် အဆင်သင့်ဖြစ်အောင်လုပ်ကြပါစို့။"

ဆိုးလ်ရှားရဲ့ အသင်းဟာ ဘန်လေအသင်းကို ပေါ့ဂ်ဘာရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင် ရရှိခဲ့ပြီး အခုတစ်ပတ်မှာ ကြီးမားတဲ့ပွဲစဉ်ကို ကစားရမှာဖြစ်ပါတယ်။ 

"ကျနော်တို့ ဒီညအနိုင်ရခဲ့တဲ့အတွက် လီဗာပူးလ်နဲ့ ကစားတဲ့အခါမှာ ကျနော်တို့ဟာ လိဂ်ရဲ့ ထိပ်ဆုံးအသင်းဖြစ်မယ်ဆိုတာ ကျနော်တို့ သိပါတယ်။"လို့ ပေါ့ဂ်ဘာက ပြောပါတယ်။

"ကျနော်တို့ အေးဆေးတည်ငြိမ်ဖို့ လိုပါတယ်။ အခုအချိန်ကတော့ ကြီးမားတဲ့ အခိုက်အတန့်ပါပဲ။ ဘာတွေဖြစ်သွားမလဲဆိုတာ ကျနော်တို့ ကြည့်ကြတာပေါ့။" 

မန်ချက်စတာယူနိုက်တက်ဟာ သူတို့ရဲ့ နောက်ဆုံး အဝေးကွင်းရှုံးပွဲကတော့ ပြီးခဲ့တဲ့နှစ်က အန်ဖီးလ်မှာ အရေးနိမ့်ခဲ့တာဖြစ်ပြီး အခုချိန်မှာ ပရီးမီးယားလိဂ်အဝေးကွင်း ၁၅ ပွဲမှာ ရှုံးပွဲ မရှိသေးပဲ ဒီထဲမှာ ၁၂ ပွဲအထိ အနိုင်ရထားပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly