မန်ယူအသင်း ကြွေးမြီ ၁၃၃ ရာခိုင်နှုန်း တက်လာတဲ့အတွက် ပေါင် ၄၇၄ သန်းရှိလာ

မန်ယူအသင်း ကြွေးမြီ ၁၃၃ ရာခိုင်နှုန်း တက်လာတဲ့အတွက် ပေါင် ၄၇၄ သန်းရှိလာ

မန်ချက်စတာယူနိုက်တက်ဟာ အသားတင်ကြွေးမြီ ၁၃၃ ရာခိုင်နှုန်းမြင့်တက်လာတာနဲအမျှ သူတို့ရဲ့ ဝင်ငွေကို ပြင်းထန်စွာ ထိခိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးနောက်မှာ အမှုဆောင်ဒု-ဥက္ကဋ္ဌ အက်ဒ်ဝုဒ်ဝက်ဒ်က ကလပ်အသင်းဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါရဲ့ ထင်သာတဲ့ စီးပွားရေးအကျပ်အတည်းနဲ့ လိုက်လျောညီဖြစ်အောင် လုပ်ဖို့လိုတယ်လို့ ပြောပါတယ်။ 

ကလပ်အသင်းဟာ ကပ်ရောဂါရဲ့ ထိခိုက်မှုကို ပြသရာကျတဲ့ သူတို့ရဲ့ ၁၂ လက ဘဏ္ဍာရေးရလဒ်တွေကို ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့တာပါ။ 

ပြီးခဲ့တဲ့နှစ်က အမြတ်ငွေ ပေါင် ၁၉ သန်း (ဒေါ်လာ ၂၅ သန်း)နဲ့ နှိုင်းယှဉ်ရင် ဝင်ငွေ ၁၉ ရာခိုင်နှုန်း ကျဆင်းတဲ့အတွက် ပေါင် ၅၀၉ သန်း(ဒေါ်လာ ၆၆၄ သန်း)ရှိပြီး ပေါင် ၂၃ သန်း (ဒေါ်လာသန်း ၃၀) အရှုံးပေါ်ခဲ့ပါတယ်။ 

ယူနိုက်တက်ရဲ့ ခန့်မှန်းချက်အရ Covid-19 ဟာ သူတို့ကို ဝင်ငွေပေါင်သန်း ၇၀ (ဒေါ်လာ ၉၁ သန်း) ထိခိုက်စေမယ်လို့ ဆိုပါတယ်။ အိုးထရက်ဖို့ဒ်မှာ ကွင်းဝင်ကြေးမရှိတာနဲ့ ကလပ်အရောင်းဆိုင်တို့ ပိတ်ထားရတာတို့ဟာ ဒီပမာဏရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းကိုဖြစ်စေတာပါ။ 

သူတို့ရဲ့ အဓိကကြွေးမြီမှာ တူညီနေဆဲဖြစ်ပေမယ့် ကလပ်အသင်းရဲ့ အသင်းတင်ကြွေးမြီမှာ ၁၃၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ပေါင်၄၇၄ သန်း (ဒေါ်လာ ၆၁၈ သန်း)အထိ ရှိခဲ့ပါတယ်။ သိသိသာသာမြင့်တက်လာတဲ့ ဒီအချက်ဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါနဲ့ ကစားမားအပြောင်းရွှေ့အတွက် သုံးစွဲတဲ့ ငွေကြေးအရ ငွေသား ဝင်ငွေကျဆင်းတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ 

ဝုဒ်ဝက်ဒ်က "ကပ်ရောဂါရဲ့ သိသာထင်ရှားတဲ့ စီးပွားရေးဆိုင်ရာ ထိခိုက်မှုတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်နေစဉ်အတွင်းမှာ ကျနော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ ပရိသတ်တွေနဲ့ အသိုင်းအဝိုင်းတွေရဲ့ ကျန်းမာရေးကို ကာကွယ်ဖို့ ကျနော်တို့ရဲ့ အာရုံစိုက်မှုအဖြစ် ရှိနေဆဲပါ။ 

"ဒီလို အခြေအနေမျိုးမှာ ကျနော်တို့ရဲ့ ထိပ်ဆုံးဦစားပေးကတော့ ပရိသတ်တွေကို အားကစားကွင်းထဲကို လုံခြုံစွာနဲ့ တတ်နိုင်သမျှ အမြန်ဆုံး ပြန်လည်ဝင်ရောက်နိုင်ဖို့ပါပဲ။"လို့ ပြောပါတယ်။ 

ယူနိုက်တက်ဟာ နွေရာသီအပြောင်းအရွှေ့မှာ ဗန်ဒီဘိခ်၊ ကာဗာနီ၊ အဲလက်စ် တယ်လစ်၊ ပယ်လယ်စထရီနဲ့ အာမက် ဒီရာလိုတို့ကို ခေါ်ယူခဲ့ပြီး ဒါတွော သူတို့ရဲ့ ကြွေးမြီပမာဏ တိုးလာခဲ့တာဖြစ်တယ်လို့ ကလပ်အသင်းက ပြောပါတယ်။ 

ဝုဒ်ဝက်ဒ်က "ကွင်းထဲမှာ ကျနော်တို့ဟာ နွေရာသီမှာ အသင်းကို အားကောင်းလာစေခဲ့ပြီး ကလပ်ရဲ့ ရေရှည်ခံနိုင်ရည်ကို ကာကွယ်ဖို့ ကျနော်တို့ရဲ့ အရင်းအမြစ်တွေကို ဂရုတစိုက် စီမံခန့်ခွဲနေစဉ်မှာ အရည်အသွေးမြင့် ကစားသမားသစ်ခေါ်ယူမှုတွေနဲ့ အကယ်ဒမီကစားသမားတွေ ရောနှောမှုနဲ့အတူ ဆုဖလားတွေ ရယူဖို့၊ ဖျော်ဖြေမှု ပေးနိုင်ဖို့၊ တိုက်စစ်ကစားနိုင်ဖို့တို့့ ကျနော်တို့ရဲ့ ရည်မှန်းချက်အဖြစ် ရှိနေဆဲဖြစ်ပါတယ်။"လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။ 

ဒီလို ကြွေးမြီမြင့်တက်လာပေမယ်လည်း သတင်းကောင်းအချို့ရှိနေပြန်တာက ကလပ်အသင်းဟာ အင်္ကျီစပွန်ဆာ Chevrolet နဲ့ ပူးပေါင်းမှုကို နောက်ထပ် ခြောက်လစာချုပ်သက်တမ်းတိုးခဲ့ပြီး ဒီစာချုပ်ကုန်ဆုံးချိန်မှာ အမေရိကန်ကုမ္ပဏီရဲ့ နေရာကို ဘယ်သူနဲ့ အစားထိုးမယ်ဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်နေပါတယ်။ 

Ref; Goal

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required