ကြွေလွင့်ခဲ့ရတဲ့ ဘုရားပေးတဲ့ လက်တစ်စုံပိုင်ရှင် (သို့) ဒီယေဂို မာရာဒိုနာ

ကြွေလွင့်ခဲ့ရတဲ့ ဘုရားပေးတဲ့ လက်တစ်စုံပိုင်ရှင် (သို့) ဒီယေဂို မာရာဒိုနာ
Photos: EPA

နိုဝင်ဘာ ၂၅ ရက်နေ့ ညပိုင်းက ဘောလုံးလောကရဲ့ အကောင်းဆုံးတွေထဲက တစ်ယောက်ဖြစ်တဲ့ ဒီယေဂို မာရာဒိုနာဟာ သူ့ရဲ့နေအိမ်မှာပဲ Heart Attack ကြောင့် ရုတ်တရက် သေဆုံးခဲ့ပါတယ်။

သူဟာ နိုဝင်ဘာလအစောပိုင်းတုန်းကလည်း ဦးနှောက်သွေးခဲမှုကို ကုသမှုခံယူခဲ့ရတဲ့သူလည်းဖြစ်ပါတယ်။

ဒီယေဂို မာရာဒိုနာဟာ ၂၀ရာစုရဲ့အကောင်းဆုံး‌ဘောလုံးကစားသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။ သူသေဆုံးချိန်မှာ သူ့အသက်ဟာ ၆၀ပဲရှိပါသေးတယ်။

ကစားသမားဘဝမှာ ဘိုကာဂျူနီယာ၊ ဘာစီလိုနာ၊ နာပိုလီ၊ ဆီဗီလာအစရှိတဲ့ အသင်းတွေမှာကစားခဲ့တဲ့သူလည်းဖြစ်ပါတယ်။

၁၉၈၆ ခုနှစ်ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲခဲ့တဲ့ အာဂျင်တီးနားအသင်းကို ဦးဆောင်ခဲ့တဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

သူ့ကိုတော့ Hand of god ဘုရားပေးတဲ့ လက်တစ်စုံပိုင်ရှင်လို့လည်း တင်စားကြပါတယ်။

ကစားသမားဘဝ ကလပ်နဲ့ နိုင်ငံတကာပွဲပေါင်း ၆၀၀ နီးပါးကစားခဲ့ပြီး ဂိုးပေါင်း ၃၀၀ နီးပါး သွင်းယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

သူသေဆုံးပြီးချိန်မှာ သူနဲ့ခေတ်ပြိုင်ကစားသမားတွေထဲက နာမည်ကြီး ကစားသမားတစ်ဦးဖြစ်တဲ့ ဘရားဇီးဂန္ဓဝင် ပီလီကတော့ တစ်နေ့မှာ ငါတို့တွေ ကောင်းကင်ဘုံမှာ အတူတူ ဘောလုံးကစားကြမယ်ဆိုပြီးတော့ ပြောပါတယ်။

အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ကတော့ သူတို့ရဲ့ ဂန္ထဝင်သေဆုံးမှုအတွက် အလွန်စိတ်ထိခိုက်ဝမ်းနည်းရပါကြောင်းနဲ့ သူတို့ရဲ့ နှလုံးသားထဲမှာ အမြဲထာဝရှိနေမည်''လို့ ရေးသားခဲ့ပါတယ်။

ဒါ့အပြင် အာဂျင်တီးနားနိုင်ငံတွင်းမှာလည်း မာရာဒိုနာ သေဆုံးခြင်းအတွက် ဝမ်းနည်းအထိမ်းအမှတ်အဖြစ် သုံးရက်တိုင်တိုင် လုပ်ဆောင်သွားမယ်လို့ သမ္မတ အယ်ဘာတိုဖာနန်ဒက်ဇ်က ဆိုပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required