မြန်မာနိုင်ငံစက်မှုဇုန်ဖွံ့ဖြိုးရေးလုပ်ငန်းတွင်ထိုင်းလုပ်ငန်းစုကြီးများပါဝင်ရန်သဘောတူညီ

မြန်မာနိုင်ငံစက်မှုဇုန်ဖွံ့ဖြိုးရေးလုပ်ငန်းတွင်ထိုင်းလုပ်ငန်းစုကြီးများပါဝင်ရန်သဘောတူညီ

ဒီဇင်ဘာ ၄

ထိုင်းနိုင်ငံမှလုပ်ငန်းစုကြီးလေးခုဖြစ်သည့် ဘီဂရင်းအုပ်စု(B.Grimm Group)၊ အမတကော်ပိုရေးရှင်း (Amata Corporation )၊ ပီတီတီ (PTT ) နှင့် ဂလိုဘယ်ပါဝါဆင်နာဂျီ(Global Power Synergy ) တို့ သည် မြန်မာနိုင်ငံတွင်တည်ဆောက်မည့် ၈၀၀ စတုရန်း ကီလိုမီတာ ကျယ်ဝန်းမည့်စက်မှုဇုန်တစ်ခု ဖွံ့ဖြိုးရေးလုပ်ငန်းတွင်ပါဝင်ရန်သဘောတူညီပြီးဖြစ်သည်။

လာမည့်နှစ်ဆန်းပိုင်းတွင်နားလည်မှုစာချွန်လွှာ (Memorandum of Understanding ) တစ်ခုကို လက်မှတ်ရေးထိုးနိုင်ရန်မျှော်လင့်ထားသည်ဟု ဘီဂရင်း၏ဥက္ကဋ္ဌ ဟာရဲလ်လင့် မှပြောကြားခဲ့သည်။

ဘီဂရင်း၏တာဝန်မှာစက်မှုဇုန်ကိုအဓိကဓာတ်အားဖြန့်ဖြူးပေးမည့်ဓာတ်အားပေးစက်ရုံတစ်ရုံလည်ပတ်ပေးရန်ဖြစ်ပြီးမြန်မာအစိုးရထံဓာတ်အားများရောင်းချပေးသွားမည်ဖြစ်ကြောင်းမစ္စတာလင့်မှပြောကြားခဲ့သည်။

လာမည့် ရှစ်နှစ် ကျော် ကာလအတွင်း ဘီဂရင်းအုပ်စု၏လျှပ်စစ်စွမ်းအားလုပ်ငန်းသည် အဓိကဝင်ငွေရ ရှိနိုင်မည့်လုပ်ငန်းတစ်ခုဖြစ်လာနိုင်ကြောင်း၊ ၂၀၂၈ ခုနှစ်တွင် စုစုပေါင်းဝင်ငွေ ဘတ်သန်း ၁၅၀ ဘီလီယံ အထိရရှိနိုင်ရန်ရည်ရွယ်ထား ကြောင်းဖြင့်မစ္စတာလင့်မှပြောကြားခဲ့သည်။

ဘီဂရင်းသည်ထိုင်း၊လာအိုနှင့်ဗီယက်နမ်နိုင်ငံများတွင်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းများလုပ် ကိုင်လျက်ရှိပြီးကမ္ဘောဒီယားတွင်လျှပ်စစ်ဓာတ်အားများတစ်ဆင့်ပေးပို့သည့်လုပ်ငန်းတစ်ခုရှိသည်။ဘီဂ ရင်း၏ဓာတ်အားပေးစက်ရုံ၊နေရောင်ခြည်သုံးဓာတ်အားပေးစက်ရုံ၊ဓာတ်အားစုဆောင်းရေးစက်ရုံနှင့် စွန့်ပစ်ပစ္စည်းမှလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံများမှ စုစုပေါင်းဓာတ်အား  ၃၀၁၉ မီဂါဝပ် ထုတ်လုပ်လျက်ရှိသည်။

မစ္စတာလင့်က“ဗီယက်နမ်ဟာအလားအလာအများဆုံးရှိတဲ့ဈေးကွက်တစ်ခုဖြစ်တယ်။ကျွန်တော်တို့ဟာအဲဒီမှာအကြီးမားဆုံးဓာတ်အားထုတ်လုပ်တဲ့လုပ်ငန်းဖြစ်ပြီးပိုက်လိုင်းကနေဓာတ်အား ၁၀၀၀ က ၃၀၀၀ မီဂါဝပ်ပို့ပေးတဲ့ စီမံကိန်းတွေကိုလုပ်ဆောင်နေတယ်။ပြီးတော့ကျွန်တော်တို့မှာဗီယက်နမ်ကနေ နှစ်စဉ် LNG ဓာတ်ငွေ့ရည်တန် ၆၅၀ ၀၀၀ တင်သွင်းဖို့ခွင့်ပြုချက်ရထားတယ်”ဟုပြောကြားခဲ့သည်။

စောစောပိုင်းကဘီဂရင်းအုပ်စုသည်လေအေးပေးစက်ထုတ်လုပ်ရေး၊ကျန်းမာရေးဆိုင်ရာပစ္စည်းများထုတ် လုပ်ရေးတို့ကိုလုပ်ဆောင်ခဲ့သည့်ကုမ္ပဏီဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly