ကိုဗစ်ကာကွယ်ဆေး ဖြန့်ချီဖို့ အသင့်ပြင်နေတဲ့ အိန္ဒိယကုမ္ပဏီ 

01 December 2020
ကိုဗစ်ကာကွယ်ဆေး ဖြန့်ချီဖို့ အသင့်ပြင်နေတဲ့ အိန္ဒိယကုမ္ပဏီ 

ဗြိတိန်ဆေးကုမ္ပဏီ AstraZeneca က စမ်းသပ်နေတဲ့ ကိုဗစ်ကာကွယ်ဆေးဟာ ကနဦးရလဒ်ကောင်းတွေ ထွက်နေတာကြောင့် ကာကွယ်ဆေးနဲ့ပတ်သက်လို့ မျှော်လင့်ချက်တွေ တိုးနေတဲ့ထဲမှာ အိန္ဒိယနိုင်ငံလည်း ပါဝင်ပါတယ်။ ဒီကာကွယ်ဆေး ထုတ်လုပ်ဖြန့်ဖြူးဖို့ တရားဝင်အတည်ပြုချက်မရသေးပေမယ့် အိန္ဒိယဆေးထုတ်လုပ်ရေးကုမ္ပဏီကတော့ AstraZeneca ရဲ့ ကာကွယ်ဆေးကို ကြိုတင်ထုတ်လုပ်နေပြီး ဖြန့်ဖြူးခွင့် အတည်ပြုချက်ရတာနဲ့ တခါတည်း ထုတ်ဝေဖြန့်ဖြူးဖို့အဆင်သင့်ဖြစ်နေတာပါ။ Anjana Parischa နယူးဒေလီမြို့တော်က ပေးပို့တဲ့သတင်းလွှာကို နန်းလောင်ဝ်က တင်ဆက်ထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required