ဟံသာဝတီအသင်းပါ၀င်မည့် ယူနန်-အာဆီယံပြိုင်ပွဲတွင်အသင်း ရသင်းပါ၀င်

ဟံသာဝတီအသင်းပါ၀င်မည့် ယူနန်-အာဆီယံပြိုင်ပွဲတွင်အသင်း ရသင်းပါ၀င်
ယူနန်-အာဆီယံပြိုင်ပွဲ ကြော်ငြာ။

နိုဝင်ဘာ၂၀ရက်တွင် တရုတ်နိုင်ငံ၊ယူနန်မြို့၌ ကျင်းပမည့် ယူနန်-အာဆီယံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ(Yunnan-Asean IFO Cup 2015) ပြိုင်ပွဲတွင် မြန်မာနေရှင်နယ်လိဂ်ကလပ် ဟံသာဝတီယူနိုက်တက်အသင်းအပါအဝင် အသင်း ၇သင်းဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲကို အိမ်ရှင်တရုတ်နိုင်ငံမှကလပ်အသင်းတစ်သင်း၊ ထိုင်း၊မလေးရှား၊ သီရိလင်္ကာ၊ လာအို၊ ကမ္ဘောဒီးယား၊ မလေးရှားနှင့် မြန်မာနိုင်ငံတို့မှကလပ်အသင်းများပါဝင်မည်ဖြစ်သည်။

ပါဝင်မည့်အသင်းများမှာ ၂၀၁၅တရုတ်စူပါလိဂ်ချန်ပီယံ ဂွမ်ဇူးအဲဗားဂရန်ဒီ၊ ထိုင်းပရီးမီးယားလိဂ်ကလပ် မြောင်တောင်ယူနိုက်တက်၊ သီရိလင်္ကာကလပ် ကိုလံဘိုအက်ဖ်စီ၊ လာအိုအောစတားအသင်း၊ ကမ္ဘောဒီးယားကလပ် ဖနွမ်းပင်ခရောင်း၊ မလေးရှားကလပ် ဆာဘားအက်ဖ်စီအသင်း၊ မြန်မာနေရှင်နယ်လိဂ်ကလပ် ဟံသာဝတီယူနိုက်တက် တို့ဖြစ်သည်။

တရုတ်စူပါလိဂ်ကလပ် ဂွမ်ဇူးအသင်းမှာ ဘရာဇီးနည်းပြ စကိုလာရီကိုင်တွယ်နေသောအသင်းဖြစ်ပြီး ဘရာဇီးကစားသမားများဖြစ်သော ပေါ်လင်ဟို၊ ရော်ဘင်ဟို တို့ကစားနေသောအသင်းဖြစ်သည်။ ပြိုင်ပွဲကျင်းပမည့် ပုံစံကိုမူ ပြိုင်ပွဲကျင်းပရေးကော်မတီမှ ထုတ်ပြန်ခြင်းမရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly