အိုင်အက်စ်အား အမြစ်ပြတ်ချေမှုန်းမည်ဟု ပြင်သစ်သမ္မတ ပြော

အိုင်အက်စ်အား အမြစ်ပြတ်ချေမှုန်းမည်ဟု ပြင်သစ်သမ္မတ ပြော

နိုဝင်ဘာ ၁၃။            ။  ပါရီတိုက်ခိုက်ခံရပြီးနောက် အိုင်အက်စ်အဖွဲ့အား အမြစ်ပြတ်ချေမှုန်းမည်ဟု ပြင်သစ်သမ္မတ ဖရန့်စွာအော်လန်းက ပြောလိုက်သည်။

နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာခြင်း လုပ်ငန်းစဉ်အားလည်း ထပ်ချဲ့ရန် ဆွေးနွေးမည်ဖြစ်ပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရမည်ဟုလည်း အကြံပြုသွားမည်ဖြစ်ကြောင်း အော်လန်းက ပြောသည်။

ပြင်သစ်စစ်တပ်က အီရတ်နှင့် ဆီးရီးယားတို့တွင် အိုင်အက်စ်အဖွဲ့အား တိုက်ခိုက်နေရာ ဆက်လက်၍ အပြင်းအထန်တိုက်ခိုက်သွားမည်ဖြစ်သည်။

လူပေါင်း ၁၂၉ ဦးသေဆုံးသည့် ပါရီတိုက်ခိုက်မှုများကို ၎င်းတို့က ကျုးလွန်ကြောင်း အိုင်အက်စ်တို့က ပြောထားသည်။

လွှတ်တော်နှစ်ရပ်ပေါင်းတွင် သမ္မတက ပြောကြားရာတွင် "နိုင်ငံတော် အရေးပေါ်အခြေအနေ ပြဌာန်းရခြင်းမရှိဘဲ ကျွန်တော်တို့ ဆောင်ရွက်သွားနိုင်မယ့် လမ်းကြောင်းတွေ ရှိထားဖို့ လိုပါတယ်။"ဟု   ပြောပြီး ယင်းအတွက် ဖွဲ့စည်းပုံဥပဒေအား ပြင်ဆင်ရန်  လိုအပ်ကြောင်း ပြောကြားသည်။

Ref ; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required