ဗုံးခြိမ်းခြောက်မှုကြောင့် ဂျာမနီ-နယ်သာလန် ခြေစမ်းပွဲပျက်

ဗုံးခြိမ်းခြောက်မှုကြောင့် ဂျာမနီ-နယ်သာလန် ခြေစမ်းပွဲပျက်

နိုဝင်ဘာ ၁၈၊ ဟန်နိုဗာ။           ။ အင်္ဂါနေ့တွင် ဟန်နိုဗာကွင်း၌ ကစားရန်စီစဉ်ထားသည့် ဂျာမန်-နယ်သာလန်ခြေစမ်းပွဲမှာ ဗုံးခြိမ်းခြောက်မှုကြောင့် ပျက်သွားခဲ့သည်။

ခြေစမ်းပွဲစရန် နှစ်နာရီပင်မလိုသည့်အချိန်၌ လုံခြုံရေးအန္တရာယ်ခြိမ်းခြောက်မှုကြောင့် ပွဲဖျက်လိုက်ရခြင်းဖြစ်သည်ဟု ဟန်နိုဗာမြို့ရဲချုပ် ဗော်ကာကလူဝီက ပြောသည်။

ဟန်နိုဗာမြို့ရှိ ပရိသတ် ၄၉၀၀၀ ဆန့် HDI ကွင်းတွင်ကစားမည့် အဆိုပါခြေစမ်းပွဲသို့ ဂျာမနီဝန်ကြီးချုပ် မာကယ်လည်း တက်ရောက်ရန်ရှိခဲ့ သည်။

ပွဲဖျက်လိုက်ပြီးနောက် ဂျာမနီကစားသမားများသည် လုံခြုံရေးအစောင့်အရှောက်များဖြင့် ကွင်းထဲမှထွက်ခွာခဲ့သည်။ ဗုံးခြိမ်းခြောက်မှုအပြီးတွင် ကွင်းအတွင်းမှ ထိခိုက်မှုကင်းစွာဖြင့် အလျှင်အမြန်ထွက်ခွာခွင့်ရခဲ့သည်ဟု ပရိသတ်များကလည်း ပြောသည်။

အင်္ဂါနေ့တွင်ပင်ကစားရန်စီစဉ်ထားသည့် ဘရုဆဲလ်မြို့မှ ဘယ်လ်ဂျီယံ-စပိန် ခြေစမ်းပွဲမှာလည်း ပြီးခဲ့သည့်တစ်ပတ်က ပဲရစ်အကြမ်းဖက် တိုက်ခိုက်ခံရမှုကြောင့် လုံခြုံရေးစိုးရိမ်ရသဖြင့် ဖျက်သိမ်းခဲ့သည်။

ဝင်ဘာလေကွင်းတွင် ကစားရန်စီစဉ်ခဲ့သည့် အင်္ဂလန်-ပြင်သစ်ခြေစမ်းပွဲကိုမူ စီစဉ်ထားသည့်အတိုင်းကစားခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်မှုတွင် သေဆုံးခဲ့သူ ၁၂၉ ဦးအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်   ပြုလုပ်ခဲ့သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly