ရွေးကောက်ပွဲ လေးကြိမ်ဆက်တိုက်အနိုင်ရရှိထားသူများ

ရွေးကောက်ပွဲ လေးကြိမ်ဆက်တိုက်အနိုင်ရရှိထားသူများ

ဒေါက်တာဇော်မြင့်မောင်
====== ======
ဒေါက်တာ ဇော်မြင့်မောင်ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အမရပူရမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ်ရွေးကောက် ခံရတဲ့အပြင် ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရပါသေးတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာတော့ အမရပူရမြို့နယ်ကနေ ရွေးကောက်ခံခဲ့ရပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခံခဲ့ရသလို လက်ရှိ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း အမရပူရမဲဆန္ဒနယ်အမှတ်(၂) က ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိထားတဲ့ လေးကြိမ်ဆက်တိုက် ရွေးကောက်ပွဲအနိုင်ရရှိထားသူဖြစ်ပါတယ်။

ဒေါက်တာမေဝင်းမြင့်
====== =====
NLD ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်လည်းဖြစ် လက်ရှိ မရမ်းကုန်းမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်းဖြစ်တဲ့ ဒေါက်တာဒေါ်မေဝင်းမြင့်ဟာလည်း ၁၉၉၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူ့လွှတ် တော်အမတ်အဖြစ် အနိုင်ရရှိခဲ့သူပါ။
၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲမှာတော့ မရမ်းကုန်းမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် မရမ်းကုန်းမြို့နယ်က ထပ်မံအရွေးခံပြီး အနိုင်ရရှိခဲ့သူပါ။
လက်ရှိ ၂၀၂၀အထွေထွေမှာလည်း မရမ်းကုန်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အနိုင်ရရှိခဲ့ပါတယ်။

ဦးဝင်းမြင့်(နိုင်ငံတော်သမ္မတ)
=== ==
ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ ၁၀ဦးမြောက် နိုင်ငံတော်သမ္မတဖြစ်တဲ့ ဦးဝင်းမြင့်ကတော့ ၁၉၉၀ ခုနှစ်ရွေး ကောက်ပွဲမှာ ပြည်သူ့လွှတ်တော်အမတ်အဖြစ် အနိုင်ရရှိခဲ့သူပါ။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ပုသိမ် မဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရပြီး ၂၀၁၅ ခုနှစ်မှာတော့ တာမွေမဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရပြီး ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ဥက္ကဌအဖြစ်ကနေတဆင့် နိုင်ငံတော်သမ္မတ ဖြစ်လာခဲ့တာပါ။

လက်ရှိ ၂၀၂၀ခုနှစ်မှာတော့ တာမွေမဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိထားပြီလို့ သိရပါတယ်။

တည်းဖြတ် - ဇောမင်းထွေး

တင်ဆက် - ဆုမြတ်မေဇော်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly