ရွေးကောက်ပွဲနဲ့ ဆိုင်ရာ  ဥပဒေတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံ  အခြေခံ ဥပဒေဖြစ်လာတဲ့အတွက် တပ်မတော်အနေနဲ့ လိုက်တာသင်တယ်ဟုဆို

ရွေးကောက်ပွဲနဲ့ ဆိုင်ရာ  ဥပဒေတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံ  အခြေခံ ဥပဒေဖြစ်လာတဲ့အတွက် တပ်မတော်အနေနဲ့ လိုက်တာသင်တယ်ဟုဆို

တပ်မတော်အနေနဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေနဲ့ သက်ဆိုင်တဲ့ မဲရုံပေါင်း ၁၂၇ရုံအတွက် မဲစာ ရင်းအပါအဝင် ရွေးကောက်ပွဲစာရွက်စာတမ်း ၁၁မျိုးကို မှတ်တမ်းထားရှိဖို့ ကချင်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ကို တောင်းခံလာခဲ့ပါတယ်။

ဒီလိုတောင်းခံမှုနဲ့ပတ်သက်ပြီး ဥပဒေနဲ့မညီတဲ့ဆောင်ရွက်ချက်ဖြစ်တဲ့အတွက် ခွင့်ပြုမပေးနိုင်ဘူးလို့  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာလ ၇ရက်ငြင်းဆိုလိုက်ပါတယ်။

ဒီလိုငြင်းဆိုခွင့်ဟာ ၂၀၀၈ အခြေခံဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်ဖြစ်တဲ့အတွက် အခြေခံဥပဒေကိုထိန်းသိမ်းကာကွယ်စောင့်ရှောက်မယ်လို့ဆိုတဲ့ တပ်မတော်အနေနဲ့ လိုက်နာသင့်တယ်လို့ ဥပဒေပညာရှင်အချို့ကဆိုပါတယ်။

တည်းဖြတ် / တင်ဆက် - ချမ်းငြိမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly