အိန္ဒိယသည် မဟာဗျူဟာမြောက် အရန်ဓာတ်ငွေ့သိုက် တည်ဆောက်ရန် မျှော်လင့်လျက်ရှိ

အိန္ဒိယသည် မဟာဗျူဟာမြောက် အရန်ဓာတ်ငွေ့သိုက် တည်ဆောက်ရန် မျှော်လင့်လျက်ရှိ

ဇန်နဝါရီ ၁၂

အရန်ရေနံသိုလှောင်မှုလုပ်ခဲ့ပြီးနောက် အိန္ဒိယသည် နိုင်ငံ၏ စွမ်းအင်လုံခြုံရေးကို ပိုမိုအားကောင်းလာစေရန်၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကရှိ အဓိက စွမ်းအင် ထောက်ပံ့ရေးနိုင်ငံများမှ နှစ်ရှည်နိုင်ငံရေး အန္တရာယ်များကြောင့် ထွက်ပေါ်လာနိုင်သော ထောက်ပံ့ရေး ပြတ်တောက်ခြင်းနှင့် မကြာခဏ ဈေးအတက်အကျဖြစ်ခြင်းများမှ ကာကွယ်နိုင်ရန် ယခုအခါ မဟာဗျူဟာမြောက် သဘာဝဓာတ်ငွေ့သိုက် တည်ဆောက်နေသည်။

 တရုတ်နိုင်ငံနှင့် မကြာသေးမီက ဖြစ်ပွားခဲ့သော နယ်စပ်ဒေသတိုက်ပွဲများနှင့် စစ်ပွဲများကဲ့သို့ အခြေအနေများ ဖြစ်ပွားခြင်းတို့ကြောင့် ဝယ်လိုအားမြင့်တက်လာခြင်းနှင့် ဈေးနှုန်းတက်ခြင်းတို့ကို ဖြေရှင်းရန် နိုင်ငံအတွက် အထောက်အကူဖြစ်စေလိမ့်မည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ ဈေးနှုန်းများ တည်ငြိမ်သောစီးဆင်းနေသော ကမ္ဘာ့စွမ်းအင်ဈေးကွက်သည် နိုင်ငံတွင်း မဟာဗျူဟာမြောက် သဘာဝဓာတ်ငွေ့သိုက်များ တည်ဆောက်ရန် တွန်းအားပေးနေကြောင်း ဖွံဖြိုးမှုအတွက် အရင်းအမြစ်များမှ ပြောကြားခဲ့သည်။ ၎င်းအတွက် ကြေညာချက်သည် ၂၀၂၁-၂၂ ဘတ်ဂျက်ကာလ အစောဆုံး ပြုလုပ်နိုင်သည်။

နိုင်ငံသည် လက်ရှိ မဟာဗျူဟာမြောက် ရေနံသိုလှောင်မှုကို ဖြည့်ဆည်းရန် FY21 ၏ ပထမသုံးလ (ဧပြီ - ဇွန်)တွင် ရေနံဈေးနည်းပါးမှုများကို အခွင့်ကောင်းယူပြီး အကြီးအကျယ် စုဆောင်းခဲ့သည်။ အစိုးရက ယခုအချိန်သည် ဓာတ်ငွေ့အတွက်လည်း အလားတူ အခြေခံအဆောက်အအုံများအတွက် အချိန်ကောင်းဟု ယူဆနေသည်။

Spot LNG ဈေးနှုန်းများသည် လက်ရှိတွင် ဗြိတိန်အပူချိန်ယူနစ် mmBtu တစ်ခုလျှင် အမေရိကန်ဒေါ်လာ ခြောက်ဒေါ်လာ ဝန်းကျင်ရှိကာ ပြီးခဲ့သောနှစ် အစောပိုင်းထက် အနည်းငယ် ဈေးများသော်လည်း မဟာဗျူဟာကျသိုလှော်ရုံအား ပဏာမတွန်းအားပေးရန် ဈေးဆွဲဆောင်လျက်ရှိသည်။
မဟာဗျူဟာမြောက် သဘာဝဓာတ်ငွေ့သိုက်ကို တည်ဆောက်ရန် စီမံကိန်းသည် ကုန်ခမ်းသွားသော ဓာတ်ငွေ့များကို လောင်စာဆီများ ထည့်သွင်းခြင်းသို့မဟုတ် ကြီးမားသောဆားဥမင်များတွင် သိုလှောင်မှု မြှင့်တင်ရန်ဖြစ်သည်။

