အိန္ဒိယသည် OIC အား  ပြည်တွင်းအရေးများအား “မမှန်ကန်သော မလိုအပ်သော ကိုးကားချက်များ”ပြုလုပ်ခဲ့ခြင်းကြောင့် ရှုတ်ချ

အိန္ဒိယသည် OIC အား  ပြည်တွင်းအရေးများအား “မမှန်ကန်သော မလိုအပ်သော ကိုးကားချက်များ”ပြုလုပ်ခဲ့ခြင်းကြောင့် ရှုတ်ချ

နိုဝင်ဘာ ၂၉ 

အိန္ဒိယသည် တနင်္ဂနွေနေ့တွင် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) အား အကြီးအကျယ် ပြစ်တင်ပြောဆိုခဲ့ပြီး ၄၇ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးကောင်စီအစည်းအဝေးတွင် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်တွင်ပါဝင်သော “မမှန်ကန်သော တရားမျှတမှုမရှိသော မလိုအပ်သော ကိုးကားချက်များ”ဟု ဆိုကာ ငြင်းပယ်လိုက်သည်။

ဂျမူးနှင့် ကတ်ရှမီးယားအပါအဝင် အိန္ဒိယ ပြည်တွင်းရေးကိစ္စများအတွက် OIC တွင် “တရားရုံးတင်ရန်အခွင့်အရေးမရှိကြောင်း” နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေငြာချက်တွင် ပြောထားသည်။

“OIC မှ ၂၀၂၀ခုနှစ် နိုဝင်ဘာလ ၂၇-၂၈ တွင် နိုင်ဂျာသမ္မတနိုင်ငံ နီယာမိုင်တွင် ကျင်းပပြုလုပ်ခဲ့သော ၄၇ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးကောင်စီအစည်းအဝေးတွင် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်တွင်ပါဝင်သော “မမှန်ကန်သော တရားမျှတမှာမရှိသော မလိုအပ်သော ကိုးကားချက်များ” အားလုံးကို လုံးဝငြင်းပယ်ပါတယ်။”ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။
 
၎င်းကဆက်လက်၍ “OIC အနေဖြင့် အိန္ဒိယ၏ အပိုင်ဖြစ်သော ဂျမူးနှင့် ကတ်ရှမီးယား ပြည်ထောင်စုနယ်မြေ အပါအဝင် အိန္ဒိယ ပြည်တွင်းရေးများတွင် တရားရုံးတင်ရန် အခွင့်အရေးမရှိစေရန် လုပ်ဆောင်ထားတယ်”ဟု ဖော်ပြထားသည်။

 OIC အနေဖြင့် ဘာသာရေး လက်ခံမှု၊ အစွန်းရောက်ဝါဒနှင့် လူနည်းစုများအား ညှင်းပန်းနှိပ်စက်မှုများတွင် အမည်ဆိုးရှိသော နိုင်ငံတစ်နိုင်ငံ၏ အသုံးချခြင်းခံနေရခြင်းမှာ နောင်တရဖွယ်ကောင်းကြောင်း MEA သည် ပါကစ္စတန်အား သွယ်ဝိုက်ပြောဆိုခဲ့သည်။

“OIC အနေနဲ့ အိန္ဒိယ ဆန့်ကျင်ရေးဝါဒ ဖြန့်ရန်အတွက် ဘာသာရေး လက်ခံမှု၊ အစွန်းရောက်ဝါဒနဲ့ လူနည်းစုတွေကို ညှင်းပန်းနှိပ်စက်မှုတွေမှာ အမည်ဆိုးရှိသော နိုင်ငံတစ်နိုင်ငံ၏ အသုံးချခြင်းခံနေရခြင်းမှာ နောင်တရဖွယ်ကောင်းတယ်။ OIC အနေနဲ့ အနာဂါတ်မှာ ထိုကဲ့သို့သော အပြုအမူများတွင် မပါဝင်ဖို့ အကြံပေးချင်တယ်”ဟု MEA က ထပ်ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required