ဦးနေဝင်း၏ ဇနီးဟောင်း ရတနာနတ်မယ် ကွယ်လွန်

 ဦးနေဝင်း၏ ဇနီးဟောင်း ရတနာနတ်မယ် ကွယ်လွန်

ရန်ကုန်၊ ဒီဇင်ဘာ ၂

မြန်မာနိုင်ငံ၏ အာဏာရှင်ဟု ထင်ရှားခဲ့သည့် ဗိုလ်ချုပ်ကြီးနေဝင်း၏ ဇနီးဟောင်းတစ်ဦးဖြစ်သူ ရတနာနတ်မယ် ခေါ် June Rose Bellamy သည် သူမနေထိုင်ရာ အီတလီနိုင်ငံ၊ ဖလောရင့်စ်မြို့တွင် ဒီဇင်ဘာလ ၁ ရက်နေ့က ကွယ်လွန်သွားခဲ့သည်။

၁၉၃၂ ခုနှစ်၊ ဇွန်လ  ၁ ရက်နေ့တွင် ရန်ကုန်၌ မွေးဖွားခဲ့သည့် ရတနာနတ်မယ် ခေါ် June Rose Bellamy သည် ကွယ်လွန်ချိန်တွင် အသက် ၈၉ နှစ်ရှိပြီဖြစ်သည်။

၁၉၇၆ ခုနှစ်၊ ဒီဇင်ဘာလတွင် ဗိုလ်ချုပ်နေဝင်းနှင့် လက်ထပ်ခဲ့ပြီး အဆိုပါ လက်ထပ်ခဲ့သည့် သတင်းကို နိုင်ငံပိုင်သတင်းမီဒီယာတွင် ဖော်ပြခဲ့သည်။ သို့သော် လက်ထပ်ပြီး လအနည်းငယ်အတွင်းမှာပင် ကွာရှင်းပြတ်စဲခဲ့ကြသည်။
 
ရတနာနတ်မယ်သည် မြန်မာနိုင်ငံ၏ နောက်ဆုံးကုန်းဘောင်မင်းဆက် ကနောင်မင်းသားကြီး၏ မြစ်တော်စပ်သူဖြစ်ပြီး လင်းပင်မင်းသားကြီး၏ မြေးဖြစ်သည်ဟု သိရသည်။ သြစတြေးလျနိုင်ငံသား အင်္ဂလိပ်လူမျိုး မြင်းပွဲဒိုင် ဟာ့ဘတ်ဘယ်လာမီနှင့် လင်းပင်ထိပ်တင်မလတ်တို့၏ သမီးဖြစ်သည်။


ပြင်ဦးလွင်တွင် ရတနာနတ်မယ်နေခဲ့သော နေအိမ်ရှိနေသေးသည်။ ရတနာနတ်မယ်သည် မကွယ်လွန်ခင်အချိန်အထိ သူမနေထိုင်ရာ အီတလီနိုင်ငံ၊ ဖလောရင့်စ်မြို့ရှိ နေအိမ်သည် အချက်အပြုတ်သင်တန်းကျောင်းအဖြစ်ဖွင့်လှစ်ထားခဲ့ကာ နောက်ဆုံးအချိန်အထိ ထိုသင်တန်းကျောင်းအား ဦးစီးခဲ့ပြီး ရပ်တည်သွားခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required