တင်းမာမှုများရှိနေသော်လည်း ထိုင်ဝမ်ကုမ္ပဏီများမှ ချစ်ပ်များအား တရုတ်ဝယ်ယူလျက်ရှိ

တင်းမာမှုများရှိနေသော်လည်း ထိုင်ဝမ်ကုမ္ပဏီများမှ ချစ်ပ်များအား တရုတ်ဝယ်ယူလျက်ရှိ

ဒီဇင်ဘာ ၁

တိုင်ပေနှင့် တရုတ်အကြား တင်းမာမှုများ ကြီးထွားလာနေသော်လည်း တရုတ်နည်းပညာကုမ္ပဏီများသည် ထိုင်ဝမ်လုပ် ကွန်ပြူတာချစ်ပ် သို့မဟုတ် တစ်ပိုင်းလျှပ်ကူးပစ္စည်းများအား ပိုမိုမှာယူနေကြသည်။VOA မှအစီရင်ခံ စာ တစ်စောင်အရ ယခုနှစ် ဇူလိုင်လမှ စက်တင်ဘာလအတွင်း ထိုင်ဝမ် တင်ပို့မှုသည် ခြောက် ရာခိုင်နှုန်း တိုးတက်သွားကြောင်း သိရသည်။ ၎င်းသည် ပြည်မတရုတ်မှ နည်းပညာစီးပွားရေးလုပ်ငန်းများမှ မှာယူမှု ပိုမိုတိုးလာမှုကြောင့် ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။
 
Alicia Garcia Herrero သည် ပြင်သစ်ရင်းနှီးမြှုပ်နှံမှုဘဏ် Natixis မှ အကြီးအကဲ အာရှ-ပစိဖိတ် စီးပွားရေးပညာရှင် ဖြစ်သည်။ “တရုတ်ကုမ္ပဏီတွေက 5Gအတွက် လိုအပ်တဲ့ အဆင့်မြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေကို မထုတ်လုပ်နိုင်မှန်းသိတယ်” ဟု သူမက ဆိုသည်။ ထိုင်ဝမ်သည် ထိပ်တန်း တစ်ပိုင်းလျှပ်ကူးများ ပြုလုပ်ကြောင်းနှင့် ထိုနယ်ပယ်တွင် ဦးဆောင်နိုင်မှုကို လက်လျော့နိုင်ချေမရှိကြောင်း သူမက ထပ်မံ ပြောကြားခဲ့သည်။

 ထိုင်ဝမ်စက်ရုံများသည် ကမ္ဘာ့ထိပ်တန်း ကွန်ပြူတာချစ်ပ် အချို့အား ထုတ်လုပ်လျက်ရှိသည်။ သို့သော် လွန်ခဲ့သော လေးနှစ်အတွင်း ထိုင်ဝမ်သည် ကုမ္ပဏီများအား တရုတ်ဈေးကွက်အပေါ် မှီခိုခြင်းအား လျော့ချရန် တွန်းအားပေး လုပ်ဆောင်ခဲ့သည်။

နှစ်နိုင်ငံအကြား နိုင်ငံရေး ပဋိပက္ခရှိနေသည်မှာ နှစ်၇၀ ကျော်ပြီဖြစ်သည်။ တရုတ်သည် ထိုင်ဝမ်အား “ခွဲထွက်ရေးပြည်နယ်”အဖြစ် သတ်မှတ်ထားပြီး အင်အားသုံး သိမ်းပိုက်နိုင်ကြောင်း ပြောခဲ့သည်။ တစ်ချိန်တည်းတွင် ပေကျင်းသည် ဝါရှင်တန်နှင့် တိုင်ပေအား လွတ်လပ်ရေးမြှင့်တင်ရန် ကြိုးပမ်းနေကြောင်း စွပ်စွဲထားသည်။
 
တရုတ်သည် 5G   နောက်ဆုံးပေါ် ဆက်သွယ်ရေး နည်းပညာကို တီထွင်လိုသည်။ ထို့အပြင် ကမ္ဘာတစ်ဝှမ်း နည်းပညာနယ်ပယ်တွင် အင်အားကြီးအဖွဲ့တစ်ခုအဖြစ် ရပ်တည်လိုသည်။

နည်းပညာ ပစ္စည်းကိရိယာမှာ တရုတ်သို့ ထိုင်ဝမ်၏ ထိပ်တန်း တင်ပို့ကုန်ဖြစ်သည်။ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ ထုတ်ကုန်များသည် ထိုင်ဝမ် စုစုပေါင်း တင်ပို့မှု၏ ထက်ဝက်ခန့်ရှိသည်။ ဇူလိုင်နှင့် စက်တင်ဘာလအတွင်း ထိုင်ဝမ်၏ တင်ပို့မှု အမေရိကန်ဒေါ်လာ ၉၀ ဘီလီယံ မှ ၂၇.၂ ဘီလီယံခန့်သည် တရုတ်သို့ ပို့ခြင်းဖြစ်သည်။ ထိုကိန်းဂဏန်းများသည် ထိုင်ဝမ် နိုင်ငံခြားကုန်သွယ်မှု ဗျူရိုမှ ထုတ်ပြန်ထားခြင်းဖြစ်သည်။
 
တရုတ် တင်သွင်းသူများသည် တစ်ပိုင်းလျှပ်ကူးပစ္စည်းများအပါအဝင် ထုတ်ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ ၃၂.၉ ဘီလီယံ၏ သုံးပုံတစ်ပုံခန့်ကို ဝယ်ယူခဲ့ကြသည်။

Brady Wang သည် ဈေးကွက်ရှာဖွေရေးလုပ်ငန်း Counterpoint Research အတွက် တိုင်ပေတွင် အလုပ်လုပ်ကိုင်နေသူဖြစ်သည်။ သူက “ဒီကုန်ပစ္စည်းတော်တော်များများက တရုတ်မှာ ရောင်းရတယ် ဘာလို့လဲဆိုတော့ သူတို့က တစ်ကယ့် ကုန်လှောင်ရုံအကြီးကြီးပဲ”ဟု VOA သို့ ပြောကြားခဲ့သည်။

ထိုလှုပ်ရှားမှု၏ အကြောင်းရင်းမှာ တရုတ်နှင့် အမေရိကန်အကြား ဆက်ဆံရေးအနေအထားကြောင့် ဖြစ်ကြောင်း Wang က ပြောခဲ့သည်။ ထိုနှစ်နိုင်ငံသည် ကုန်သွယ်ရေးပဋိပက္ခရှိနေသည်မှာ သုံးနှစ်ကျော်ခန့်ရှိပြီဖြစ်သည်။ အမေရိကန်အစိုးရသည် ဟွာဝေးအား လုံခြုံရေး ခြိမ်းခြောက်မှုအဖြစ် ယူဆထားသည်။

“ကုန်လှောင်တာရဲ့ အကြောင်းရင်းက ဟွာဝေးတစ်ခုတည်းကြောင့်မဟုတ်ပဲ တရုတ်-အမေရိကန် ဆက်ဆံရေးရဲ့ လတ်တလောအခြေအနေတွေကြောင့် ဖြစ်တယ်။”ဟု Wang က ဆိုခဲ့သည်။ တရုတ်စီးပွားရေးလုပ်ငန်းများသည် နောက်ဆုံးပေါ် နည်းပညာအတွက် ကယ်လီဖိုးနီးယား ဆီလီကွန် ဗယ်လီမှ ရရှိ မျှော်လင့်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly