မိုးကုတ်မြို့တွင် ပစ်ခတ်သံများ ကြားနေရ

By မွေလျန်း
24 November 2020
မိုးကုတ်မြို့တွင် ပစ်ခတ်သံများ ကြားနေရ

အင်္ဂါနေ့ ည ၇ နာရီဝန်းကျင်ခန့်တွင်  မိုးကုတ်မြို့အနီး ဓာတ်တော်တောင်နားတွင် တပ်မတော်နှင့် တအာန်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် မိုးကုတ်မြို့ပေါ်မှပင် ပစ်ခတ်သံတွေ၊ လက်နက်ကြီးသံတွေကြားနေရကြောင်း ဒေသခံတွေက မဇ္ဈိမကို ပြောသည်။

 "မိုးကုတ်အနောက်ခြမ်းဘက်ကနေတော့ လက်နက်ကြီးသံတွေ ဘဲကြားရတယ်၊ အရှေ့ခြမ်းမှာတော့ သေနတ်သံတွေပါကြားရတယ်၊ သူကပိုနီးလို့ပါ"လို့ ဒေသခံတစ်ဦးဖြစ်သော ကိုကောင်းထက်မိုးက ပြောသည်။ 

တိုက်ပွဲက အင်္ဂါနေ့ ည ၇ နာရီကျော်မှသည် ည ၉နာရီထိုးခါနီးအထိဖြစ်ပွားခဲ့ပြီး ယခုအချိန်တွင်တော့   ငြိမ်သက်နေကြောင်း သိရသည်။

မိုးကုတ်မြို့ အနီးတစ်ဝိုက်က ကျေးရွာတစ်ချို့က ပြည်သူများတွင် တိုက်ပွဲဖြစ်နိုင်တာကို ကြိုသိ၍  မြို့ပေါ်ကနီးစပ်ရာအိမ်တွေမှာ ရှောင်နေခဲကြသည်ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required