အာဆင်နယ်ကို ရှုံးတဲ့ပွဲမှာ မန်ယူ ဘာမှ လုပ်မပြနိုင်ဘူးလို့ ပြစ်တင်လိုက်တဲ့ ဆိုးလ်ရှား

အာဆင်နယ်ကို ရှုံးတဲ့ပွဲမှာ မန်ယူ ဘာမှ လုပ်မပြနိုင်ဘူးလို့ ပြစ်တင်လိုက်တဲ့ ဆိုးလ်ရှား
Photos: EPA

 တနင်္ဂနွေနေ့က သရဲနီတို့ဟာ အာဆင်နယ်ကို ၁-၀ ဂိုးနဲ့ ပရီးမီးယားလိဂ်မှာ နောက်ထပ် အိမ်ကွင်းရှုံးပွဲတွေ့ခဲ့ရအပြီး ဆိုးလ်ရှားက မန်ချက်စတာယူနိုက်ဟာ "ဘာမှ မလုပ်ပြနိုင်ခဲ့ဘူး"လို့ ဝန်ခံခဲ့ပါတယ်။ 

အူဘာမီယန်းရဲ့ ပင်နယ်တီဂိုးကြောင့် ဂန်းနားတို့ဟာ ၂၀၀၆ ခုနှစ်နောက်ပိုင်း သူတို့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်အဝေးကွင်းနိုင်ပွဲအဖြစ် ယူနိုက်တက်တို့ကို အနိုင်ရခဲ့ပါတယ်။ 

ဗုဒ္ဓဟူးနေ့က ချန်ပီယံလိဂ်မှာ လိုက်ဇစ်အသင်းကို ဂိုးပြတ်အနိုင်ယူပြီးနောက် ဆိုးလ်ရှားရဲ့ ပွဲ ၁၀၀ ပြည့်မြောက်မှာတော့ ယူနိုတက်တက်တို့ဟာ ရှုံးပွဲပြန်လည် ကြုံတွေ့ခဲ့တာဖြစ်ပါတယ်။ 

အိမ်ကွင်းမှာ လိဂ်ပွဲ ၆ ပွဲဆက် နိုင်ပွဲတစ်ပွဲမှ မရတဲ့ ယူနိုက်တက်ဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၁၅ မှာ ရပ်တည်နေပါတယ်။ 

"ပထမပိုင်းမှာ ကျနော်တို့ ဘာမှ မလုပ်ပြနိုင်ခဲ့ပဲ သူတို့က ကျနော်တို့ထက် ပိုကောင်းခဲ့ပါတယ်။"လို့ ဆိုးလ်ရှားက ပြောပါတယ်။ "ကျနော်တို့က ပြိုင်ပွဲအတွင်းမှာ ရှိမနေခဲ့ပါဘူး။"

ဆိုးလ်ရှားဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ဆီးမီးဖိုင်နယ်ရောက် လိုက်ဇစ်ကို ဂိုးပြတ်ချေမှုန်းခဲ့တဲ့ ပွဲမှာ အသုံးပြုခဲ့တဲ့ ၄-၄-၂ ပုံစံအတိုင်း ကွင်းလယ်မှာ ပေါ့ဂ်ဘာနဲ့ ဘရူနိုဖာနန်ဒက်စ်ကို တွဲကစားဖို့ ကြိုးစားခဲ့ပါတယ်။ 

ဒါပေမယ့် ပေါ့ဂ်ဘာရဲ့ ဘယ်လာရင်ကို စိတ်ပျက်စရာကောင်းတဲ့ ဖျက်ထုတ်မှုကနေ ပေးလိုက်ရတဲ့ ပင်နယ်တီပြစ်ဒဏ်က အဆုံးအဖြတ်ဖြစ်စေပြီး ယူနိုက်တက်တို့ဟာ အာဆင်နယ်အသင်းရဲ့ ကောင်းမွန်တဲ့ ခံစစ်ကို ဘယ်လို ဖြိုဖျက်နိုင်မလဲဆိုတာကို ကြံမရဖြစ်ခဲ့ပုံပါ။ 

"အကောင်းဆုံး ကစားနိုင်မှ ခြေထောက်ကလည်း နောက်ကလိုက်လာမှာပါ။ ပေါလ်က အဲဒီနေရာမှာ အမှားလုပ်ခဲ့တာ သူ သိပါတယ်။"လို့ ဆိုးလ်ရှားက သူ့အသင်းရဲ့ ကစားပုံကို အပြစ်တင်ရင်း ပြောဆိုခဲ့ပါတယ်။

"တကယ်လို့ အသင်းရဲ့ ကစားပုံဟာ ကောင်းမွန်ခဲ့မယ်ဆိုရင် ခင်ဗျာဟာ တခါတလေ စိတ်သက်သာရရှိနိုင်ဦးမယ်။ အခုဟာက အလုပ်ကို မဖြစ်ခဲ့ပါဘူး။" 

ဒါပေမယ့် ဆိုးလ်ရှားက အိမ်ကွင်း၊ အဝေးကွင်းဟာ သိပ်ပြီး အရေးမပါဘူးလို့ ပြောဆိုခဲ့ပြီး ယူနိုက်တက်တို့ဟာ ပြိုင်ပွဲစုံမှာ အဝေးကွင်း ၁၀ ပွဲဆက် အနိုင်ရခဲ့ပါတယ်။ 

"ကွင်းထဲမှာ ပရိသတ် မရှိတော့ အိမ်ကွင်းနဲ့ အဝေးကွင်း စွမ်းဆောင်ရည်တွေကို ထည့်တွက်လို့ မရပါဘူး။ 

"အခုချိန်မှာ အဝေးကွင်း နိုင်ပွဲပမာဏနဲ့အတူ အချက်လက်တွေကို ကြည့်လိုက်ပါ။ အိမ်ကွင်း၊ အဝေးကွင်းဆိုတာတွေက သိပ်ပြီး  အရေးမကြီးတော့ပါဘူး။" 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly