ရီးယဲလ်မက်ဒရစ်အသင်းနှင့် စီရော်နယ်ဒိုလမ်းခွဲဖွယ်ရှိဟု သတင်းထွက်

ရီးယဲလ်မက်ဒရစ်အသင်းနှင့် စီရော်နယ်ဒိုလမ်းခွဲဖွယ်ရှိဟု သတင်းထွက်

နိုဝင်ဘာ ၁၆၊ လန်ဒန် ။                ။ စီရော်နယ်ဒိုသည် လာမည့်မေလတွင် ရီးယဲလ်မက်ဒရစ်အသင်းနှင့်လမ်းခွဲရန်ဦးတည်နေသဖြင့် စနေနေ့တွင်ကစားမည့် အယ်ကလက်စီကိုပွဲ မှာ လာလီဂါအိမ်ကွင်းနောက်ဆုံးဒါဘီပွဲဖြစ်လာဖွယ်ရှိဟု ဒေးလီးမေးလ်သတင်းစာက ဖော်ပြသည်။

ယင်းသို့ဖြစ်လာရခြင်းမှာ ပြီးခဲ့သည့်တစ်ပတ်က လန်ဒန်တွင်ပြုလုပ်သော စီရော်နယ်ဒိုဘဝမှတ်တမ်းရုပ်ရှင်ကို ရီးယဲလ်မက်ဒရစ်အသင်းက မသိကျိုးကျွံပြုရာမှ ဖြစ်လာခဲ့ခြင်းဟု ၂၀၀၉ တွင် စီရော်နယ်ဒိုပြောင်းလာခဲ့သည့် ရီးယဲလ်မက်ဒရစ်အသင်းမှ အတွင်းလူများက ယူဆနေသည်။

စီရော်နယ်ဒိုသည် ယခုနှစ်ဘောလုံးရာသီ ကလပ်နှင့်နိုင်ငံပွဲ ၁၈ ပွဲတွင် ၁၂ ပွဲဂိုးမသွင်းနိုင်သည့်အနေအထားဖြင့် ဘာစီလိုနာကိုရင်ဆိုင်ရမည် ဖြစ်သော်လည်း ခြေစွမ်းထက် အသင်းနှင့်ဆက်ဆံရေးက လမ်းခွဲရန်ပိုမိုအကြောင်းဖန်နေခြင်းဖြစ်သည်။

ရာသီကုန်တွင် အသက် ၃၁ နှစ်ရှိနေမည့်ကစားသမားကို ရီးယဲလ်မက်ဒရစ်အသင်းက တန်ဖိုးသတ်မှတ်ရန်ဆုံးဖြတ်ခဲ့ခြင်းကလည်း အခြေခံကျ သောအချက်ဖြစ်ခဲ့သော်လည်း ၎င်း၏တန်ဖိုးမှာ အပြောင်းအရွှေ့ဈေးကွက်အတွင်းလွန်စွာမြင့်မားလျှက်ရှိနေဆဲဖြစ်သည်။

ရီးယဲလ်မက်ဒရစ်နှင့် စီရော်နယ်ဒိုအကြား ပထမဆုံးသဘောကွဲလွဲမှုမှာ ပြီးခဲ့သည့်ရာသီကုန်က နည်းပြအန်ဆလော့တီအထုတ်မခံရမီ စီရော်နယ်ဒိုက အသင်းကိုလူသိရှင်ကြားပြောဆိုမှုဖြစ်သည်။

အန်ဆလော့တီမှာ နည်းပြကောင်းတစ်ဦးဖြစ်ကြောင်းနှင့် လာမည့်ရာသီတွင်ထပ်မံလက်တွဲလိုကြောင်း စီရော်နယ်ဒိုကတွစ်တာတွင်ရေးသားပြီး နောက်တစ်ရက်တွင် ရီးယဲလ်အသင်းက အန်ဆလော့တီကို ထုတ်ပယ်ခဲ့သည်။

နည်းပြသစ် ဘင်နီတက်ဇ်နှင့် စီရော်နယ်ဒို၏ဆက်ဆံရေးမှာလည်း တိုးတက်လာခြင်းမရှိဘဲ နှောင့်နှေးလျှက်ရှိသည်။ ယင်းအချိန်တွင် ရီးယဲလ် အသင်းက စီရော်နယ်ဒိုကို လွန်ခဲ့သည့်ခြောက်နှစ်က ဝယ်ယူသည့်ဈေးနှုန်း ပေါင်သန်း ၈၀ ရလျှင် ရောင်းချဖွယ်ရှိသည်ဟု ထုတ်ဖော်လာခဲ့ ခြင်းဖြစ်သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly