26/11 နောက်ကွယ်မှ ကြိုးကိုင်သူ သတင်းအတွက် အမေရိကန်ဒေါ်လာ ၅ သန်း ဆုချီးမြှင့်မည်ဟု အမေရိကန် ကြေငြာ

26/11 နောက်ကွယ်မှ ကြိုးကိုင်သူ သတင်းအတွက် အမေရိကန်ဒေါ်လာ ၅ သန်း ဆုချီးမြှင့်မည်ဟု အမေရိကန် ကြေငြာ

ဒီဇင်ဘာ ၁

26/11 မွမ်ဘိုင်းတိုက်ခိုက်မှုများအပြီး ၁၂နှစ်အကြာတွင် အမေရိကန်ပြည်ထောင်စုသည် ၂၀၀၈ခုနှစ် မွမ်ဘိုင်းတိုက်ခိုက်မှုများတွင် ပါဝင်ခဲ့သူ Lashkar-e-Taiba အဖွဲ့ဝင် Sajid ဖမ်းဆီး အပြစ်ပေးနိုင်ရန် သတင်းအချက်ပေးနိုင်သူအား အမေရိကန် ဒေါ်လာ ငါးသန်းထိ ချီးမြှင့်သွားမည်ဖြစ်ကြောင်း ကြေငြာခဲ့သည်။

အမေရိကန်တရားမျှတမှုအတွက်ဆုလာဘ်အစီအစဉ်မှ တရားဝင်ထုတ်ပြန်ချက်အရ “ပါကစ္စတန်အခြေစိုက် နိုင်ငံခြားအကြမ်းဖက်အဖွဲ့ လက်ရှ်ကာ-အီး-တိုင်ဘာ Lashkar-e-Taiba (LeT) ၏ အကြီးတန်း အဖွဲ့ဝင် Sajid Mir သည် ၂၀၀၈ နိုဝင်ဘာလတွင် အိန္ဒိယနိုင်ငံ မွမ်ဘိုင်းတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများတွင် ပါဝင်မှုကြောင့် အလိုရှိသူတစ်ဦးဖြစ်သည်။

တရားမျှတမှုအတွက်ဆုလာဘ်အစီအစဉ်သည် ထိုတိုက်ခိုက်မှုများတွင် ပါဝင်သည့် ဆာဂျစ်မီယာ  အား မည်သည့်နိုင်ငံတွင် မဆို ဖမ်းဆီး အပြစ်ပေးနိုင်ရန် သတင်းအချက်အလက်ပေးနိုင်ပါက အမေရိကန်ဒေါ်လာ ငါးသန်းထိ ချီးမြှင့်သွားမည်” ဖြစ်ကြောင်း သိရသည်။
 
၂၀၀၈ နိုဝင်ဘာ ၂၆ ရက်နေ့တွင် ပါကစ္စတန်အခြေစိုက် အကြမ်းဖက်အဖွဲ့ Lashkar-e-Taiba (LeT)မှ လေ့ကျင့်ပေးထားသော အကြမ်းဖက်သမား ၁၀ဦးသည် တဂျ်မဟာ ဟိုတယ်၊ အိုဘာရွိုင် ဟိုတယ်၊ လီယိုပတ် ကဖေး၊ နာရီမနိအိမ်တော်၊ ချက်ထရာပတီ ရှီဗားဂျီး ဘူတာရုံစသည့် မွမ်ဘိုင်းရှိ နေရာ အတော်များများတွင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကာ လူ၁၆၆ဦး သေဆုံးခဲ့သည်။

ထိုစက်ဆုတ်ဖွယ်တိုက်ခိုက်မှုများတွင် အကြမ်းဖက်သမား ၉ဦးသေဆုံးခဲ့ပြီး တစ်ဦးတည်းအသက်ရှင်ကျန်သူ အက်ဂျ်မဲလ် အမီး ကဆက်ဘ် အားဖမ်းဆီးရမိခဲ့ပြီး သေဒဏ်ချမှတ်ခဲ့သည်။ ၂၀၁၂ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ကဆက်ဘ်အား ပြွန်းရှိ ယာဝါဒါ  ဗဟိုအကျဉ်းထောင်တွင် ကြိုးပေးခဲ့သည်။

 “ ဆဂျစ် မီယာ သည် မွမ်ဘိုင်းတိုက်ခိုက်မှုများအတွက် စစ်ဆင်ရေးမန်နေဂျာဖြစ်ပြီး အစီအစဉ်ချခြင်း၊ ပြင်ဆင်ခြင်းနဲ့ အကောင်အထည်ဖော်ခြင်းများတွင် ဦးဆောင်ခဲ့သည်။ မီယာ အား ၂၀၁၁ ခုနှစ် ဧပြီလ ၁၁ရက်နေ့တွင် အရှေ့ပိုင်း (ချီကာဂို၊ အီလီနွိုက်စ်) ပြည်နယ်၊ အီလီနွိုက် မြောက်ပိုင်းပြည်နယ်၊ ယူအက်စ်ခရိုင်တရားရုံးတွင် စွဲချက်တင်ခဲ့ပြီး နိုင်ငံခြားအစိုးရ၏ ပိုင်ဆိုင်မှုကိုထိခိုက်စေရန် ပူးပေါင်းကြံစည်မှု၊ အကြမ်းဖက်သမားများအား ပစ္စည်းများထောက်ပံ့မှု၊ အမေရိကန် ပြင်ပရောက် နိုင်ငံသားတစ်ဦး အားသတ်ဖြတ်ခြင်းကို ကူညီခြင်းနှင့်အားပေးခြင်းနှင့် အများပြည်သူအသုံးပြုသော နေရာများဗုံးခွဲတိုက်ခိုက်မှုများအတွက် တရားစွဲဆိုထားခဲ့သည်။ စွဲချက်များအရ တိုက်ခိုက်မှုများအတွင်း မီယာ သည် တိုက်ခိုက်သူများအား ဓားစာခံများအား သတ်ရန်၊ မီးရှို့ရန်၊ လက်ပစ်ဗုံးများ ပစ်သွင်းရန် အကြံပေးခဲ့ပြီး ဖမ်းဆီးခံရသော တိုက်ခိုက်သူနှင့် အလဲအလှယ်ပြုရန် ဓားစာခံအား လွှတ်ပေးရန် ကြိုးပမ်းခဲ့သည်။ မီယာ အား ဖမ်းဆီးမိန့်သည် ၂၀၁၁ ဧပြီလ ၂၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ၂၀၁၉တွင် မီယာ အား FBI ၏ အလိုအရှိဆုံးအကြမ်းဖက်သမားစာရင်းတွင် ထည့်သွင်းခဲ့သည်”ဟု ဌာနက ပြောကြားခဲ့သည်။
 
၂၀၁၂ ဩဂုတ်လ ၃၀တွင် Mir သည် ဘဏ္ဍာရေးဝန်ကြီးဌာနက LeT အတွင်း ခေါင်းဆောင်ပိုင်း ရာထူးများ ရယူထားသည်ဟု ဆိုခဲ့သည်။ “အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနမှ အဆိုအရ ၂၀၀၅မှ စ၍ မီယာ သည် နိုင်ငံခြားမှ တပ်သားစုဆောင်းခြင်း၊ ငွေကြေးခဝါချခြင်းနှင့် စစ်ဆင်ရေးအစီအစဉ်ချမှတ်ရန် စစ်ဆင်ရေးပြင်ဆင်ချက်များအတွက် လေ့ကျင့်ရေးများအား ညွှန်ကြားခဲ့ကြောင်း သိရသည်။ ၂၀၀၁ ဒီဇင်ဘာတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက LeT အား နိုင်ငံခြားအကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခဲ့သည်”ဟု ထပ်မံ ပြောခဲ့သည်။
 
သို့သော် ပါကစ္စတန် အာဏာပိုင်များသည် အပြစ်များကို ဆက်လက်ငြင်းဆန်နေပြီး အိန္ဒိယမှ မျှဝေထားသည့် စာရွက်စာတမ်းများအရလည်း အရေးယူခြင်းမရှိသေးပေ။ ပါကစ္စတန် အကြမ်းဖက်ဆန့်ကျင်ရေး တရားရုံးတွင် သံသယရှိသူ ၇ဦးအားတရားစွဲဆိုမှုသည် ပါကစ္စတန် အရာရှိများက သက်သေများလုံလောက်မှုနှင့် တရားဝင်မှုအား တောက်လျောက်မေးခွန်းထုတ်နေခဲ့သဖြင့် ဆယ်စုနှစ်တစ်ခုကျော်အတွင်း တိုးတက်မှုအနည်းငယ်သာ ရှိခဲ့သည်။

 ပါကစ္စတန်နိုင်ငံသည် အကြမ်းဖက်အဖွဲ့များကို ပြုစုပျိုးထောင်မှုအတွက် နှစ်ပေါင်းများစွာ ပြစ်တင်ဝေဖန်ခံခဲ့ရပြီး လက်ရှိတွင်နိုင်ငံသည် အကြမ်းဖက်သမားများအား အရေးယူရန် ဖိအားပေးမှုအသစ်နှင့် ရင်ဆိုင်နေရသည်။

၎င်းသည် ကမ္ဘာ့ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်ရန်ပုံငွေစောင့်ကြည့်ရေးအဖွဲ့၏ အဓိက ဝတ္တရား ခြောက်ခုအား လိုက်နာရန် ပျက်ကွက်ခဲ့သောကြောင့် FATF၏ စောင့်ကြည့်စာရင်းတွင် ထည့်သွင်းခံထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required