တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို ဘယ်လိုခန့်အပ်ကြမလဲ

တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို ဘယ်လိုခန့်အပ်ကြမလဲ

လာမယ့် ၂၀၂၁ ခုနှစ်ထဲမှာ ပြည်ထောင်စုအစိုးရ ဖွဲ့စည်းပြီးလို့ နိုင်ငံတော်သမ္မတကို တင်မြှောက်ပြီးတဲ့အခါ သမ္မတက တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို ခန့်အပ်ရမှာပါ။  

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခံရသူက ဝန်ကြီးချုပ်တွေကို အမည်စာရင်းတင်သွင်းရပြီး သက်ဆိုင်ရာ လွှတ်တော်အသီးသီးက အတည်ပြုရတာလည်းဖြစ်ပါတယ်။

သမ္မတက အမည်စာရင်းတင်သွင်းသူတွေကို လွှတ်တော်တွေက ပယ်ချဖို့ အခွင့်အရေး မရှိသလောက်နည်းပါးပါတယ်။ ဒါကြောင့်ပဲ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို လွှတ်တော်ကိုယ်စားလှယ်တွေက နာမည်စရင်းတင်သွင်းပြီး သမ္မတကအတည်ပြုပေးတဲ့စနစ်ကို ၂၀၁၅ ခုနှစ်က အဆိုပြုခဲ့ဖူးပေမယ့် ပယ်ချခံရဖူးပါတယ်။

တည််းဖြတ်် / တင်ဆက် - စိုးသူအောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly