မြန်မာဘက်ကသယ်ဆောင်လာသော ဘိန်းစေ့ ကီလို ၅၆၀၀ ကို မီဇိုရမ်တွင် ဖမ်းမိ

 မြန်မာဘက်ကသယ်ဆောင်လာသော ဘိန်းစေ့ ကီလို ၅၆၀၀ ကို မီဇိုရမ်တွင် ဖမ်းမိ
Bags containing poppy seeds seized by Assam Rifles in Champhai district in Mizoram

ဒီဇင်ဘာ ၂ 

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ချန်ဖိုင်းခရိုင်တွင် ဘိန်းစေ့ ၅၆၀၀ ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့ကြောင်းနှင့် အဆိုပါဘိန်းစေ့များမှာ မြန်မာပြည်ဘက်ကသယ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများ၏ပြောကြားချက်ကို ကိုးကား၍ ပီတီအိုင် သတင်းဌာနက ရေးသားထားသည်။

အိန္ဒိယရူပီးငွေ ၂၅ သိန်းကျော်တန် ဘိန်းစေ့များကို အိတ်ရှစ်လုံးတွင် ထဲ့ထားခဲ့ပြီး ကားပေါ်တွင်  တရားမဝင် သယ်ဆောင်လာခဲ့ရာ သတင်းပေးတိုင်ကြားမှုအရ အိန္ဒိယ- မြန်မာနယ်စပ် ဇို့တလန်- ရူရန်လန် ဧရိယာတွင် အာသံရိုင်ဖယ်တပ်နှင့် အကောက်ခွန်တို့က သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
 
ဘိန်းစေ့များနှင့် ကားကို အကောက်ခွန်ဌာနက သိမ်းဆည်းထားသည်ဟု သိရသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly