အမေရိကန်မှာ ရှော့ပင်းမောအတွင်း သေနတ်ပစ်ခတ်မှု ကျုးလွန်သူနောက် လိုက်လံဖမ်းဆီးနေ 

အမေရိကန်မှာ ရှော့ပင်းမောအတွင်း သေနတ်ပစ်ခတ်မှု ကျုးလွန်သူနောက် လိုက်လံဖမ်းဆီးနေ 
Photo - AFP

နိုဝင်ဘာ၂၁ ၊ ၂၀၂၀

အမေရိကန်နိုင်ငံ ဝစ္စကွန်ဆင်းပြည်နယ်က ရှော့ပင်းမောတစ်ခုမှာ သောကြာနေ့က သေနတ်ပစ်ခတ်မှု ဖြစ်တာကြောင့် လူ ရှစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ 

သေနတ်ပစ်ခတ်သွားသူကို ဖမ်းဆီးနိုင်ရေးအတွက် လိုက်လံရှာဖွေနေဆဲဖြစ်တယ်လို့လည်း ရဲက ပြောပါတယ်။ 

ဝါအူဝါတိုဆာအရပ်က မေဖဲယားရှော့ပင်းမောမှာ FBI နဲ့ စီရင်စုရုံး တာဝန်ရှိသူတွေပါ ရောက်ရှိနေပြီး ဌာနေရဲတပ်ဖွဲ့ကို ကူညီအားဖြည့်ပေးလျက် ရှိနေပါတယ်။ 

“အရေးပေါ်အမှုထမ်းတွေ ရောက်လာတဲ့အချိန်မှာတော့ သေနတ်သမား မရှိတော့ဘူး။”လို့ ဝါအူဝါတိုဆာ ရဲဌာနက ထုတ်ပြန်ပါတယ်။ 

အရွယ်ရောက်ပြီးသူ ခုနစ်ဦးနဲ့ ဆယ်ကျော်သက်တစ်ဦးတို့ ဒဏ်ရာရပြီး ဆေးရုံအမြန် တင်ပို့ခဲ့ရတယ်လို့ ရဲဌာနက ဖြည့်စွက်ဆိုပါတယ်။ ဒဏ်ရာရရှိမှု အခြေအနေ ပြင်းထန်သလားဆိုတာ လတ်တလော မသိနိုင်သေးပေမယ့် အသက်အန္တရာယ်တော့ မရှိဘူးလို့ မြို့တော်ဝန် ဒန်နစ်မတ်ဘရိုက်က ပြောပါတယ်။ 

သေနတ်ပစ်ခတ်သူဟာ အသက် ၂၀ ကနေ ၃၀ ကြားရှိ လူဖြူအမျိုးသားတစ်ဦးဖြစ်တယ်လို့ ရဲက ဆိုပါတယ်။ 

သေနတ်သမား ရမ်းကားသောင်းကျန်းနေချိန်မှာ ရှော့ပင်းမောက အလုပ်သမားတော်တော်များများဟာ ပုန်းလျှိုးနေခဲ့ကြတာကို လူမှုမီဒီယာမှာ ပျံ့နှံ့တဲ့ ဗီဒီယိုတွေမှာ မြင်တွေ့ရပါတယ်။ 

“ဒီကနေ့မှာ ဈေးဝယ်တွေနဲ့ ဖောက်သည်တွေ အကြမ်းဖက်တိုက်ခိုက်မှု ကြုံရတဲ့အတွက် ကျွန်တော်တို့အနေနဲ့ စိတ်မကောင်းဖြစ်ရသလို ဒေါသလည်း ထွက်ရပါတယ်။”လို့ ရှော့ပင်းမောကို ဖွင့်လှစ်ထားတဲ့ ကုမ္ပဏီက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly