၂၀၂၁  ဖေဖော်ဝါရီမှာ လွှတ်တော်တွေ ခေါ်ယူဖို့ လျာထား 

၂၀၂၁  ဖေဖော်ဝါရီမှာ လွှတ်တော်တွေ ခေါ်ယူဖို့ လျာထား 

  ၂၀၂ဝ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲမှာ အနိုင်ရရှိတဲ့  လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ စတင်မယ့် တတိယအကြိမ် လွှတ်တော်အစည်းအဝေးတွေကို  လာမယ့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ပထမအပတ်ထဲမှာ ခေါ်ယူဖို့ လျာထားတယ်လို့  ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က  ပြောပါတယ်။  ဒီဇင်ဘာလ ၇ ရက်နေ့က တတိယအကြိမ် ပြည်ထောင်စုအဆင့် လွှတ်တော်တွေရဲ့  ပထမပုံမှန်လျာထား အစည်းအဝေးတွေအတွက် ကြိုတင်ပြင်ဆင်ရမယ့် အုပ်ရေးမှုဆိုင်ရာ  လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ အစည်းအဝေးကို နေပြည်တော်ရှိ လွှတ်တော်  အဆောက်အအုံ ဇဗ္ဗူသီရိခန်းမဆောင်မှာ အစည်းအဝေး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် / တင်ဆက် - အောင်မြတ်သူ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly