အနိုင်ရ NLD ကျောက်မဲခရိုင်အမျိုးသားလွတ်တော်ကိုယ်စားလှယ် သေနတ်ဖြင့် ပစ်ခတ်ခံရ၍သေဆုံး

အနိုင်ရ NLD ကျောက်မဲခရိုင်အမျိုးသားလွတ်တော်ကိုယ်စားလှယ် သေနတ်ဖြင့် ပစ်ခတ်ခံရ၍သေဆုံး

နိုဝင်ဘာ ၂၁ ၊ ၂၀၂၀

ရှမ်းပြည်နယ် အမျိုသားလွတ်တော်မဲဆန္ဒနယ် အမှတ် (၁) ၏ အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ်မှ အနိုင်ရ လွတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော်သည် ယနေ့ စနေနေ့ ညနေ ၆ နာရီကျော်က နောင်ပိန်ကျေးရွာအုပ်စုပန်တိန်ရွာရှိ ၎င်း၏နေအိမ်တွင် ရှိနေစဉ် သေနတ်ဖြင့်ပစ်ခတ်လုပ်ကြံခံရ၍  ကျောက်မဲဆေးရုံတွင် သေဆုံးသွားကြောင်း ကနဦး သတင်းများအရသိရသည်။

ကျောက်မဲရပ်မိရပ်ဖတစ်ဦး၏ အပြောအရ ဦးထိုက်ဇော်သည် သေနတ်ဒဏ်ရာနှစ်ချက်ရရှိခဲ့ပြီးနောက် ကျောက်မဲပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသသော်လည်း ၆ နာရီ ၅၀ မိနစ်တွင် ကွယ်လွန်သွားခဲ့သည်ဟု ဆိုသည်။

ယခင်သီတင်းပတ်အတွင်းကလည်း ကျောက်မဲမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ၏ အိမ်ကိုလက်နက်ကြီးများနှင့် ပစ်ခတ်ခံရမှုများဖြစ်ပေါ်ခဲ့သော်လည်း လက်သည်မပေါ်ဘဲဖြစ်ခဲ့သည်။

 ကျောက်မဲမြို့တွင် သေနတ်ပစ်ခတ်မှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီးတော့ တရားခံတွေကိုဖမ်းဆီးရရှိမှုကဖြင့် ရှားပါးလှသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly