ဘောလိဝုနှင့် နိုင်ငံတကာ ရုပ်ရှင်များစွာတွင် ပါဝင် သရုပ်ဆောင်ခဲ့သော မင်းသားကြီး Saeed Jaffrey ကွယ်လွန်

ဘောလိဝုနှင့် နိုင်ငံတကာ ရုပ်ရှင်များစွာတွင် ပါဝင် သရုပ်ဆောင်ခဲ့သော မင်းသားကြီး Saeed Jaffrey ကွယ်လွန်

ဘောလိဝုနှင့် နိုင်ငံတကာ ရုပ်ရှင်များစွာတွင် ပါဝင် သရုပ်ဆောင်ခဲ့သော မင်းသားကြီး Saeed Jaffrey မှာ အသက် ၈၆ နှစ်အရွယ်တွင် ကွယ်လွန်သွားပြီ ဖြစ်သည်။ နိုဝင်ဘာလ ၁၅ ရက်နေ့က ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။

မင်းသားကြီး ကွယ်လွန်သွားပြီဖြစ်ကြောင်း သူ၏ တူမက Facebook တွင် ကြေညာခဲ့ခြင်း ဖြစ်သည်။ မင်းသားကြီး Jaffrey သည် ဘောလိဝု ရုပ်ရှင်ဇာတ်ကားပေါင်း ၁၀၀ ကျော်တွင် ပါဝင် သရုပ်ဆောင်ခဲ့သူဖြစ်ကာ နိုင်ငံတကာ ရုပ်ရှင်ကဏ္ဍတွင်လည်း “A Passage To India” နှင့် “Gandhi” (ဂန္ဓီ) ကဲ့သို့သော ကမ္ဘာကျော် ဇာတ်ကားများတွင် ပါဝင် သရုပ်ဆောင်ခဲ့သူ ဖြစ်သည်။

သူသည် အိန္ဒိယနိုင်ငံ ပန်ဂျပ် ပြည်နယ်တွင် ဖွားမြင်ခဲ့သူ ဖြစ်သည်။ ထို့ပြင် သူသည် သရုပ်ဆောင်ကဏ္ဍနှင့် ပတ်သတ်၍ ယူကေမှ OBE ဂုဏ်ထူးဆောင်ဘွဲ့ ရရှိခဲ့သော ပထမဆုံး အိန္ဒိယ သရုပ်ဆောင်လည်း ဖြစ်သည်။

မင်းသားကြီး ကွယ်လွန်သွားခဲ့ခြင်းနှင့် ပတ်သတ်၍ ဝမ်းနည်းစကား ဆိုခဲ့ကြသူများထဲတွင် အိန္ဒိယ ဝန်ကြီးချုပ် မိုဒီလည်း ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required