အဂွဲရိုး တစ်လလောက်အထိ လွဲချော်နိုင်တယ်လို့ ဂွာဒီယိုလာ ပြော

အဂွဲရိုး တစ်လလောက်အထိ လွဲချော်နိုင်တယ်လို့ ဂွာဒီယိုလာ ပြော
Photos: EPA

မန်ချက်စတာစီးတီးတိုက်စစ်မှူး ဆာဂျီယို အဂွဲရိုးဟာ တစ်လလောက် အနားယူရနိုင်ချေရှိတယ်လို့ ပက်ဂွာဒီယိုလာက တနင်္လာနေ့က မာဆေးလ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ 

စီးတီးဟာ အာဂျင်တိုင်းကစားသမား မပါဘဲ အင်္ဂါနေ့ ချန်ပီယံလိဂ်မှာ မာဆေးလ်အသင်းကို့ ယှဉ်ပြိုင်ကစားရာမှာဖြစ်ပါတယ်။ 

ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့တဲ့ အဂွဲရိုးဟာ စနေနေ့က ဝက်စ်ဟမ်းအသင်းကို သရေကျတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ကြွက်သားဒဏ်ရာပြဿနာတစ်ရပ်ကို ခံစားခဲ့ရတာပါ။ 

"သူဟာ အကောင်းဆုံးအခြေအနေမှာ မရှိခဲ့ဘူးဆိုတာ ကျနော်တို့ သိခဲ့တယ်။"လို့ ဂွာဒီယိုလာက ပြောပါတယ်။ "ခင်ဗျာအနေနဲ့ ဒူးဒဏ်ရာကြောင့် လေးငါးလလောက် အနားယူခဲ့ပြီး ဒဏ်ရာတွေကနေ ပြန်သက်သာလာတဲ့အခါ အမြဲတမ်း အန္တရာယ်ရှိနိုင်ပါတယ်။"

"အနည်းဆုံး ၁၀ ရက်ကနေ ၁၅ ရက်အထိ အနားယူရဖို့ရှိတယ်။ ဒီထက်ကြာမယ်ဆိုရင်တော့ သုံးပတ်ကနေ တစ်လအထိဖြစ်ပါလိမ့်မယ်။ ကျနော်လည်း မပြောတတ်ပါဘူး။" 

ဂွာဒီယိုလာက "ဆာဂျီယိုကို အပြည့်အဝ ပြန်လည်ကောင်းမွန်လာမှ ပြန်လာစေချင်ပါတယ်။ ကျနော်တို့ သူ့ကို အများကြီး သတိရပါတယ်။ သူဟာ ဒီကလပ်အတွက် အကောင်းဆုံးတွေကို လုပ်ပေးခဲ့တယ်။ သူဟာ စီတီးအသင်းရဲ့ ဂန္တဝင်တစ်ယောက်ပါ။"

ဘရာဇီးလ်ကစားသမား ဂါဘရီရယ်လ် ဂျီးဆပ်စ်ဟာလည်း ပါဝင်မဟုတ်ပေမယ့် ဂွာဒီယိုလက သူဟာ အပြောင်းရွှေ့စျေးကွက်မှာ တိုက်စစ်မှူးတစ်ယောက် မခေါ်ယူတဲ့အပေါ် နောက်တမရခဲ့ဘူးလို့ ပြောဆိုသွားပါတယ်။ 

"ကျနော်တို့ မခေါ်နိုင်ခဲ့ပါဘူး။ ကလပ်အသင်းကတော့ တတ်နိုင်သလေက် လုပ်ပေးနိုင်ခဲ့တယ်။ ဒါပေမယ့် ရာသီကုန်မှာ ကျနော်တို့ ဝင်ငွေနည်းခဲ့တယ်။ ပြီးတော့ ကျနော်တို့ဟာ ဂါဘရီရယ်လ်နဲ့ ဆာဂျီယိုတို့လို အဆင့်ရှိတဲ့ တိုက်စစ်မှူးတစ်ယောက် လိုချင်ခဲ့တယ်။ ကျနောတို့မှာ ဖြစ်မလာပါဘူး။" 

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required