မဟာဗျူဟာမြောက် ဓာတ်ငွေ့သိုက်အတွက်အစီအစဉ်သည် ၂၀၃၀ ပြည့်နှစ်တွင် သဘာဝဓာတ်ငွေ့သုံးစွဲမှုသည် နှစ်ဆတိုးတက်လာကာ ဝယ်လိုအားနှင့် ပြည်တွင်းထုတ်လုပ်အကြား ကြီးမားသော ကွာဟမှု ဖြစ်လာလိမ့်မည်ဟု အကြံပြုထားသည့် တရားဝင်လေ့လာချက်အပြီး ထွက်ပေါ်လာခြင်းဖြစ်သည်။ ၎င်းသည် နိုင်ငံ၏ ပြည်တွင်းသုံးစွဲမှု လိုအပ်ချက်၏ ၈၅ ရာခိုင်နှုန်းကျော်ကို ဖြည့်တင်းရန် ပြည်ပထောက်ပံ့ရေးများအပေါ် မှီခိုနေရသောကြောင့် သဘာဝဓာတ်ငွေ့တင်သွင်းမှုကို တိုးမြှင့်စေပြီး ရေနံတင်သွင်းမှုအဆင့်နှင့် ပိုမိုနီးကပ်စေသည်။
 
လက်ရှိတွင် သဘာဝဓာတ်ငွေ့သုံးစွဲမှု၏ ထက်ဝက်နီးပါးသည် တင်သွင်းမှုမှရရှိသည်။ အစိုးရသည် ပိုမိုသန့်ရှင်းသော သဘာဝဓာတ်ငွေ့အခြေပြု စီးပွားရေးကို တည်ဆောက်ရန် စိတ်အားထက်သန်သောကြောင့် သုံးစွဲမှုများသည် မြင့်တက်လာနိုင်ပြီး LNG တင်သွင်းမှုကို တိုးမြှင့်လာစေသည်။

အမျိုးသား စွမ်းအင်မူဝါဒကို အပြီးသတ်ရေးဆွဲနေသော Niti Aayog ကလည်း မဟာဗျူဟာမြောက် ဓာတ်ငွေ့သိုက်တည်ဆောက်ရန် အကြံပြုသည်။  

ရေနံနှင့် သဘာဝဓာတ်ငွေ့ဝန်ကြီးဌာနမှ ခုံအဖွဲ့သည် ဓာတ်ငွေ့သိုက်တည်ဆောက်ရန်အတွက် အမျိုးမျိုးသောအကြံပြုချက်များကို လေ့လာခဲ့ပြီး ၎င်းကိစ္စနှင့် ပတ်သက်၍ ကျွမ်းကျင်သူများ၏ အစီရင်ခံစာများ ရလာပြီးနောက် နောက်မကြာမီ ထိုကိစ္စအတွက် ဆုံးဖြတ်ချက်ချမည်ဖြစ်ကြောင်း တရားဝင်သတင်းရင်းမြစ်များအရ သိရသည်။ ရွေးချယ်မှုများကို အကဲဖြတ်ရန်အတွက် အကြံပေးများကို ငှားရမ်းရန်လည်း စီစဉ်ထားသည်။

 သဘာဝဓာတ်ငွေ့သိုက်သည် ဓာတ်ငွေ့သိုလှောင်စွမ်းကို တည်ဆောက်ရန် ပုဂ္ဂလိက ကဏ္ဍအပေါ် ပိုမို မှီခိုနိုင်သည်။ ဤကိစ္စနှင့်စပ်လျဉ်း၍ အမျိုးသားရေနံကုမ္ပဏီများ (NoCs) ၏ ကုန်ခမ်းနေသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက်များကို မဟာဗျူဟာနှင့် စီးပွားဖြစ်သိုလှောင်ရုံများအတွက် စိတ်ဝင်စားသော သဘာဝဓာတ်ငွေ့ဈေးရောင်းသူများအား အပြိုင်အဆိုင် ကမ်းလှမ်းလိမ့်မည်။ ၎င်းကိစ္စနှင့်အတွက် မူဝါဒကို ရေနံဝန်ကြီးဌာနမှ ချမှတ်နိုင်သည်။

