တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ နှင့် အီးယူ၏ ရဲများအကူအညီပေးရေးအဖွဲ့တွေ့ဆုံမှု လွှတ်တော်ကို အစီရင်ခံ

တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ နှင့် အီးယူ၏ ရဲများအကူအညီပေးရေးအဖွဲ့တွေ့ဆုံမှု လွှတ်တော်ကို အစီရင်ခံ

နေပြည်တော်၊ နိုဝင်ဘာ ၁၇ ။ ။ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီနှင့် Support to Reform of The Myanmar Police Force  အဖွ့ဲတို့ တွေ့ဆုံ၍ ရဲတပ်ဖွဲ့ တာဝန်ခံမှုဆိုင်ရာ ဥပဒေရေးဆွဲရေးအကြောင်းအရာများ ဆွေးနွေးခဲ့ကြောင်း နိုဝင်ဘာ ၁၇ရက်က လွှတ်တော်သို့ အစီခံခဲ့သည်။

ဒေါ်အောင်ဆန်းဆုကြည်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီမှ ပထမအကြိမ်၊ပြည်သူ့လွှတ်တော် (၁၃) ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ပြည်သူ့လွှတ်တော်သို့ အစီရင်ခံခဲ့ခြင်းဖြစ်သည်။

ကော်မတီသည် Support to Reform of The Myanmar Police Force အဖွဲ့ တွေ့ဆုံ၍ ဒီမိုကရေစီ ကူးပြောင်းရေးလုပ်ငန်းစဉ်တွင် ရဲနှင့်စစ်တပ်၏ အခန်းကဏ္ဍပြောင်းလဲခြင်းနှင့်လွှတ်တော်ဆိုင်ရာကြီးကြပ်ခြင်း၊ ရဲတပ်ဖွဲ့ တာဝန်ခံမှုဆိုင်ရာ ဥပဒေရေဆွဲခြင်း၊လွှတ်တော်ဆိုင်ရာကြီးကြပ်ခြင်းအား ပိုမိုကောင်းမွန်စေရန် စီမံချက် များကို အကောင်းအထည်ဖော်ခြင်း စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း ပြည်သူ့လွှတ်တော်သို့ အစီရင်ခံခဲ့သည်။

Support to Reform of The Myanmar Police Force အဖွဲ့သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့အား ပြည်သူ့ ဗဟိုပြုရဲလုပ်ငန်းစဉ်အတွက် စွမ်းရည်မြှင့်တင်ပေးခြင်း၊ လူစု၊ လူဝေးအား စနစ်တကျထိန်းသိမ်းမှုဆိုင်ရာ အကူအညီများကို ဥရောပသမဂ္ဂ၏ ပံ့ပိုးမှုဖြင့် အကူအညီများပေးနေသည့်အဖွဲ့ဖြစ်သည်။

ပြည်သူ့ရဲများ၏ လုပ်ငန်းပိုမိုထိရောက်စေရန်နှင့်ပြည်သူလူထုက ပိုမိုယုံကြည် နိုင်ရန်အတွက် မည်သို့ ပံ့ပိုးရမည်ကို သိလိုကြောင်းနှင့် ကောမတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းဆုကြည်က နေပြည်တော်၌ မြန်မာနိုင်ငံတပ်ဖွဲ့ ဗဟိုဌာနမှ ရဲမှူးကြီး (၃)ဦးနှင့် ဇူလိုင်လက တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြောင်းလည်း ပြည်သူ့လွှတ်တော်သို့ အစီအရင် ခံခဲ့သည်။

ထို့ပြင် ရဲများ၏ တာဝန်ခံမှုနှင့်ဆိုင်သော ဥပဒေများကို ရဲများမပါဘဲ ရေးဆွဲခြင်းသည် တဖက်သတ် ဆန်လွန်းသည်ဟု ထင်မြင်ယူဆကြောင်းနှင့် ရဲနှင့်ပတ်သက်သည့် ဥပဒေများကို ကိုင်တွယ်သည့်နေရာ၌ လွှတ်တော်အတွင်း မရောက်မီ လွှတ်တော်အမြင်၊ အရပ်ဘက်အမြင်၊ ရဲအမြင်တို့ကို ညှိနှိုင်းပြီးပြုလုပ်ခြင်းကြောင်းကို ဥက္ကဋ္ဌက ဆွေးနွေးခဲ့ကြောင်းလည်း တရားဥပဒေစိုမိုးရေးနှင့် တည်ငြိမ်းအေးချမ်းကော်မတီ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်က ပြည်သူ့လွှတ်တော်သို့ အစီရင်ခံခဲ့သည်။

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်းအေးချမ်းရေးကော်မတီကို ၂၀၁၂ခုနှစ်၊ သြဂုတ်လတွင် ဒေါ်အောင်ဆန်းဆုကြည်က ဥက္ကဋ္ဌတာဝန်ယူ၍ အဖွဲ့ဝင်(၁၅)ဦးဖြင့် ဖွဲ့စည်းထားသည်။ အဆိုပါကော်မတီသို့ ၂၀၁၄ခုနှစ်၊ အောက်တိုဘာလမှ ၂၀၁၅ခုနှစ်၊သြဂုတ်လအထိ တရားစီးရင်ရေးနှင့်စပ်လျဉ်းသည့် တိုင်ကြားစာ (၁၈၀၀)စောင်၊ လယ်ယာမြေနှင့်စပ်လျဉ်း၍ တိုင်ကြားစာ (၁၂၀၀)စောင်၊ အုပ်ချုပ်ရေးနှင့်စပ်လျဉ်း၍ (၆၀၀) စောင် ရောက်ရှိလာကြောင်းလည်း လွှတ်တော်သို့ အစီအရင်ခံခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required