ဘလို့ချီစတန်တွင် ပါမောက္ခ ပျောက်ဆုံး - အတင်းအဓ္ဓမဖမ်းဆီး ဖျောက်ဖျက်ခြင်းများ၏ နောက်ထပ် ဖြစ်ရပ်တစ်ခုလား

 ဘလို့ချီစတန်တွင် ပါမောက္ခ ပျောက်ဆုံး - အတင်းအဓ္ဓမဖမ်းဆီး ဖျောက်ဖျက်ခြင်းများ၏ နောက်ထပ် ဖြစ်ရပ်တစ်ခုလား

ဒီဇင်ဘာ ၃

ပါကစ္စတန်နိုင်ငံတွင် ပါမောက္ခ လီယာကွတ် ဆနီ ဘန်ဂူလ်ဇိုင်သည် အခြား တက္ကသိုလ်ပါမောက္ခ နှစ်ဦးနှင့်အတူ ဘလို့ချီစတန်ရှိ ခုဇ်ဒါသို့ သွားရောက်စဉ် အဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရကြောင်း အရာရှိများက ပြောကြားသည်။
 
နောက်ပိုင်းတွင် အခြား ပါမောက္ခ နှစ်ဦးဖြစ်သည့် ပါမောက္ခ ရှဘ်ဘီယာ ရှရှ်ဝနီ  နှင့် ပါမောက္ခ နီဇမ် ရရှ်ဝနီ တို့အား ကွေတာ-တက်ဖ်တန် အဝေးပြေးလမ်းတစ်လျောက် ကနက်  ဒေသတွင် တွေ့ရှိခဲ့သည်။ သို့ရာတွင် လီယာကွတ် ဆနီ အား မတွေ့ရပေ။

ဒေါက်တာ လီယာကွတ် ဆနီ အား သည် ခုဇ်ဒါရှိ စာမေးပွဲစင်တာများသို့ သွားရောက်ရန် အခြားပါမောက္ခ နှစ်ဦးနှင့်အတူ ကွေတာ မှ ထွက်လာခဲ့သော်လည်း အမည်မသိလက်နက်ကိုင်များသည် မက်တွန် တွင် သူတို့ကားအား နှောင့်ယှက်ခဲ့ပြီး ခြိမ်းခြောက်ခေါ်ဆောင်သွားခဲ့သဖြင့် ခုဇ်ဒါ သို့ မရောက်လာခဲ့ကြောင်း ဘလို့ချီစတန် တက္ကသိုလ်မှ အရာရှိများက ပြောသည်။
 
ယာဉ်အား မက်တွန် ရှိ ပရင်ဂါဘတ်တွင် စွန့်ပစ်လျက် တွေ့ရှိခဲ့ပြီး ပါမောက္ခ နှစ်ဦးအား ကနက်တွင် ပြန်လည် တွေ့ရှိခဲ့သည်။

ပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ လီယာကွတ် ရရှ်ဝါနီ က ဘလို့ချီစတန် တက္ကသိုလ်မှ ပါမောက္ခတစ်ဦး ပျောက်ဆုံးလျက်ရှိကြောင်း အတည်ပြုပြောကြားထားသည်။

ပျေက်ဆုံးနေသော ပါမောက္ခ နှစ်ဦးအား  ပြန်လည်ရှာတွေ့ခဲ့ကြောင်းနှင့် ပါမောက္ခ လီယာကွတ် ဆနီသည် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သူက တွစ်တာတွင် ရေးသားဖော်ပြခဲ့သည်။ သူအား ကောင်းမွန်စွာ ပြန်လည်ရှာဖွေတွေ့ရှိရန် ကြိုးပမ်းဆောင်ရွက်နေကြကြောင်း ပြောကြားခဲ့သည်။
 
“ မက်တွန် ဒေသ အာဏာပိုင်တွေနဲ့ လုံခြုံရေးအဖွဲ့တွေက ပျောက်ဆုံးနေတဲ့ တက္ကသိုလ် ပါမောက္ခကို ပြန်ရှာတွေ့ဖို့ အပြည့်အဝ ကြိုးပမ်းဆောင်ရွက်နေကြတယ်” ဟု ပြောခဲ့ကာ မကြာခင်တွင် ပြန်လည် ရှာတွေ့နိုင်ရန် မျော်လင့်ကြောင်း ဖော်ပြခဲ့သည်။

