သမီးလေး မွေးဖွားခဲ့တဲ့ ပက်ခ်ဆီယွန်

သမီးလေး မွေးဖွားခဲ့တဲ့ ပက်ခ်ဆီယွန်

တောင်ကိုရီးယား မင်းသမီး ပက်ခ်ဆီယွန်သည်  နိုဝင်ဘာ ၁၄ ရက် နေ့လည်အချိန်တွင် သမီးလေးကို မွေးဖွားခဲ့ပြီဖြစ်ကြောင်း ၎င်း၏ အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ပက်ခ်ဆီယွန်ဟာ သမီးလေးကို မွေးဖွားခဲ့ပါတယ်။ မိခင်ရော ကလေးရော နှစ်ယောက်လုံး ကျန်းမာပါတယ်။ ပရိတ်သတ်တွေက ပက်ခ်ဆီယွန် သမီးလေး မွေးဖွားခဲ့တဲ့အတွက်  ဂုဏ်ယူပါတယ် လို့ပြောကြားခဲ့တာတွေကို ပက်ခ်ဆီယွန်ကို ပြောခဲ့ပါတယ်” ဟု ၎င်း၏ အေဂျင်စီမှ အမှုဆောင်အရာရှိ ချုပ်က ပြောကြားသည်။

ပက်ခ်ဆီယွန်သည် ၂၀၁၁ ခုနှစ်တွင် လက်ထက်ခဲ့ပြီး နှစ်နှစ်အကြာတွင် သမီးဦးလေးကို မွေးဖွားခဲ့သည်။ ပက်ခ်ဆီယွန်သည် ယခုအခါ ဒုတိယမြောက် သမီးလေးကို မွေးဖွားခဲ့ကြောင်းနှင့် ပက်ခ်ဆီယွန် သည်သမီးနှစ်ယောက် မိခင်ဖြစ်လာပြီ ဖြစ်သည်။

“သမီးလေး မွေးတဲ့အတွက် ဂုဏ်ပြုစကားပြောပေးတဲ့ သူတွေကို ကျွန်မ ကျေးဇူးတင်ပါတယ်။ ကလေးနှစ်ယောက် မိခင်ဖြစ်လာတဲ့အတွက် ကျွန်မရဲ့ ပျော်ရွှင်စရာကောင်းပြီး ကျန်းမာတဲ့ မိသားစုအ တွက် အလုပ်တွေ ပိုလုပ်ရတော့မယ်” ဟု ပက်ခ်ဆီယွန်က ပရိတ်သတ်များကို ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly