ထုတ်လုပ်ပြီး ဆူဇူကီးကားများထားရှိရန်အတွက် မြေငှားရမ်းခ အမေရိကန်ဒေါ်လာ ၄သိန်းကျော် ကုန်ကျခဲ့ ဟုဆို 

ထုတ်လုပ်ပြီး ဆူဇူကီးကားများထားရှိရန်အတွက် မြေငှားရမ်းခ အမေရိကန်ဒေါ်လာ ၄သိန်းကျော် ကုန်ကျခဲ့ ဟုဆို 

ကနဦးမှတ်ပုံတင်လုပ်ငန်းများရပ်ဆိုင်းထားတဲ့အတွက် အရောင်းအဝယ် မရှိတာကြောင့် ထုတ်လုပ်ပြီးကားတွေ ထားရှိဖို့ အပြင် ဂျပန်နိုင်ငံက တင်သွင်းလာတဲ့ မော်တော်ယာဉ်အစိတ်အပိုင်းတွေထားရှိဖို့အတွက် ၂ လခွဲကာလ အတွင်း မြေငှားရမ်းခ အမေရိကန်ဒေါ်လာ လေးသိန်းကျော် ကုန်ကျခဲ့ရတယ်လို့ Suzuki Myanmar ရဲ့  Finace and Admin မန်နေဂျာ ကိုမျိုးမင်းထွန်း က ပြောပါတယ် ။ 

Suzuki Myanmar ကပြည်တွင်းမှာ တစ်စိတ်တစ်ပိုင်း တပ်ဆင်ထုတ်လုပ်ထားပြီး ကနေဦးမှတ်တင်ခွင့် မရတဲ့ ကားအစီးရေ နှစ်ထောင် ကျော်ထားရှိဖို့ မြေနေရာနဲ့ ဂျပန်နိုင်ငံကတင်သွင်းလာတဲ့ မော်တော်ယာဉ် အစိတ်အပိုင်းတွေကို ထားရှိဖို့အတွက် မြေနေရာ၇ခုကို ငှားရမ်းခဲ့ရတာဖြစ်ပြီး ၂လခွဲအကြာ ငှားရမ်းမှုအတွက် ကုန်ကျငွေဟာ အမေရိကန်ဒေါ်လာ လေးသိန်းခြောက်သောင်း အထိ ကုန်ကျခဲ့ရတယ်လို့ ကိုမျိုးမင်းထွန်းက ပြောပါတယ်။ 

ရိုက်ကူး / တည်းဖြတ် - ထွန်းထွန်းဝင်း 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly