ရှေးဟောင်း အီဂျစ်မံမီ တရာကျော် တူးဖော်ရပြန် 

18 November 2020
ရှေးဟောင်း အီဂျစ်မံမီ တရာကျော် တူးဖော်ရပြန် 

အီဂျစ်နိုင်ငံမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀ ကျော်ကမြှပ်နှံခဲ့တဲ့ခေါင်းတလား အလုံး ၁၀၀ ကျော် မပျက်မစီးတူးဖော်တွေ့ရှိခဲ့ပါတယ်။ ဒီသစ်သားခေါင်းတလားတွေဟာ ရှေးဟောင်း အီဂျစ်ခေတ်နှောင်းနဲ့ Ptolemaic ခေတ်တွေက အစိုးရအဆင့်မြင့် အရာရှိတွေရဲ့  ခေါင်းတလားတွေဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ အရေအတွက်အများဆုံး တွေ့ရှိမှုလည်း ဖြစ်ပါတယ်။ ဒီမံမီတွေ တူးဖော်တွေ့ရှိလို့ ဒါတွေကြောင့် အီဂျစ်နိုင်ငံကို ကမ္ဘာလှည့်ခရီးသည်တွေ ပြန်ပြီးဝင်လာဖို့ အီဂျစ်နိုင်ငံသားတွေ မျှော်လင့်နေတာပါ။ အေပီ သတင်းတပုဒ်ကို မအေးသန္တာကျော် ပြောပြပေးပါမယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required