ကရင်ပြည်နယ်မှာ မသန်စွမ်း ကလေးငယ်တွေအတွက် ပညာရေးစီမံကိန်း ဂျပန် စတင် 

03 December 2020
ကရင်ပြည်နယ်မှာ မသန်စွမ်း ကလေးငယ်တွေအတွက် ပညာရေးစီမံကိန်း ဂျပန် စတင် 

အကူအညီပေးရေးနှင့် ပြန်လည် ထူထောင်ရေးအသင်း - ဂျပန် (AAR Japan) ဟာ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မှာ မသန်စွမ်း က‌လေးငယ်တွေအတွက် အားလုံး အကြုံးဝင် ပညာရေးစနစ် သုံးနှစ်စီမံကိန်းကို ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အကူအညီနဲ့ စတင်ဆောင်ရွက်မယ်လို့ သိရပါတယ်။  

ကလေးငယ်တွေအတွက် အားလုံး အကြုံးဝင် ပညာရေးစနစ် သုံးနှစ်စီမံကိန်းကို လူထုအခြေပြု ချဉ်းကပ်နည်းကတစ်ဆင့် ကလေးတွေရဲ့ ပညာရေး အခွင့်အလမ်းတွေကို ဖော်ဆောင်ပေးမှာ ဖြစ်တယ်လို့ ဂျပန် NGO တစ်ခုဖြစ်တဲ့ AAR Japan ရဲ့ ဘားအံရုံးခွဲက သတင်းထုတ်ပြန်ထားပါတယ်။ 

တည်းဖြတ် - ဇော်မင်း‌ထွေး

တင်ဆက် - ချိုဇင်မာဝင့်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required