ထရမ့်အစိုးရသည် ပိတ်ဆို့မှုပြုရန် စစ်ရေးဆက်နွယ်မှုများရှိသည့် တရုတ်ကုမ္ပဏီ၈၉ ခုအား အကြမ်းရေးဆွဲ

 ထရမ့်အစိုးရသည် ပိတ်ဆို့မှုပြုရန် စစ်ရေးဆက်နွယ်မှုများရှိသည့် တရုတ်ကုမ္ပဏီ၈၉ ခုအား အကြမ်းရေးဆွဲ

ဒီဇင်ဘာ ၁

ပေကျင်းဆန့်ကျင်ရေးလှုပ်ရှားမှုအသစ်တွင် အမေရိကန်သည် စစ်တပ်နှင့် ဆက်နွယ်မှုရှိသော တရုတ်ကမ္ပဏီ ၈၉ ခုအား အတည်ပြုခဲ့သည်။ ထိုကုမ္ပဏီများအား အမေရိကန် ကုန်ပစ္စည်းများနှင့် နည်းပညာအမျိုးမျိုးအား ဝယ်ယူခွင့် ပိတ်ပင်ထားမည်ဖြစ်ပြီး စစ်ဘက်ဆိုင်ရာသုံးစွဲသူများအဖြစ် သတ်မှတ်မည်ဖြစ်သည်။ တရုတ်သည် တက္ကသိုလ်ကျောင်းသားများနှင့် ပညာရှင်များမှ အဆင့်မြင့်နည်း ပညာများ ခိုးယူသည်ဟု အမေရိကန်က စွပ်စွဲထားသည်။ ထို့ကြောင့် တရုတ်သည် အတိတ်က ပြုလုပ်ခဲ့သော အမှားများအတွက် ပြန်လည် ပေးဆောင်ရလိမ့်မည်။
 
ပိတ်ဆို့မှုများသည် တရားဝင်ဖြစ်လာပါက လွန်ခဲ့သောလအနည်းငယ်အတွင်း ကိစ္စတော်တော်များများကြောင့် သဘောထားကွဲလွဲလျက်ရှိသော နှစ်နိုင်ငံအကြား တင်းမာမှုများအား ပိုမို မြင့်တက်လာစေနိုင်သည်။ တရုတ်စစ်တပ်က ပိုင်ဆိုင်ထိန်းချုပ်ထားသော တရုတ်ကုမ္ပဏီများတွင် အမေရိကန်ရင်းနှီးမြှုပ်နှံမှုများကို တားဆီးသည့် အလုပ်အမှုဆောင်အမိန့်တစ်ခုအား ထုတ်ပြန်အပြီး ဆယ်ရက်အကြာတွင် ထိုလှုပ်ရှားမှုအား ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်နည်းပညာ စီးဆင်းမှုအား ကာကွယ်ခြင်းသည် အမေရိကန်အကျိုးစီးပွားအား ကာကွယ်ရန်အတွက် လွန်စွာအရေးကြီးကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ Word processing softwares, လေယာဉ်အစိတ်အပိုင်းများနှင့် ဒီဂျစ်တယ်အော်စီလိုစကုပ်များတွင် တင်ပို့ကုန် တားမြစ်ချက်များ ထားရှိနိုင်သည်။

 အမေရိကန် ဘိုးရင်း နှင့်အပြိုင်အဖြစ် တရုတ်က အသုံးပြုနေသည့် Commercial Aircraft Corp. of China Ltd. သည်လည်း စာရင်းတွင် ပါဝင်ပြီး Aviation Industry Corp. of China Ltd သည်လည်း ပါဝင်နေသည်။ ဇွန်လတွင် ထရမ့်အစိုးရသည် AVIC ltd. အား တရုတ်စစ်တပ်နှင့် ဆက်နွယ်လျက်ရှိသော ကုမ္ပဏီများစာရင်းတွင် ထည့်သွင်းခဲ့သည်။ တရုတ်အား ဖိအားပေးနေသည့် ဝါရှင်တန်၏ နောက်ဆုံးလှုပ်ရှားမှုသည် အမေရိကန် လုံခြုံရေးနှင့်ဖလှယ်ရေး ကော်မရှင်က အမေရိကန် စာရင်းစစ်စည်းမျဉ်းများနှင့် ကိုက်ညီမှုမရှိသော ကုမ္ပဏီများအား အမေရိကန်စတော့အိတ်ချိန်းမှ ပယ်ဖျက်မည့် တရုတ်ကမ္ပဏီအများစုအား စိုးရိမ်စရာဖြစ်စေသည့် စည်းမျဉ်းများ ထုတ်ပြန်ပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
 
အမေရိကန်ကူးသန်းရောင်းဝယ်ရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူမှ မှတ်ချက်ပြုရန် ငြင်းဆန်ခဲ့သော်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လီဂျန်က အမေရိကန်သည် တရုတ်ကုမ္ပဏီများအပေါ် ခွင့်ပြုချက်မရှိ ဖိနှိပ်မှုများအား တရုတ်မှ ပြင်းပြင်းထန်ထန်ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်။ တရုတ်ကုမ္ပဏီများသည် အမြဲပင် တိုင်းပြည်ဥပဒေနှင့်အညီ လုပ်ဆောင်လည်ပတ်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။
 
တရုတ်ကုမ္ပဏီများသည် အကျင့်ပျက်ခြစားသည့် နာမည်ဆိုးရှိခြင်းသဖြင့် ၎င်းသည် ဗြောင်ကျကျလိမ်လည်ခြင်းပင်ဖြစ်သည်။ အကျင့်ပျက်ခြစားနေသည့် တရုတ်ကွန်မြူနစ်အစိုးရသည် စီးပွားရေးနှင့် နည်းပညာဆိုင်ရာအချက်အလက်များ ရယူနိုင်ရန် တရုတ်ကုမ္ပဏီများအား အမေရိကန် ကုမ္ပဏီများနှင့် လက်တွဲစေသည်။ တရုတ်စီးပွားရေးမူဝါဒများအရ ကုမ္ပဏီသစ်တစ်ခုသည် သူ၏ ဈေးကွက်သို့ဝင်ရောက်လာပါက ၎င်းသည် သူ၏ နည်းပညာ၊ အရင်းအနှီးနှင့် ထုတ်လုပ်မှုဆိုင်ရာကျွမ်းကျင်မှုများအား တရုတ်သို့ ပေးရမည်ဖြစ်သည်။

 ထိုအချက်အလက်များအရ အမေရိကန်၏ လှုပ်ရှားမှုသည် တရားဝင်ကြောင်း၊ အချိန်သင့်ကြောင်းနှင့် သေချာစွာစဉ်းစားထားကြောင်း သိနိုင်သည်။ တရုတ်အား အလျော့ပေးထားခြင်းသည် အမေရိကန်အား များစွာထိခိုက်စေပြီး ထရမ့်၏ တရုတ်အပေါ် တင်းကျပ်စွာကိုင်တွယ်မှုများအား လွန်စွာ အားပေးသင့်သည်။ ဒေါ်နယ်ထရမ့်သည် တရုတ်အပေါ် တင်းမာခဲ့သည်ဟု သမိုင်းတွင်ကျန်ရစ်ချင်ဟန် ပေါ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required