နိုင်ငံခြားငွေကိုင်ဆောင်ခွင့်ရုတ်သိမ်း၍ နိုင်ငံခြားခရီးသွားများ စိုးရိမ်စရာမရှိဟု ဗဟိုဘဏ် ဒုဥက္ကဋ္ဌပြော

နိုင်ငံခြားငွေကိုင်ဆောင်ခွင့်ရုတ်သိမ်း၍ နိုင်ငံခြားခရီးသွားများ စိုးရိမ်စရာမရှိဟု ဗဟိုဘဏ် ဒုဥက္ကဋ္ဌပြော

ရန်ကုန်၊ နိုဝင်ဘာ ၂၂ ။ ။ နိုင်ငံခြားငွေကိုင်ဆောင်ခွင့်ကို ဗဟိုဘဏ်က မကြာသေးမီက ရုတ်သိမ်းလိုက်ခြင်းကြောင့် နားလည်မှုလွဲမှားမှုများ ဖြစ်ပေါ်ခဲ့သည့်အပေါ် ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဆက်အောင်က နိုဝင်ဘာ ၂၁ရက်က ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များကို နိုင်ငံခြားငွေ လက်ခံကိုင်ဆောင် သုံးစွဲရေးနည်းလမ်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည့် အခမ်းအနားတွင် ထည့်သွင်းရှင်းလင်းခဲ့သည်။ 

အဆိုပါအခမ်းအနားတွင် မကြာသေးမီကထုတ်ပြန်ခဲ့သော နိင်ငံခြားငွေလဲလှယ်မှုဆိုင်ရာ ဥပဒေသစ်  (Foreign Exchange Management Law ) နှင့် ပတ်က်၍ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များအကြား နားလည်မှုလွဲမှားနေသော နိုင်ငံခြားငွေကိုင်ဆောင်ခွင့် ရုတ်သိမ်းခြင်းကိစ္စကို ရှင်းလင်းပြောကြားခဲ့သည်။ 

ဘဏ်လုပ်ငန်းများအနေဖြင့်လည်း ဒေါ်လာငွေတစ်ခုတည်းလက်ခံသော single currency နည်းမသုံးဘဲ multiple currency နည်းအသုံးပြုစေလိုကြောင်း ဦးဆက်အောင်က တိုက်တွန်းခဲ့သည်။ 

International credit, Visa card, Master card ကိုင်ဆောင်သော နိုင်ငံခြားသားများအနေဖြင့် ဒေါ်လာငွေတဆင့်လဲလှယ်စရာမလိုဘဲ မိမိနိုင်ငံ၏ ငွေကြေးနှင့်ညီမျှသော မြန်မာငွေကို တိုက်ရိုက်ပေးချေနိုင်သောကြောင့် ဒေါ်လာငွေကိုင်ဆောင်ခွင့်ရုတ်သိမ်းခြင်းကို စိုးရိမ်စရာမရှိဟုလည်း ၎င်းက ပြောကြားခဲ့သည်။ 

ဗဟိုဘဏ်အနေဖြင့် ငွေသားအသုံးပြုခြင်း (cash transition) အစား အီလက်ထရောနည်းဖြင့်ငွေပေးချေမှု (E-payment) စနစ်တွင်ကျယ်အောင် ဆောင်ရွက်လျက်ရှိပြီး ဖွံ့ဖြိူးလာသောနိင်ငံဧ။်စီပွားရေးနှင့်အတူကြုံတွေ့လာနိုင်သည့် ငွေကြေးဖောင်းပွမှု၊ နိုင်ငံငွေထက် ဒေါ်လာငွေသုံးစွဲမှု များပြားခြင်း (Dollarization process) စသည်တို့ကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ရည်ရွယ်၍ နိုင်ငံခြားငွေကိုင်ဆောင်ခွင့် ရုတ်သိမ်းခြင်းဖြစ်ကြောင်း ထပ်မံရှင်းလင်းပြောကြားခဲ့သေးသည်။

မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ စီစဉ်မှုဖြင့်  ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များကို နိုင်ငံခြားငွေ လက်ခံကိုင်ဆောင် သုံးစွဲရေးနည်းလမ်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည့် အခမ်းအနားကို ဗိုလ်တထောင်မြို့နယ် အမျိုးသားစီမံခန့်ခွဲမှုပညာကောလိပ်တွင် နိုဝင်ဘာ ၂၁ရက် နံနက် ၉နာရီ ၃၀ခန့်မှ နေ့လည်က ပြုလုပ်ခဲ့ပြီး ဟိုတယ်ခရီး ဝန်ကြီးဌာန ဝန်ကြီးဦးဋ္ဌေးအောင် နှင့် ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဆက်အောင် အပါအဝင် အစည်းအဝေး ၁၄ခုမှ လူပေါင်း ၂၅၀ခန့် တက်ရောက်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly