ရွေးကောက်မခံရသည့် အမတ်များ ဒီမိုကရေစီနည်းမကျစွာ ဥပဒေပြုနိုင်ခွင့် နှစ်လကျော်ကြာ ရှိနေဆဲဖြစ်

ရွေးကောက်မခံရသည့် အမတ်များ ဒီမိုကရေစီနည်းမကျစွာ ဥပဒေပြုနိုင်ခွင့် နှစ်လကျော်ကြာ ရှိနေဆဲဖြစ်

ရွေးကောက်ပွဲတွင် မရှုမလှရှုံးနိမ့်ခဲ့သည့် စစ်တပ်ကျောထောက်နောက်ခံ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် နောက်ထပ်အချိန် နှစ်လခွဲကြာ လွှတ်တော်တွင်း လူများစုအဖြစ် ဥပဒေပြုနိုင်ခွင့် ရှိနေသေးဆဲဖြစ်ရာ လုပ်ငန်းကိစ္စရပ်များအပေါ် ခြယ်လှယ်ထားနိုင်စွမ်း ရှိနေဆဲဖြစ်သည်။

နိုဝင်ဘာ ၁၆ ရက်တွင် ပြန်လည်စတင်သည့် ယခုလွှတ်တော်တွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီအား နိုဝင်ဘာ ၈ ရွေးကောက်ပွဲက အပြတ်အသတ်ရှုံးနိမ့်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အင်အားအများစုဖြင့် ကြီးစိုးထားဆဲနိုင်ဆဲ လွှတ်တော်ဖြစ်နေသည်။

မျှတမှု မရှိဟန်ဖြစ်နေသည့် ယင်းအရေးအရာနှင့် ပတ်သက်ပြီး အပြုသဘောရှုမြင်သဘောထားနေလျက်ရှိကြသည့် အတိုက်အခံပါတီအမတ်များအတွက်မူ အရေးအရာထည့်စရာ ဖြစ်ရပ်တစ်ခုအဖြစ် သဘောထားမထားထားဘဲ ဥပက္ခောပြုထားနိုင်သည်ကိုလည်း တွေ့မြင်ရသည်။

"ကျွန်တော်တို့က အခက်အခဲပြဿနာတွေ များစွာနဲ့ ရင်ဆိုင်နေရတာပါ။ အခုပြဿနာကတော့ NLD ပါတီအတွက် သိပ်ပြီး ခေါင်းစားနေစရာ မရှိပါဘူး။"ဟု NLD မှ ဦးဝင်းထိန်းက ပြောခဲ့သည်။

ကျန်ရှိ လွှတ်တော်ကာလ နှစ်လခွဲအတွင်း လွှတ်တော်တွင် ဝန်ကြီးများက ထပ်တိုးဘတ်ဂျက်များကို အဓိကထား တောင်းခံကြမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးအမတ်တစ်ဦးဖြစ်သည့် ဦးတင်မောင်က ပြောသည်။

"ခုလွှတ်တော်မှာ ဆွေးနွေးလက်စ ဥပဒေကြမ်းတွေကို တော်တော်လေး ဆွေးနွေးသွားကြမှာဖြစ်တယ်။ တစ်ချို့ဥပဒေတွေလည်း အတည်ဖြစ်လာနိုင်ပါတယ်။"ဟု ၎င်းက အသေးစိတ်ပြောကြားခြင်းမရှိဘဲ ဆိုသည်။

ယခုလွှတ်တော်ကာလသည် ဇန်နဝါရီ ၃၁ ရက်အထိတိုင် သက်တမ်းရှိမည်ဖြစ်သည်။ ယင်းနောက်ပိုင်းတွင် လွှတ်တော်အခန်းကဏ္ဍက လွှတ်တော်နှစ်ရပ်ပေါင်းအမတ်နေရာ ၆၆၄ နေရာတွင် လက်ရှိအမတ်နေရာ ၃၆၀ ကျော်ရထားသည့် ပြည်ခိုင်ဖြိုးပါတီက အမတ်နေရာ ၄၂ နေရာသာ ရှိတော့မည်ဖြစ်ပြီး ပြောင်းပြန်ရလဒ်အဖြစ် NLD ပါတီက အမတ်နေရာ ၃၈၇ နေရာဖြင့် လွှတ်တော်အတွင်း အများစုကြီးစိုးထားနိုင်တော့မည်ဖြစ်သည်။

ယခုကဲ့သို့ ရွေးကောက်ခံမဟုတ်တော့သူများ လွှတ်တော်တွင်း ဥပဒေပြုခွင့် ရှိနေဆဲ လွှတ်တော်အချိန် အပိုင်းအခြားကာလမျိုးက ပါလီမန်ဒီမိုကရေစီစနစ်တွင် နည်းလမ်းမကျသည့်   ဖြစ်ရပ်တစ်ခု လည်းဖြစ်သည်။

ပါလီမန်ဒီမိုကရေစီအရမူ ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ခံအမတ်သစ်များနှင့် အလွှဲအပြောင်းမဖြစ်မီကာလများတွင် လွှတ်တော်ဥပဒေပြုအာဏာများ သက်ဝင်နိုင်ခြင်းမရှိပေ။

ဆိုလိုသည်မှာ ရွေးကောက်ပွဲကျင်းပပြီး ရလဒ်သိပြီး ကာလတွင် လွှတ်တော်ခေါ်ယူခြင်းမရှိပေ။ သို့သော် မြန်မာနိုင်ငံတွင်မှု သမ္မတရွေးချယ်ခြင်းစနစ်အပါအဝင် အစိုးရဖွဲ့စည်းပုံစနစ်ကလည်း တစ်မူထူးခြားသည့် စနစ်များဖြစ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly