၅ နှစ်တာကာလအတွင်း ရွေးကောက်ပွဲကတိကဝတ်များကို အကောင်အထည်ဖော်သွားမည်ဟု ဒေါ်ထုမေပြော

၅ နှစ်တာကာလအတွင်း ရွေးကောက်ပွဲကတိကဝတ်များကို အကောင်အထည်ဖော်သွားမည်ဟု ဒေါ်ထုမေပြော
ဓာတ်ပုံ - သူရ/မဇ္ဈိမ

နိုဝင်ဘာ ၁၄

ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရုံးရေးပြုလုပ်ရာတွင် ပြောဆိုခဲ့သော ရွေးကောက်ပွဲကတိကဝတ်များကို ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရမည့် ငါးနှစ်တာကာလအတွင်း အကောင် အထည်ဖော်သွားမည်ဖြစ်ကြောင်း ဒေါ်ထုမေက ပြောသည်။

ရွေးကောက်ပွဲကတိကဝတ်များကို ရေတိုရေရှည်အစီအစဉ်များ ပြုလုပ်ထားပြီး ပြည်သူလူထု၊ အရပ်ဖက်အဖွဲ့ အစည်းများနှင့်တွေ့ဆုံကာ ရခိုင်လူထုစင်တာတစ်ခုကို အရင်ဆုံးတည်ဆောက်နိုင်ရန် စီစဉ်ဆောင်ရွက်နေ ကြောင်း ဒေါ်ထုမေကပြောသည်။

“ကျွန်မအနေနဲ့ကတော့ ဥပဒေနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းအရင်တစ်ခုဖွဲ့ပါမယ်။ ပြီးရင်တော့ ရခိုင်လူထုစင် တာတစ်ခုကို စပြီးတော့ဖွဲ့ပါမယ်။ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ တွေ့ပါမယ်။ အလွတ်သဘော တွေ့ဆုံမှုတွေ တော့ စလုပ်တော့မှာပါ။ မြို့နယ်စည်းရုံးရေးမှူးတွေနဲ့ တွေ့ပြီးလို့ရှိရင် ဒီတစ်ပတ်အတွင်း အကြံအဉာဏ်တွေ ရယူမှာပါ။ ကျွန်မရဲ့ ကတိကဝတ်ကို ရေတိုရေရှည်လုပ်ပါမယ်။ ရေတိုမှာက လူထုပေါင်းစပ်ရေးကို ပထမဆုံး လုပ်ပါမယ်။ ပြီးတော့မှ ဘယ်သူတွေက ဘာတွေလုပ်နိုင်မလဲဆိုတာကို ကိုယ့်ရဲ့အစည်းအဝေးထဲကပဲ ဆုံးဖြတ် ချက်တွေချပြီးတော့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။” ဟု ဒေါ်ထုမေက ပြောသည်။

တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဒေါ်ထုမေသည် ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရုံးရေးခရီးစဉ်အတွင်း ရန်ကုန်ရောက် ရခိုင်တိုင်းရင်းသားမျိုး နွယ်စုဝင်များအားလုံး ရပိုင်ခွင့်နှင့် အလုပ်အကိုင်အခွင့်အလမ်း တိုးတက် ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားထားသည်။

ထို့အပြင် ဒေသတွင်းအလုပ်အကိုင်ရှားပါးမှုကြောင့် ရန်ကုန်သို့ရွှေ့ပြောင်းရောက်ရှိလာသည့် ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင်အမျိုးသမီးငယ်များ လုပ်ငန်းခွင်အတွင်းတိုးတက်ရေးအတွက် လုပ်ငန်းခွင်အကြိုသင်တန်းများပါဝင် သည့် ရခိုင်လူထုစင်တာတစ်ခုကိုလည်း တည်ဆောက်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၂ရက်နေ့ ဒဂုံမြို့သစ် အရှေ့ပိုင်းရှိ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင်များနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

 “ရန်ကုန်ရောက် ရခိုင်တိုင်းရင်းသားတွေ အားလုံးအတွက် ရခိုင်လူထု စင်တာတစ်ခုကို ပထမဦးဆုံး ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒီစင်တာထဲကပဲ ရခိုင်ပြည်နယ်အတွက် လိုအပ်တဲ့ လူသားစွမ်းအား အရင်းအမြစ်နဲ့ ပညာရေး၊ ကျန်းမာရေး အစရှိတဲ့ အရာတွေကို ရခိုင်လူထုစင်တာက ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ဒီလိုမျိုး ဆောင်ရွက်တဲ့အခါ ရန်ကုန်တိုင်းရေးရာဝန်ကြီးတစ်ယောက်ရဲ့ ရပိုင်ခွင့်ထဲက ဘတ်ဂျတ်တွေနဲ့ ဆောင်ရွက်မှာ ဖြစ်သလို ရခိုင်ပြည်သူတွေထည့်ဝင်တဲ့ အမျိုးသားရံပုံငွေနဲ့ ရခိုင်လူထုတိုးတက်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။” ဟု နိုဝင်ဘာလ ၂ရက်နေ့ ဒဂုံမြို့သစ် အရှေ့ပိုင်းရှိ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင်များ နှင့်တွေ့ဆုံစဉ် ပြောကြားသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရခိုင်အမျိုးသားပါတီတို့မှ ကိုယ်စားပြု သုံးဦးနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း သုံး ဦး စုစုပေါင်း ခြောက်ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

ဒေါ်ထုမေသည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး နေရာကို တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိသူဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ ၁၃ ရက်နေ့တွင် တရားဝင်ကြေညာခဲ့သည်။

ဒေါ်ထုမေသည် ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းစောင့်ကြည့်ရေးလှုပ်ရှားမှု (Shwe Gas Movement) တွင် Coordinator အဖြစ်လုပ်ကိုင်ခဲ့ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD)၏ အမျိုးသားတန်းတူရေးကို ပြဌာန်း ကာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ရေးနှင့်စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးမူဝါဒများကြောင့် ပါတီဝင်အဖြစ်လုပ်ကိုင်ဆောင်ခဲ့သည်။

၂၀၀၆ ခုနှစ်တွင် ပါတီလူငယ်အဖွဲ့ (Youth Wing) အမျိုးသမီးခေါင်းဆောင်တစ်ဦးဖြစ်လာပြီး ရခိုင်နိုင်ငံရေး ပါတီနှစ်ခုဖြစ်သည့် ALD နှင့် ANP တို့ ပူးပေါင်းချိန်တွင် ရန်ကုန်တိုင်းဗဟိုအလုပ်အမှုဆောင်အဖြစ်တာယူခဲ့ ပြီးနောက် ၂၀၁၅ခုနှစ် ရွေး ကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly