ကမ္ဘာ့တတိယ လေထုအညစ်ညမ်းဆုံးမြို့ လာဟိုလ်း

ကမ္ဘာ့တတိယ လေထုအညစ်ညမ်းဆုံးမြို့ လာဟိုလ်း

ဒီဇင်ဘာ ၄

ပါကစ္စတန် လာဟိုလ်းမြို့အား ဆွစ်‌လေကြောင်းနည်းပညာကုမ္ပဏီ IQAir မှ အချက်အလက်များအရ ဗုဒ္ဓဟူးနေ့တွင် ကမ္ဘာ့ တတိယ လေထုအညစ်ညမ်းဆုံးမြို့အဖြစ် သတ်မှတ်ခဲ့သည်။ IQAir အရ ထိုအစီရင်ခံစာ တင်ပြချိန်တွင် လာဟိုလ်းမြို့၏ လေထုအရည်အသွေးညွှန်းကိန်း (AQI)သည် ကောင်းမွန်ကြောင်း သတ်မှတ်ထားသည့် အမြင့်ဆုံးပမာဏထက် ငါးဆမြင့်တက်နေကြောင်း Geo News က တင်ပြထားသည်။
 
အမေရိကန်ပြည်ထောင်စု ပတ်ဝန်းကျင်ကာကွယ်ရေးအေဂျင်စီက AQI သည် ၅၀ အောက်ဖြစ်ပါက ကျေနပ်ဖွယ်ဟု သတ်မှတ်ကြောင်းပြောသည်။ သို့ရာတွင် လာဟိုလ်းမြို့၏ လေထူအရည်အသွေးမှာ ၂၅၀ ရှိပြီး လွန်စွာပင်ဆိုးဝါးသည်ဟု ယူဆနိုင်သည်။

Geo News အရ မီးခိုးငွေ့များကို လျှော့ချရန် ပန်ဂျပ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့သည် အုတ်ဖိုပေါင်း ၆၁၃ ခု၊ စက်ရုံပေါင်း ၂,၁၄၈ ခု၊ မော်တော်ယာဉ်ပေါင်း ၈,၅၇၉ စီးတို့အား ပိတ်သိမ်းခဲ့ကြောင်း နိုဝင်ဘာ ၂၂ ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။

အာဏာပိုင်များသည် လေထုညစ်ညစ်ရေး ထိန်းချုပ်ချက်များအား ဖီဆန်သူ ၄၇၈ဦးအား ဖမ်းဆီးခဲ့ကြကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

နိုဝင်ဘာ ၂၃တွင် လာဟိုလ်း၏ လေထုအရည်အသွေးညွှန်းကိန်းသည် လုံခြုံစိတ်ချရသော ကန့်သတ်ချက်ထက် ခြောက်ဆ ကျော်နေသဖြင့် ကမ္ဘာ့ပေါ်ရှိ လေထုအညစ်ညမ်းဆုံးမြို့များတွင် ပါဝင်လာသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required