ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနားယူမယ် မထင်ဘူး

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနားယူမယ် မထင်ဘူး

ရန်ကုန်၊ နိုဝင်ဘာ ၂၅

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့ရာ လက်ရှိ အာဏာရ ပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ခြင်းကြောင့် ၂၀၂၁ ခုနှစ် တွင် ဖြစ်တည်လာမည့် အစိုးရသစ်ကို ဆက်လက် ဦးဆောင် ဖွဲ့စည်းခွင့်ရမည် ဖြစ်သည်။

တစ်ဖက်မှာလည်း လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ်တွင် သက်ပြည့်ပင်စင် အပြင် ၅ နှစ်သက်တမ်းတိုး တာဝန်ထမ်းဆောင်မှု အခြေအနေများပင် ပြည့်မည် ဖြစ်သည့်အတွက် တပ်ချုပ် ရာထူးကနေ အနားယူ မယူ အားလုံးက စောင့်ကြည့်နေကြသည်။

ထိုသို့သော အခြေအနေ အခင်းအကျင်းများနှင့်အတူ မြန်မာ့နိုင်ငံရေးသည်လည်း အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးမှာ အားနည်းနေပြီး စီးပွားရေး ကျဆင်းမှုများ ကြုံတွေ့နေရသလို တိုင်းရင်းသား လက်နက်ကိုင် များနှင့် လက်နက်ကိုင် ပဋိပက္ခများကလည်း ချုပ်ငြိမ်းရေးဘက်ကို မစွမ်းဆောင်နိုင်သေးဘဲ ဖြစ်နေသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကလည်း လာမည့် အစိုးရသစ် လက်ထက်မှာလည်း ပြင်ဆင်နိုင်ခြေ မရှိပေ။

အဆိုပါ အခြေအနေများနှင့်ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိန်းကို မဇ္ဈိမ မီဒီယာမှ အယ်ဒီတာ ချစ်မင်းထွန်းက Zoom Meeting ကနေ ဆက်သွယ် မေးမြန်းထားပါသည်။

#Mizzima
#MizzimaExclusiveInterview
#ChitMinTun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required