ဘာစီလိုနာဥက္ကဋ္ဌရာထူးကနေ ဘာတူမို နုတ်ထုတ်ပြီး ဥရောပစူပါလိဂ်မှာ ပါဝင်ဖို့ လက်ခံ

ဘာစီလိုနာဥက္ကဋ္ဌရာထူးကနေ ဘာတူမို နုတ်ထုတ်ပြီး ဥရောပစူပါလိဂ်မှာ ပါဝင်ဖို့ လက်ခံ
Photos: EPA

ဂျိုးဆက် မာရီယာ ဘာတိုမူဟာ သူ့ရဲ့ ဒါရိုက်တာအဖွဲ့နဲ့အတူ ဘာစီလိုနာဥက္ကဋ္ဌရာထူးကနေ အင်္ဂါနေ့က နုတ်ထွက်ခဲ့ပေမယ့် သူဟာ "အနာဂတ် ဥရောပစူပါလိဂ်"မှာ ပါဝင်ကစားဖို့ ကလပ်အသင်းအတွက် အဆိုပြုချက်ကို လက်ခံခဲ့တယ််လို့ ပြောပါတယ်။ 

ဘာတိုမူရဲ့ ထွက်ခွာသွးမှုဟာ ပရိသတ်တွေဆီက ဖိအားပေးမှုတွေနဲ့ မက်ဆီနဲ့ သူ့နဲ့ကြားက ကျရှုံးသွားတဲ့ ဆက်ဆံရေးတွေကြောင့် ဖြစ်လာတာပါ။ 

သြဂုတ်လက အသင်းကနေ ထွက်ခွာဖို့ ကြိုးစားခဲ့ပြီးနောက် အခုအခါ စီမံကိန်းအသစ်တစ်ခုရရှိလာလိမ့်မယ့် မက်ဆီရဲ့ အနာဂတ်ကို သူ့ရဲ့ နှုတ်ထွက်မှုက အကျိုးသက်ရောနိုင်ဖွယ်ရှိပါတယ်။ 

"ကျနော်နဲ့ ဘုတ်အဖွဲ့အားလုံး နှုတ်ထွက်သွားပြီဆိုတာ ခင်ဗျာတို့ကို အကြောင်းကြားဖို့ ဒီနေ့ ဒီကို ရောက်လာတာပါ။ ဒီဆုံးဖြတ်ချက်ကို သေချာစွာ ဂရုတစိုက်နဲ့ စဉ်းစားပြီးမှ ပါဝင်ပတ်သက်သူအားလုံးက သဘောတူထားတာဖြစ်တယ်။"လို့ ဘာတိုမူက တရားဝင်ကြေညာချက်မှာ ပြောပါတယ်။

ဒါပေမယ့်လည်း ကာတာလိုနီယား အလွန် အကြီးမားဆုံးသော လှိုင်းတွေကို ဖြစ်စေနိုင်ပုံရတဲ့ စူပါလိဂ်နဲ့ ပတ်သက်ပြီး သူရဲ့ ဖွင့်ဟချက်ဖြစ်ခဲ့ပါတယ်။ 

ဘာတိုမူက သူ့အနေနဲ့ "ကလပ်အသင်းရဲ့ ဘဏ္ဍာရေးပိုင်း တည်ငြိမ်မှုကို အာမခံပေးလိမ့်မယ့်" "ဥရောပစူပါလိဂ်"မှာ ပါဝင်စားဖို့ ဘာစီလိုနာအတွက် အဆိုပြုချက်တစ်ခုကို တနင်္လာနေ့က လက်ခံခဲ့တယ်လို့ ပြောပါတယ်။ 

ဘာစီလိုနာအသင်းက ပြီးခဲ့တဲ့ရာသီက ယူရို ၄၈၈ သန်းအထိ ကြွေးမြီ နှစ်ဆကျော်တက်လာတာနဲ့အတူ ယူရို ၉၇ သန်း (ဒေါ်လာ ၁၁၄ သန်း) အရှုံးပေါ်တယ်လို့ ယခုလအစာပိုင်းက ကြေညာခဲ့ပါတယ်။ 

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required