အိန္ဒိယရေကြီးမှု လူပေါင်း ရ၀ ကျော် သေဆုံးပြီဖြစ်

အိန္ဒိယရေကြီးမှု လူပေါင်း ရ၀ ကျော် သေဆုံးပြီဖြစ်

အိန္ဒိယနိုင်ငံ တောင်ပိုင်း ချန်နိုင်းမြို့တွင် မိုးများ အဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးမှုဖြစ်ကာ လူပေါင်း ၇၀ ကျော် သေဆုံးပြီဖြစ်ကြောင်း မီဒီယာသတင်းများတွင် ဖော်ပြသည်။

အဓိကလမ်းမကြီးများမှာလည်း ရေလွှမ်းနေပြီး ရုံးများ၊ စာသင်ကျောင်းများ၊ ကောလိပ်များ မိုးကြီးခြင်းကြောင့် ပြီးခဲ့သည့် သီတင်းပတ်ကတည်းက ပိတ်ထားရသည်။

ယခု မိုးသည်းထန်စွာရွာသွန်းမှုက သီရိလင်္ကာနိုင်ငံတွင်လည်း ကြုံတွေ့ပြီး လူပေါင်း ၈၀၀၀၀ ကျော်ထက်မနည်း မိုးကြီးမှုဒဏ်ကို ကြုံတွေ့နေသည်။

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေ၍ အိန္ဒိယတမီလ်နာဒူးပြည်နယ်နှင့် သီရိလင်္ကာတို့တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေခြင်းဖြစ်သည်။

ချန်နိုင်းမြို့တွင် အစိုးရက လူပေါင်း ၁၀၀၀၀ ဝန်းကျင်ကို ၎င်းတို့၏ အိမ်များမှ ပြောင်းရွှေ့ပေးထားရကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။

ဆောင်ရွက်ဆဲကယ်ဆယ်ရေးလုပ်ငန်းများတွင် အမျိုးသားသဘာဝတုံ့ပြန်ခြင်းတပ်ဖွဲ့နှင့် စစ်တပ်တို့ကပါ ပါဝင်အားဖြည့်ကူညီလျက်ရှိသည်။

တမီလ်နာဒူးပြည်နယ် ဝန်ကြီးချုပ်က ရေဘေးသင့်ဒေသများ ကယ်ဆယ်ရေးအတွက် ရန်ပုံငွေ ရူပီး ငါးဘီလီယံ ထူထောင်ပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။

Ref ; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required