'ပြီးခဲ့တဲ့ တစ်ကြိမ်ကထက် ပိုပြီးတော့ ကောင်းတယ်။' - မန်ယူအသင်း ပီအက်စ်ဂျီကို ထပ်ပြီး အနိုင်လို့ ကျေနပ်နေတဲ့ ဆိုးလ်ရှား

'ပြီးခဲ့တဲ့ တစ်ကြိမ်ကထက် ပိုပြီးတော့ ကောင်းတယ်။' - မန်ယူအသင်း ပီအက်စ်ဂျီကို ထပ်ပြီး အနိုင်လို့ ကျေနပ်နေတဲ့ ဆိုးလ်ရှား
Photos: EPA

ရပ်ရှ်ဖို့ဒ်ရဲ့ နောက်ကျသွင်းဂိုးနဲ့ ပီအက်စ်ဂျီကို ချန်ပီယံလိဂ်မှာ သုံးရာသီအတွင်း နှစ်ကြိမ်မြောက်အဖြစ် အနိုင်ရပြီးနောက် ဆိုးလ်ရှားက သူ့ရဲ့ "အကောင်းဆုံးသော" မန်ချက်စတာယူနိုက်အသင်းလို့ အပြည့်အဝ ချီးကျူးခဲ့ပါတယ်။ 

"စွမ်းဆောင်ရည်က ကောင်းမွန်ခဲ့ပြီး ဒီပွဲကို အနိုင်ရဖို့ ထိုက်တန်ခဲ့တယ်။ ဒါက ပြီးခဲ့တဲ့ တစ်ကြိမ်ထက် ပိုကောင်းတဲ့ စွမ်းဆောင်ချက်ပါပဲ။ ကျနော်တို့ ဘယ်လိုတိုးတက်လာသလဲဆိုတာကို ပြသပါတယ်။"လို့ ဆိုးလ်ရှားက အုပ်စု (H) အဖွင့်ပွဲစဉ်မှာ ပီအက်စ်ဂျီကွင်းမှာ ၂-၁ ဂိုးနဲ့ အနိုင်ရရှိပြီးနောက် ပြောပါတယ်။

ပထမပိုင်းမှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ ပင်နယ်တီအဖွင့်ဂိုးကို မာရှယ်ရဲ့ ကိုယ့်ဂိုးကိုသွင်းဂိုးက ချေပခဲ့ပြီးနောက် ရပ်ရှ်ဖို့ဒ်ရဲ့ ပွဲချိန် ၈၇ မိနစ်မှာ ကြိုးစားအားထုတ်မှုက ယူနိုက်တက်ရဲ့ နိုင်ပွဲကို အဆုံးအဖြတ်ပေးခဲ့ပါတယ်။

ဒါဟာ ပရီးမီးယားလိဂ်ကလပ်အသင်းအတွက် ပြီးခဲ့တဲ့ရာသီရဲ့ ဒုတိယဆုရအသင်းကို အဝေးကွင်းမှာ အနိုင်သုံးမှတ်ဖြစ်စေပြီး ယူနိုက်တက်ရဲ့ ခံစစ်ဟာ ပီအက်စ်ဂျီရဲ့ နေမာ၊ အမ်ဘာပေနဲ့ ဒီမာရီယာတို့ တိုက်စစ် သုံးယောက်အတွဲကို အကောင်းဆုံး ထိန်းသိမ်းခဲ့တာကြောင့် ဆိုးလ်ရှားကို ကျေနပ်စေခဲ့ပါတယ်။ 

"ကျနော်တို့ဟာ အလွန်ကောင်းမွန်တဲ့ အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီးတော့ ခံစစ်ပိုင်းကောင်းမွန်မှု ရှိရပါမယ်။ ကစားသမားတွေဟာ သော့ချက်တွေပါ။ ဘာလျှို့ဝှက်ချက်မျိုးမှ ရှိမနေဘူးလို့ ကျနော် ထင်ပါတယ်။ ပီအက်စ်ဂျီကို အနိုင်ရဖို့ ကျနော်တို့ ကောင်းကောင်းကစားပြီး ခံစစ်ပိုင်း ကောင်းမွန်နေဖို့ လိုပါတယ်။"လို့ သူက ပြောပါတယ်။

နော်ဝေးသားနည်းပြဟာ မကြာခင်က ခေါ်ယူထားတဲ့ ကစာသမားသစ် အဲလက်စ်တယ်လက်စ်ကို ပွဲဦးထွက်ခွင့် ပေးခဲ့ပြီး ဗဟိုနောက်တန်း သုံးယောက်တန်းမှာ လုဇ်ရှော်၊ တွန်ဇီဘီတို့နဲ့အတူ တွဲကစားစေခဲ့ပါတယ်။

"အဲလက်စ်ရဲ့ အရည်အသွေးတွေကို ကျနော်တို့ သိထားပါတယ်။ သူဟာ ထိပ်တန်းနောက်ခံလူတစ်ယောက်ပါ။ ဘောလုံးပွဲတွေနဲ့ ၁၀ လလောက်ဝေးခဲ့တဲ့ သူရဲ့ ပထမဆုံးပွဲမှာ သူဘယ်လိုနောက်ခံလူဆိုတာကို သက်သာပြခဲ့ပါတယ်။"လို့ ဆိုးလ်ရှားက BT Sport ကို ပြောခဲ့ပါတယ်။ 

ယူနိုက်တက်နည်းပြကလည်း ၂၀၁၉ မတ်လက ချန်ပီယံလိဂ်ရှုံးထွက် ၁၆ အဆင့် ဒီနေရာမှာ နောက်ဆုံးပင်နယ်တီသွင်းဂိုးနဲ့ သူတို့ကို နိုင်ပွဲရယူပေးခဲ့တဲ့ ရပ်ရှ်ဖို့ဒ်ကို ချီးကျူးခဲ့ပါတယ်။ ဆိုးလ်ရှားက တိုက်စစ်မှူးဟာ “ဒီအားကစားကွင်းနေရာကို ကြိုက်ပုံရတယ်”လို့ အရွှန်းဖောက်ခဲ့ပါတယ်။

အုပ်စုကျပ်ထဲ ကျရောက်နေတဲ့ သူတို့ဟာ လာမယ့်အပတ်မှာ လိုက်ပ်ဇစ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဂျာမန်အသင်းဟာ အင်္ဂါနေ့က ဘာရှက်ဆီဟီကို ၂-၀ ဂိုးနဲ့ အနိုင်ရထားပါတယ်။

အဲဒီနောက်မှာ သူတို့ဟာ နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ တူရကီချန်ပီယံ ဘက်ရှက်ဆီဟီ၊ အိုးထရက်ဖို့ဒ်မှာ ပီအက်ဂျီတို့နဲ့ အသီးသီး ကစားရဖို့ ရှိနေပါသေးတယ်။ 

"ရမှတ် ၁၀ မှတ်လောက်ရမှ နောက်တစ်ဆင့်ကို တက်နိုင်မယ်ဆိုတာ ကျနော်တို့ နားလည်ထားပါတယ်။"လို့ ဆိုးလ်ရှားက ပြောပါတယ်။ 

"ကျနော်တို့ သုံးမှတ်ပဲ ရသေးတယ်။ ဆိုတော့ လိုက်ပ်ဇစ်နဲ့ပွဲက ပွဲကြီးဖြစ်ပေမယ့် အဲဒီပွဲအပြီးမှာ ချယ်လ်ဆီး၊ ပြီးတော့ အာဆင်နယ်တို့နဲ့ ကစားရမယ်။ ပွဲစဉ်တွေအများကြီးပါပဲ။ ကစားသမားကောင်းများစွာ ရွေးချယ်ရလို့ ကျနော် ပျော်ရွှင်ပါတယ်။" 

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly