ကိုဗစ်ကာကွယ်ဆေးပုလင်းထုတ်ဖို့ အမေရိကန်ချေးငွေ ထုတ်ပေး

03 December 2020
ကိုဗစ်ကာကွယ်ဆေးပုလင်းထုတ်ဖို့ အမေရိကန်ချေးငွေ ထုတ်ပေး

ကိုဗစ်ကာကွယ်ဆေးထုတ်နိုင်ဖို့ အလားအလာကောင်းလာချိန်မှာ ဒီကာကွယ်ဆေးတွေ ထည့်ပြီး ဖြန့်ချီပေးနိုငမယ့် ဆေးပုလင်းငယ်တွေလည်း သန်းထောင်နဲ့ချီ လိုအပ်လာပါတယ်။ အဆင်သင့်ဆေးထိုးနိုင်ဖို့ တခါစာဖြည့်ထားတဲ့ ဆေးပုလင်းငယ်တွေထုတ်တဲ့ ဆေးထိုးအပ်ကုမ္ပဏီ ApiJect အတွက် အမေရိကန်ဒေါ်လာ သန်း ၅၉၀ ထုတ်ချေးမယ်လို့အမေရိကန်အစိုးရကနိုဝင်ဘာလထဲမှာ အတည်ပြုလိုက်ပါတယ်။  ဒီဆေးပုလင်းငယ်ထဲကို ကာကွယ်ဆေးအမျိုးအစားအားလုံးနီးပါးထည့်ပြီး ဖြန့်ချီနိုင်ပါတယ်။ ရိုက်တာသတင်းဆောင်းပါးတပုဒ်ကို မအိသန့်စင်က တင်ဆက်ထားပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required