သူတို့ဆီက ကူညီပါရစေဆိုတာ…..

သူတို့ဆီက ကူညီပါရစေဆိုတာ…..

မန်ချက်စတာ၊ နိုဝင်ဘာ-၁၆ ။             ။ သက်ကြီးရွယ်အို ဇနီးမောင်နှံက ၉၉၉သို့ ဖုန်းခေါ်ပြီး သူတို့ အထီးကျန်နေကြောင်း ပြောလာသည့်အခါတွင် မစ်ဒယ်တန်မှ ရဲအရာရှိများက အိမ်တိုင်ရာရောက် သွားတွေ့ပြီး အဘိုးကြီးအဖွားကြီးစုံတွဲနှင့် လက်ဖက်ရည် အတူထိုင်သောက်ကာ အချိန်ဖြုန်းပေးခဲ့သည်ဟု ဆိုသည်။

ရဲအရာရှိနှစ်ယောက်က အဘိုးအဖွားစုံတွဲနှင့် မိနစ်၃၀ကြာအောင်ပင် လက်ဖက်ရည်သောက်ရင်း စကားဝိုင်းဖွဲ့နေခဲ့သည်ဟု ဆိုသည်။

‘ရဲကို ဖုန်းဆက်ပြီး သူတို့ အထီးကျန်နေပါတယ်လို့ ပြောလာတဲ့ ၉၅နှစ်အရွယ် အဘိုးအဖွားစုံတွဲကို နှစ်သိမ့်ပေးရုံပါ’’ဟု မက်ချက်စတာရဲဌာန၏ တွတ်တာစာမျက်နှာတွင် ရေးသားခဲ့သည်။ ‘သူတို့ကို လက်ဖက်ရည်ဖျော်ပေးပြီး အတူထိုင်သောက်၊ စကားပြောရုံကလွဲလို့ ဘာများတတ်နိုင်ပါတုန်း’’ဟုလည်း ရေးသားထားသည်။

ရဲအရာရှိများမှာ ဆုံးဖြတ်ချက်တွင် ခိုင်မာစွဲမြဲလေ့ရှိကြပြီး ယခုလို အသေးအဖွဲကိစ္စလေးများတွင် အချိန်ဖြုန်းသင့်ပါသလားဟု မေးမြန်းလာသည့်အခါတွင်လည်း သူတို့၏ လုပ်ရပ်ကို ကြက်ခေါင်းဆိတ်မခံ ခုခံကာကွယ်လေ့ရှိကြသည်။

‘ကျနော်တို့တွေဟာ မှုခင်းတွေကို တိုက်ဖျက်နေရာတာတင်မကပါဘူး၊ လူတွေကိုလည်း စောင့်ရှာက်ရပါတယ်။ ဒါက လူတွေကို ဘယ်အခြေအနေမှာပဲ ရောက်နေနေ ကာကွယ်တာပါ’’ဟု ရဲအရာရှိ အန်ဒီ ရစ်ချတ်ဆန်က ဘီဘီစီသို့ ပြောကြားခဲ့သည်။

ဖုန်းခေါ်ခဲ့သည့် အဖိုးဘို ဖရတ်သောမဆန်ကမူ ရဲအရာရှိများ ယခုကဲ့သို့ အချိန်ပေးပြီး လာစကားပြောသည့်အတွက် ကျေးဇူးတင်နေသည်။

‘ငါ့ကို တစ်ယောယောက်က ဂရုစိုက်နေသေးတယ်လို့ ဖြေသိမ့်လို့ရတာပေါ့။ ဒါက အသေးအဖွဲဆိုပေမယ့်လည်း သူတို့လာတယ် စကားပြောတယ်ဆိုတာကိုက ဂရုစိုက်ကြောင်းကို ပြတာပါပဲ’’ဟု အဖိုးအို သော်မဆန်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required