ဘလို့ချီစတန် တက္ကသိုလ် ပညာရေးဝန်ထမ်းအဖွဲ့အစည်း ဥက္ကဌ ဒေါက်တာ ကလီမူလာ ဘာရက်ရှ် က ပါမောက္ခ လီယာကွတ် ဆနီ အား စာမေးပွဲစင်တာများ စစ်ဆေးရန် သွားစဉ်တွင် ပြန်ပေးဆွဲခြင်းအား ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။

ပျောက်ဆုံးနေသော ဆရာအား ချက်ချင်းပြန်လည်ရှာတွေ့ရန် တောင်းဆိုခဲ့ပြီး ဝန်ထမ်းအဖွဲ့အစည်းအနေဖြင့် လုပ်ဆောင်မည့်အရာများအား မကြာခင် ကြေငြာမည်ဖြစ်ကြောင်း ပြောခဲ့သည်။

 ပါကစ္စတန် ပြည်သူများသည် #ReleaseProfessorLiaqatSunny အား အသုံးပြု၍ ပါမောက္ခအား ချက်ချင်းလွှတ်ပေးရန် တွစ်တာတွင် ရေးသား တောင်းဆိုနေကြသည်။

လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဂူလာလိုင် အစ္စမေးလ် ကပါမောက္ခ လီယာကွတ် ဆနီ အား ပြန်ပေးဆွဲခြင်းကို ပြင်းထန်စွာ ရှုတ်ချကြောင်း ပြောခဲ့သည်။
 
ပါကစ္စတန်တွင် အတင်းအဓ္ဓမဖျောက်ဖျက်ခြင်းများ ရှိနေသည်မှာ ကြာမြင့်လှပြီ ဖြစ်ပြီး အများစုမှာ အစိုးရနှင့် စစ်တပ်အပေါ် လူ့အခွင့်အရေး နှင့် လူနည်စု ကာကွယ်ရေး ဝေဖန်သူများအပြင် အတိုက်အခံတွင် ပါဝင်သည်ဟု သံသရှိသူ သို့မဟုတ် စွပ်စွဲခံရသူများအား ပစ်မှတ်ထားခြင်းဖြစ်သည်။

ပါကစ္စတန်တွင် ဘလို့ချီစတန်သည် အရင်းအမြစ် ပေါကြွယ်ဝသော်လည်း ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံး ပြည်နယ်ဖြစ်ပြီး လွန်ခဲ့သော ဆယ်စုနှစ်များစွာကပင် လွတ်လပ်‌ရေး လှုပ်ရှားမှု လုပ်ဆောင်လျက်ရှိသည်။ ဘလို့အများစုက ထိုဒေသသည် ၁၉၄၇ ထိ လွတ်လပ်ခဲ့ပြီး ပါကစ္စတန်မှ အင်အားသုံး သိမ်းပိုက်ခဲ့သည်စု ယုံကြည်ကြသည်။
 
အစိုးရ အဆက်ဆက်သည် အတင်းအဓ္ဓမ ဖျောက်ဖျက်မှုများအား အရေးယူဆောင်ရွက်ရန် ကတိပေးထားသော်လည်း မည်သူမှ တိကျခိုင်မာသော လုပ်ဆောင်မှုများ မလုပ်သေးဘဲ ထိုအလေ့အကျင့်သည် အရေးယူခြင်းမရှိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

ပါကစ္စတန် စစ်တပ်သည် ဘလို့ချီစတန်တွင် စစ်ဆင်ရေးများစွာ လုပ်ဆောင်ခဲ့ပြီး ဒေသခံများက “သေခြင်းတပ်ဖွဲ့”ဟု ခေါ်ဆိုသည့် ရာဇဝတ်သားများအား ကူညီထောက်ပံ့ခဲ့သည်။
ပါကစ္စတန် ဘလို့ချီစတန် ပြည်နယ်ရှိ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ ပညာရှင်များ၊ အမျိုးသမီးနှင့် ကလေးများ အများစုသည် လုံခြုံရေးတပ်ဖွဲ့များ၏ အတင်းအဓ္ဓမဖျောက်ဖျက်မှု၏ သားကောင်းများဖြစ်သည်။
 
အများစုသည် ထိန်းသိမ်းရေးစခန်းများတွင် နွမ်းလျစွာနေကြရပြီး အတင်းအဓ္ဓမ ဖမ်းဆီးခေါ်ဆောင်ခံရသော ဘလို့ တို့၏ ဖြတ်တောက်ထားသော ခန္ဓာကိုယ်များအား  စွန့်ပစ်ထားသော နေရာများတွင် တွေ့ရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required