ထို့အပြင် မဟာဗျူဟာမြောက် သဘာဝဓာတ်ငွေ့သိုက်ကို တည်ဆောက်ရန် ဆားဥမင်များနှင့် မြေအောင်းလွှာများကဲ့သို့သော အခြားရွေးချယ်စရာများကိုလည်း လေ့လာလိမ့်မည်။ သိုလှောင်မှုကို သတ်မှတ်ပြီးသည်နှင့် သိုလှောင်မှုကိုအသုံးပြုရန် လေလံများ ခေါ်ယူလိမ့်မည်။ နိုင်ငံခြား သဘာဝဓာတ်ငွေ့ထုတ်လုပ်သည့် ကုမ္ပဏီများအားလည်း မဟာဗျူဟာကျ ရေနံသိုက်ကိစ္စတွင် ဆောင်ရွက်ခဲ့သကဲ့သို့ပင် သိုလှောင်မှုတွင် ပါဝင်ရန် ကမ်းလှမ်းနိုင်သည်။

 လိုအပ်ချိန်တွင် လောင်စာကို အလွယ်တကူအသုံးပြုနိုင်ရန် သိုလှောင်ရုံကို ပိုက်လိုင်း၏ အခြေခံအဆောက်အအုံနှင့် နီးကပ်စွာရွေးချယ်နိုင်သည်။

“မဟာဗျူဟာမြောက် ဓာတ်ငွေ့သိုက်က အဓိက အခြေခံအဆောက်အအုံ စီမံကိန်းတွေအတွက် အနှောင့်အယှက်မရှိ လောင်စာ ထောက်ပံ့မှုကို သေချာစေတာကြောင့် နိုင်ငံအတွက် အလုပ်ဖြစ်တယ်။ ဒါပေမဲ့ သိုလှောင်မှုအတွက် ကုန်ကျစရိတ်ကို သုံးစွဲသူတွေရဲ့ လောင်စာဈေးအတွက် နိမ့်အောင် ထားသင့်တယ်။ ၂၅,၀၀၀ မက်ဂါဝပ်နီးပါး ဓာတ်ငွေ့အခြေပြု စွမ်းအင်စီမံကိန်းတွေက ဓာတ်ငွေ့မလုံလောက်တာကြောင့် ဖိအားများတာ ဒါမှမဟုတ် စွမ်းအင်နည်းနည်းနဲ့ လည်ပတ်နေတာတွေ ဖြစ်နေတယ်”ဟု အမည်မဖော်လိုသူ စွမ်းအင်ကဏ္ဍ လေ့လာသုံးသပ်သူက ပြောသည်။

လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း ပြည်တွင်း ဓာတ်ငွေ့ထုတ်လုပ်မှုသည် မတည်မငြိမ်ဖြစ်ခဲ့သောကြောင့် ဓာတ်ငွေ့အတွက် မဟာဗျူဟာမြောက် သိုလှောင်မှုသည် အိန္ဒိယအတွက် အလုပ်ဖြစ်နိုင်သည်။

နိုဝင်ဘာလထိဖြစ်သော လက်ရှိဘဏ္ဏာရေးနှစ် (FY21)တွင် ဓာတ်ငွေ့ထုတ်လုပ်မှုသည် ၁၈,၇၀၄ MMSCM ထိ ၁၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကာ သုံးစွဲမှုသည် တည်ငြိမ်နေပြီး LNG တင်သွင်းမှုများ တိုးလာခဲ့သည်။
 
အိန္ဒိယသည် Vishakhapatnam၊ Mangalore နှင့် Padur တို့တွင် မြေအောက်မဟာဗျူမြောက် ရေနံသိုက် တန်ချိန် ၅.၃၃ မီလီယံရှိသည်။ ၎င်းကိုလည်း  ၉၀-၁၀၀ ရက် စတော့ရှယ်ယာနှင့် အတူမဟာဗျူဟာမြောက်ရေနံသိုက်စက်ရုံအဖြစ် တိုးချဲ့လျက်ရှိသည်။

မဟာဗျူဟာမြောက် ဓာတ်ငွေ့သိုက်တစ်ခုသည် အိန္ဒိယအတွက် အသစ်အဆန်းမဟုတ်ပေ။ စွမ်းအင်သုံးစွဲမှုများသော နိုင်ငံများတွင် ထောက်ပံ့မှုလုံခြုံမှုရှိစေရန် သိုလှောင်မှုစနစ်ကို တည်ဆောက်ထားသည်။ အမေရိကန်သည် ကမ္ဘာလုံးဆိုင်ရာ ဓာတ်ငွေ့သိုလှောင်မှု၏ သုံးပုံတစ်ပုံနီးပါးရှိကာ  ရုရှား၊ ယူကရိန်း၊ ကနေဒါနှင့် ဂျာမနီတို့သည်လည်း အများအပြား ပိုင်ဆိုင်ကြသည်။ တရုတ်တွင်လည်း ဓာတ်ငွေ့သိုလှောင်ရုံများ ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly