အိန္ဒိယ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဧပြီ-စက်တင်ဘာ သုံးလပတ်အတွင်း အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံထိရှိ

 အိန္ဒိယ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဧပြီ-စက်တင်ဘာ သုံးလပတ်အတွင်း အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံထိရှိ

ဒီဇင်ဘာ ၂

ကိုဗစ်ရောဂါပျံ့နှံ့မှုများရှိနေသောလည်း အိန္ဒိယသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် ဆွဲဆောင်နိုင်သော နေရာဖြစ်နေသဖြင့် ဧပြီ-စက်တင်ဘာကာလအတွင်းတွင် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု(FDI)သည် ၁၅ ရာခိုင်နှုန်းတိုးလာခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၀ဘီလီယံရှိခဲ့သည်။

ပြီးခဲ့သော ဘဏ္ဍာရေးနှစ် ထိုကာလအတွင်း စုစုပေါင်း FDI ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၂၆ ဘီလီယံရှိခဲ့သည်။
 
စက်မှုနှင့် ပြည်တွင်းကုန်သွယ်ရေး မြှင့်တင်ရေးဌာန (DPIIT) မှ အချက်အလက်များအရ မော်ရေးရှပ်စ်နှင့် စင်္ကာပူတို့သည် အိန္ဒိယ FDI အတွက် အဓိက အရင်းအမြစ်များဖြစ်ပြီး ၂၉ ရာခိုင်နှုန်းနှင့် ၂၁ ရာခိုင်နှုန်း အသီးသီး ရှိခဲ့ကြသည်။

အမေရိကန်၊ နယ်သာလန်နှင့် ဂျပန်တို့သည် ၇ရာခိုင်နှုန်း အသီးသီး ရှိခဲ့ကြသည်။

 ဦးဆောင်လျက်ရှိသော ဝန်ဆောင်မှုကဏ္ဍသည် FDI အများဆုံး ဝင်ရောက်ခြင်းအားဖြင့် ဆက်လက်ဦးဆောင်လျက်ရှိသည်။ ဘဏ္ဍာရေး၊ ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ ပြင်ပရင်းနှီးမြှုပ်နှံမှု၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု(R&D) တို့ပါဝင်သော ထိုကဏ္ဍသည် ပြန်လည်သုံးသပ်ကာလအတွင်း FDI ၏ ၁၇ ရာခိုင်နှုန်းရှိခဲ့သည်။ ကွန်ပြူတာ ဆော့ဖ်ဝဲနှင့် ဟာ့ဒ်ဝဲ ကဏ္ဍသည် ၁၂ ရာခိုင်နှုန်းရှိခဲ့ပြီး ဆက်သွယ်ရေးကဏ္ဍသည် ၇ ရာခိုင်နှုန်းရှိခဲ့သည်။
 
ပြည်နယ်များအနက် ဂူဂျာရက်သည် ဧပြီ-စက်တင်ဘာ အတွင်း စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၃၅ ရာခိုင်နှုန်းဖြင့် အများဆုံးရရှိခဲ့ပြီး မဟာရက်ရှ်ထရာ (၂၀ ရာခိုင်နှုန်း)၊ ကာနာတကာ (၁၅ ရာခိုင်နှုန်း)နှင့် ဒေလီ (၁၂ ရာခိုင်နှုန်း) အသီးသီးရှိခဲ့သည်။

‌ရောဂါ ပျံ့နှံ့မှု အပြီးတွင် အိန္ဒိယအပါအဝင် ကမ္ဘာတစ်ဝှမ်းမှ အစိုးရများမှ ငွေပေါ်လွယ်သည့် နည်းလမ်းများ ကြေငြာအပြီးအတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု မြင့်တင်လာခြင်းဖြစ်သည်။
စင်တာသည် ရင်းနှီးမြှုပ်နှံမှုများ ပိုမို ရရှိနိုင်ချေရှိသော ကန်ထရိုက်ထုတ်လုပ်ရေး၊ ကျောက်မီးသွေးတူးဖော်ရေးနှင့် ကာကွယ်ရေးအပါအဝင် ကဏ္ဍအတော်များများတွင် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုအတွက် တင်းကြပ်မှုများ လျော့ချရန် အစီအမံများကိုလည်း ကြေငြာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly