တရုတ်က၎င်း၏ရေပိုင်နက်အဖြစ်တစ်ဖက်သတ်သတ်မှတ်ထားသောပိုင်နက်မျဉ်း (nine-dash-line ) ချဲ့ထွင်လာမှုအပေါ် နိုင်ငံအများအပြားမှကန့်ကွက်  

By Nikkei Asia
02 December 2020
တရုတ်က၎င်း၏ရေပိုင်နက်အဖြစ်တစ်ဖက်သတ်သတ်မှတ်ထားသောပိုင်နက်မျဉ်း (nine-dash-line ) ချဲ့ထွင်လာမှုအပေါ် နိုင်ငံအများအပြားမှကန့်ကွက်  

ဒီဇင်ဘာ ၂

တရုတ်အစိုးရမှတောင်တရုတ်ပင်လယ်အတွင်း၎င်းတို့ပိုင်ဆိုင်သည်ဟုအခိုင်အမာဆိုထားသည့်ရေပိုင် နက်များကို ထပ်မံချဲ့ထွင်လာမှုအပေါ် ကန့်ကွက်ကြောင်း နှင့်တရုတ်၏ရေပိုင်နက်ချဲ့ထွင်မှုသည် အနီးရှိ အိမ်နီးချင်းနိုင်ငံများ၏ရေပိုင်နက်များကိုကျော်လွန်ကျယ်ပြန့်လာသည့်အတွက်စိုးရိမ်ပူပန်မိကြောင်း ဗြိတိန်၊ပြင်သစ်၊ ဂျာမနီ နှင့် အနည်းဆုံးနိုင်ငံ ၉ နိုင်ငံတို့က ကြေညာချက်တစ်ခုထုတ်ပြန်ခဲ့သည်။  

တောင်တရုတ်ပင်လယ်တစ်ခွင်လုံးနီးပါးပါဝင်နေသည့်တရုတ်ရေပိုင်နက်အဖြစ်တစ်ဖက်သတ်သတ်မှတ် ထားသောပိုင်နက်မျဉ်း (nine-dash-line ) အတွင်းရှိရေပြင်ကို”သမိုင်းကြောင်းအရပိုင်ဆိုင်ခွင့်” ရှိသည် ဟု တရုတ်တို့ကအခိုင်အမာပြောကြားထားသည်။ ထိုသို့ပြောကြားမှုကိုဥရောပ ၃ နိုင်ငံဖြစ်သည့် ဗြိတိန်၊ ပြင်သစ်နှင့်ဂျာမနီတို့ကနှုတ်အားဖြင့်ကန့်ကွက်ကြောင်း ပူးတွဲတင်ပြသည့်စာတစ်စောင်ကို စက်တင် ဘာလအတွင်းကကုလသမဂ္ဂသို့တင်ပြခဲ့သည်။ 

အဆိုပါစာတွင်”တရုတ်၏ပြောကြားချက်သည်နိုင်ငံတကာဥပဒေနှင့် ကုလသမဂ္ဂ( ရေပိုင်နက်ဥပဒေ ဆိုင်ရာသဘောတူညီချက်) ပြဌာန်းချက်နှင့်ကိုက်ညီခြင်းမရှိကြောင်း၊ ပင်လယ်ပြင်တစ်ခွင်လုံး (သို့မ ဟုတ်)ကျွန်းစုများကိုတရုတ်ကပိုင်ဆိုင်သည့်ဥပဒေဆိုင်ရာအထောက်အထားများမရှိကြောင်း”ဖြင့် ရေးသားထားသည်။ 

“တောင်တရုတ်ပင်လယ်တစ်ခုလုံးကိုပိုင်ဆိုင်သည်ဟုပြောကြားလာမှုအပေါ် ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကုလသမဂ္ဂသဘောတူညီချက် (UNCLOS)  ပါပြဋ္ဌာန်းချက်များ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ငြိမ်းချမ်းစွာဖြေရှင်းသင့်သည်”ဟု အဆိုပါစာတွင်ရေးသားဖော်ပြထားသည်။ 

တရုတ်သမ္မတရှီကျင့်ဖျင် အနေဖြင့်တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်၍နိုင်ငံတကာဥပဒေအ တိုင်းလိုက်နာရန်စက်တင်ဘာလတွင်ကျင်းပခဲ့သည့် ဥရောပသမဂ္ဂထိပ်သီးအစည်းအဝေးတွင်တိုက်တွန်း ခဲ့သည်။ 

တောင်တရုတ်ပင်လယ်အတွင်းရေပိုင်နက်ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ တရုတ်နှင့်အငြင်းပွားလျက်ရှိသည့် ဖိလစ်ပိုင်၊ဗီယက်နမ်နှင့်မလေးရှားတို့မှ တရုတ်၏ရေပိုင်နက်ဆိုင်ရာပြောကြားမှုအပေါ် ကန့်ကွက် သည့်စာများကို ကုလသမဂ္ဂသို့ပေးပို့ခဲ့ကြသည်။ 

ဩစတြေးလျနှင့်အမေရိကန်တို့သည်လည်းတရုတ်၏ပြောကြားမှုအပေါ်နှုတ်အားဖြင့်ကန့်ကွက်စာများပေးပို့ခဲ့သည်။ တရုတ်၏ရေပိုင်နက်ဆိုင်ရာပြောကြားချက် သည်”လုံးဝဥပဒေနှင့်ဆန့်ကျင်နေသည်”ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို မှ ဇွန်လအတွင်းက ပြောကြားခဲ့ပြီး ရွေးချယ်ခံသမ္မတ ဂျိုးဘိုင်ဒင် က လည်း ၎င်းအနေဖြင့်တရုတ်၏လုပ်ရပ်အပေါ်လုံခြုံရေးအရတန်ပြန်လုပ်ဆောင်ရန် မဟာမိတ်များ ၊မိတ်ဖက်အဖွဲ့ အစည်းများ နှင့် နီးကပ်စွာဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required